Skip to content
Theme

Communitheme on Ubuntu 18.04

Co Hein

Contributor

1 min read

Communitheme ဆိုတာက နောင်ထွက်မယ့် Ubuntu version တွေမှာ default theme အနေနဲ့ ပါလာနိုင်တဲ့ Theme တစ်ခုပေါ့။ Developer တွေအပြောအရတော့ ဒီ Ubuntu 18.04 BB မှာ default အနေနဲ့ ပါလာနိုင်ဖို့ ကြိုးစားထားပေမယ့် ready မဖြစ်သေးလို့ ပါမလာသေးတာပါတဲ့။ အဲ့ဒီတော့ နောင်ထွက်မယ့် version တွေမှာ Default အနေနဲ့ ပါမလာခင် ကျွန်တော်တို့ အရင်စမ်းသုံးကြည့်ရအောင်။

Install လုပ်နိုင်မယ့် နည်းက ၂ နည်းရှိတယ်။ PPA သုံးပြီး install လုပ်တာရယ်၊ Snap နဲ့ install လုပ်တာရယ်။ 

#Snap

$ sudo snap install communitheme

#PPA

$ sudo apt-add-repository ppa:communitheme/ppa

$ sudo apt update

$ sudo apt install ubuntu-communitheme-session

Developer တွေပြောတာကတော့ PPA က Ubuntu 18.04 BB အတွက်ပဲ ရပါမယ်တဲ့။ ဆိုလိုတာက အရင် 17.10 တို့ 16.04 တို့တွေမှာ PPA နဲ့ သွင်းလို့ရမှာမဟုတ်ပါဘူး။ သွင်းပြီးသွားရင် reboot ချပါ။ ပြန်တက်လာရင် ပုံထဲကအတိုင်းရွေးပါ။

ကျတော့်စက်မှာတော့ snap နဲ့ install လုပ်ထားတော့ Ubuntu Communitheme Snap နဲ့ Ubuntu Communitheme Snap on Wayland ဆိုပြီး ပေါ်ပါတယ်။ Ubuntu Communitheme Snap ကို ရွေးပါတယ်။

Theme change ဖို့အတွက် Tweak Tool မရှိသေးရင် install အရင်လုပ်ပါ။

$ sudo apt install gnome-tweak-tool

Icons မှာ Suru icon theme ရွေးပါ၊ Applications နဲ့ Cursor မှာ Communitheme ရွေးပါ။

ဒါတွေကတော့ Communitheme ရဲ့ ပုံလေးတွေပါ။

Meet ya Linux Foolish Guys

We had facing a lot of problem. Internet access, Electronic power, Mental and Physical issues …. all about is because of Military Coup. Sometimes feeling guilty, we are selfish ?…

Ko Ko Ye

1 min read

Ubuntu 21.10 Install Demo

Ubuntu 21.10 Is released. https://releases.ubuntu.com/21.10/ https://youtu.be/pQBL0dDYWxI Estimate: 10 Min Play Speed: x4

Ko Ko Ye

1 min read