Skip to content
News

ဘာစီလိုနာမြို့မှ Microsoft ကို kicks out လုပ်!!!

Wai Yan Win Htain

Contributor

1 min read

Barcelona kicks out Microsoft !!!!

ဘာစီလိုနာမြို့မှ administration ဌာနများသည် ယခင် Microsoft အသုံးပြုခဲ့ရာမှ ယခုအခါတွင် ရှိပြီးသား  system များကို linux နှင့် open source software ဘက်ကို ပြောင်းလဲအသုံးပြုရန်ပြင်ဆင်နေကြပါတယ်။

ပြီးခဲ့တဲ့တစ်လလောက်က ထုတ်ဝေခဲ့သော  El País ဆိုတဲ့ Spanish newspaper တွင် ဘာစီလိုနာမြို့သည် ၎င်းတို့ computer system များကို
Open Source Platform ဘက်ကို ပြောင်းလဲအသုံးပြုတော့မည်ဖြစ်ကြောင်းဖော်ပြထားခဲ့ပါတယ်။
သတင်းစာအရဆိုရင် ပထမဦးဆုံး သူတို့ရဲ့ user application တွေကို open source applications တွေနဲ့ အစားထိုးဖို့ စီစဉ်ထားပါတယ်။
ဆိုလိုတာကတော့ Microsoft Windows မှာသုံးနေတဲ့ software အချို့ကို Linux Distribution ဘက်က software အချို့နဲ့ အစားထိုးပစ်တော့မှာပါ။

Barcelona will go open source by Spring 2019

လာမဲ့ 2019 မှာ မြို့တော်ရဲ့ software budget ထဲက 70% ကို open source ဘက်ကိုပြောင်းပြီး invest လုပ်တော့မယ်လို့အတိအကျဖော်ပြထားပါတယ်။
ဒီလိုပြောင်းလဲရာမှာ လိုအပ်တဲ့ software/programs များကိုရေးသားဖို့ Developers 65 ယောက်ကိုလည်းခော်ဆိုသွားမယ်လို့သိရပါတယ်။
အသုံးပြုမဲ့ Distro အနေနဲ့ကတော့ လက်ရှိမြို့တော်လေယာဉ်ကွင်းတွေမှာ အသုံးပြုဆဲဖြစ်နေတဲ့ Ubuntu ကိုပဲရွေးချယ်သွားမှာပာ။
သတင်းစာထဲက ဖော်ပြချက်တွေအရတော့ Outlook mail client နဲ့ Exchange Server တွေအစား Open-Exchange၊
Internet Explorer နဲ့ Microsoft Office အစား Mozilla နဲ့ LibreOffice တို့ကို ပြောင်းလဲအသုံးပြုသွားမယ်လို့အတိအကျပြောထားတာကိုတွေ့ရပါတယ်။
ဒီလိုလုပ်ဆောင်မှုတွေကြောင့် ဘာစီလိုနာမြို့ဟာ European campaign တစ်ခုဖြစ်တဲ့  “Public Money, Public Code” ရဲ့
ပထမဆုံး အဖွဲ့ဝင်မြို့တော် တစ်ခုဖြစ်လာပါတယ်။
Public money, Public Code ကိုတော့ Official website ဖြစ်တဲ့ https://publiccode.eu/ မှာဝင်လေ့လာလို့ရပါတယ်။

TaggedLinuxOSSubuntu

Meet ya Linux Foolish Guys

We had facing a lot of problem. Internet access, Electronic power, Mental and Physical issues …. all about is because of Military Coup. Sometimes feeling guilty, we are selfish ?…

Ko Ko Ye

1 min read

Ubuntu 21.10 Install Demo

Ubuntu 21.10 Is released. https://releases.ubuntu.com/21.10/ https://youtu.be/pQBL0dDYWxI Estimate: 10 Min Play Speed: x4

Ko Ko Ye

1 min read