Skip to content
Application & Softwares

Packet tracer 7.2.2 installation on Ubuntu (libpng12.so.0 – solved)

Khant Phyo

Contributor

2 min read

ပထမဆုံး https://www.netacad.com/courses/packet-tracer ကနေပြီးတော့ packet tracer course ကို enroll လုပ်ပြီး packet tracer ကိုဒေါင်းလုတ် လုပ်ပါ.. အဲ့ကနေ မ down တက်ရင်လဲ https://mega.nz/#F!Dc0HRLjS!n1PuGKDMZAKI4zhh3hwA0Q ကနေ ဒေါင်းလိုက်လို့ရပါတယ် .. 

PacketTracer-7.2.2-ubuntu-setup.run ကိုဒေါင်းပြီးသွားရင် execute လုပ်လို့ရဖို့ execute permission ပေးပါ ..

chmod +x PacketTracer-7.2.2-ubuntu-setup.run
# or
chmod 777 PacketTracer-7.2.2-ubuntu-setup.run

အဲ့နောက်မှာတော့ terminal ကနေ  ./PacketTracer-7.2.2-ubuntu-setup.run လို့ runလိုက်ရင်  installation box ကျလာပါလိမ့်မယ်.. ပုံမှန် အတိုင်း next, ok ပေးပြီး  install လုပ်သွားယုံပါပဲ ..

အဲ့နောက်မှာတော့ terminal ကနေ packettracerလို့ run လိုက်ရင် run ပေမယ့် packet tracer သည် တက်မလာပဲ သုံးလို့မရ ဖြစ်နေပါလိမ့်မယ်.. အဲ့တော့  /opt/pt/bin အောက် သွားလိုက်ပါ.. ls နဲ့ကြည့်လိုက်ရင် PacketTracer7 ဆိုတဲ့ ကောင်ကို တွေ့ရပါလိမ့်မယ်.. သူ့ကို ./PacketTracer7 ဆိုပြီး run လိုက်ပါက 

./PacketTracer7: error while loading shared libraries: libpng12.so.0: cannot open shared object file: No such file or directory

ဆိုတဲ့ error ကို မြင်ရပါလိ့မ်မယ် .. ဘာလို့ အဲ့ error တက်ရလဲ ဆိုတော့  libpng12 ဆိုတဲ့ ကောင်က ခု ကျွန်တော် လက်ရှိသုံးနေတဲ့ ubuntu version မှာ မပါလာတော့လို့ပါ libpng16 ပဲ ပါလာပါတယ် .. အဲ့တော့  မရှိရင် ရှာပြီး သွင်းကျတာပေါ့ .. ခုဒီ solution က ubuntu မှာမ မဟုတ်ပါဘူး တစ်ခြား distro တွေမှာလဲ အလားတူ error တက်ရင် သုံးလို့ရပါတယ်..

ပထမဆုံး  libpng12 ရှာပြီး ဒေါင်းလုတ် လုပ်ပါ.. 

For 64bit

https://packages.ubuntu.com/xenial/amd64/libpng12-0/download

or

http://security.ubuntu.com/ubuntu/pool/main/libp/libpng/libpng12-0_1.2.54-1ubuntu1.1_amd64.deb

For 32bit

https://packages.ubuntu.com/xenial/i386/libpng12-0/download

Or

http://security.ubuntu.com/ubuntu/pool/main/libp/libpng/libpng12-0_1.2.54-1ubuntu1.1_i386.deb

ဒေါင်းပြီးသွားရင် ဒေါင်းထားတဲ့ နေရာအောက်ကိုသွားပြီး 

sudo dpkg -i libpng12-0_1.2.54-1ubuntu1.1_amd64.deb

နဲ့ install လုပ်ပါ.. Extrect လုပ်နေရင်း နဲ့ အောက်ပါ error တက်လာတာကို မြင်ရပါလိမ့်မယ်..

unable to install new version of '/lib/x86_64-linux-gnu/libpng12.so.0': No such file or directory

အဲ့တော့ /lib/x86_64 အောက်မှာ mkdir နဲ့ libpng12.so.0 ဆိုပြီး directory တစ်ခု ဆောက်လိုက်ပါ..

sudo mkdir /lib/x86_64-linux-gnu/libpng12.so.0

အဲ့နောက် ပြန် run ကြည့်ပေးပါ..

sudo dpkg -i libpng12-0_1.2.54-1ubuntu1.1_amd64.deb

ဟုတ်ပြီ ဒီမှာတော့  error မတက်တော့ဘူး..  /opt/pt/binအောက် PacketTracer7 ကိုပြန် run ကြည့်ကျစို့.. 

Runလိုက်ရင် error နောက်တစ်ခု ပြောင်းပြနေတာကို တွေ့ရပါလိမ့်မယ်.. 

./PacketTracer7: error while loading shared libraries: /lib/x86_64-linux-gnu/libpng12.so.0: cannot read file data: Error 21

/lib/x86_64-linux-gnu အောက်မှာ libpng နဲ့ သက်ဆိုင်တာတွေကို ရှာကြည့်လိုက်ရင် libpng12.so.0 ဆိုတဲ့ directory သည် empty ဖြစ်နေပြီးတော့ ဒို့တွေသွင်းလိုက်တဲ့ libpng12 လေးသည် libpng12.so.0.54.0 ဆိုတဲ့ နာမည်နဲ့ ၀င်နေတာကို တွေ့ရပါလိမ့်မယ်..

ဆိုတော့ကာ.. libpng12.so.0 (directory) ကို ဖျက်မယ်.. libpng12.so.0.54.0 (file) ကို libpng12.so.0 ဆိုပြီး နာမည်ပြောင်းမယ်.. ပြီးရင် ပြန်run ကြည့်ပါ.. 

ခုဆိုရင်တော့  packet tracer သည်  error တက်တော့ပဲ run  နေတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်..

PDF Download link (Plz download with chrome browser)

Have Fun!!!

With Best Regards,
Khant Phyo

FSO Core Team Leader @Ericsson Myanmar

Taggedlibpng12.so.0packet tracerubuntu

Meet ya Linux Foolish Guys

We had facing a lot of problem. Internet access, Electronic power, Mental and Physical issues …. all about is because of Military Coup. Sometimes feeling guilty, we are selfish ?…

Ko Ko Ye

1 min read

Ubuntu 21.10 Install Demo

Ubuntu 21.10 Is released. https://releases.ubuntu.com/21.10/ https://youtu.be/pQBL0dDYWxI Estimate: 10 Min Play Speed: x4

Ko Ko Ye

1 min read