Skip to content
Font

Install Myanmar Keyboard (Zawgyi & Unicode)

Co Hein

Contributor

1 min read

ဒါကတော့ အခုချိန်ထိ ကျွန်တော်တို့ကို အမေးအများဆုံး ပြဿနာတွေထဲက တစ်ခုလို့ပြောလို့ရတယ်ဗျ။ တစ်ခြားသူတွေရေးထားတဲ့ Tutorial တွေလည်း အများကြီးပါ။ ကိုရဲသူစိုးတို့၊ ကိုနိုင်ရဲမင်းတို့ရေးထားကြပါတယ်။ 
ဟိုးအရင် Ubuntu version တွေတုန်းကတော့ mm-kb.deb နဲ့ အဆင်ပြေခဲ့ကြတယ်။ 
နောက်ပိုင်းမှာ ကိုကိုရဲက zawgyi_xkb ဆိုပြီး ထပ်ထုတ်ပေးခဲ့သေးတယ်။ 

အခု ကျွန်တော်ပြောမယ့် Tutorial ကတော့ အခုနောက်ပိုင်း Update ဖြစ်တဲ့ (ကိုကိုရဲ လောလောဆယ် စိတ်ပါတဲ့အချိန်လုပ်ထားတဲ့ :P) Myanmar font & keyboard installation ပါ။ 

ထုံးစံအတိုင်း ကျွန်တော်တို့ PPA အရင်ဆုံး သွင်းပါမယ်။ 

$ sudo add-apt-repository -y ppa:kokoye2007/ppa $ sudo apt update 

ပြီးသွားရင် ကျွန်တော်တို့ font တွေ keyboard တွေ သွင်းပါမယ်။ 

$ sudo apt install myanmar-fonts-switcher zawgyi-keyboard

Super(Win) key နှိပ်ပြီး Myanmar font switcher လို့ရိုက်ရှာပါ။ 

Style Change ကိုရွေးပြီး ok နှိပ်ပါ။ 

Zawgyi-one ကိုရွေးပြီး ok နှိပ်ပါ။

Ok ဆက်နှိပ်ပါ။ 

Myanmar font Switcher ကို ပြန်ဖွင့်ပါ။ Add shortcut ကိုရွေးပြီး ok နှိပ်ပါ။

ပြီးသွားရင် Shortcut ထည့်ပြီးကြောင်း notification မှာ တက်လာပါမယ်။ 

Shortcut ရဲ့ အဓိပ္ပာယ်က ctrl+alt+u ဆိုရင် Unicode ပြောင်းပါတယ်။ ctrl+alt+z ဆိုရင် Zawgyi ပြောင်းပါတယ်။ r ကတော့ reset လုပ်တာပါ။ 

ပြီးရင် ကျွန်တော်တို့ Zawgyi Keyboard သွင်းပါမယ်။ Super(Win) key နှိပ်ပြီး Zawgyi ဆိုပြီးရှာလိုက်ပါ။ 

Install Keyboard Layout ကို ရွေးပါ။ Ok နှိပ်ပါ။ 

Password ရိုက်ပြီး Ok နှိပ်ပါ။ 

Ok နှိပ်ပါ။ 

Burmese Zawgyi ဆိုပြီး တွေ့ရပါလိမ့်မယ့်။ 

အပေါ်ကလို မတွေ့ရရင်တော့ + Sign ကိုနှိပ်ပါ။ 

Burmese ကိုရွေးပါ။

Burmese Zawgyi ကိုရွေးပြီး Add နှိပ်ပါ။ 

အခုဆိုရင် English ကော Burmese Zawgyi ကောရောက်သွားပါပြီ။ ပိတ်လိုက်ပါ။ 

Ok နှိပ်ပါ။ 

Scroll ဆွဲသွားပြီး Typing ကိုရှာပါ။ 

အဲ့ဒီမှာတွေ့တဲ့ Super+Space ဟာ keyboard layout ပြောင်းတဲ့ shortcut ပါ။ 

ပြီးသွားရင် session logout/login (or) reboot ချပါ။ 

ပြန်တက်လာရင် Super+space နဲ့ layout change ပြီးသုံးကြည့်ပါ။ 

### Myanmar font switcher ရဲ့ shortcut အလုပ်လုပ်ပုံပါ။

ctrl+alt+u ပါ။

ctrl+alt+z ပါ။ 

Meet ya Linux Foolish Guys

We had facing a lot of problem. Internet access, Electronic power, Mental and Physical issues …. all about is because of Military Coup. Sometimes feeling guilty, we are selfish ?…

Ko Ko Ye

1 min read

Ubuntu 21.10 Install Demo

Ubuntu 21.10 Is released. https://releases.ubuntu.com/21.10/ https://youtu.be/pQBL0dDYWxI Estimate: 10 Min Play Speed: x4

Ko Ko Ye

1 min read