Skip to content
LoCo News

Ubuntu Member and Ubuntu-MM Core Member

Ko Ko Ye

Founder

4 min read

Ubuntu Member ဆိုတာဘာလဲ

Ubuntu-MM Core Member ဆိုတာဘာလဲ

help-and-information

Ubuntu Myanmar LoCo Team ရဲ့ Event တွေတိုင်းမှာ  Core Member တွေပါဆိုပြီး ကျွန်တော်တို့ မိတ်ဆက်ပေးတိုင်း အထင်ကြီးတဲ့လူ အားကျတဲ့သူ ရှိသလို စိုးသူပွဲသွားရင်တောင် အဖွဲ့လိုက် Ubuntu T-Shirt တွေနဲ့မို့အမြင်ကပ်တဲ့သူ တွေလဲ ရှိလာပါတယ်။ Core Member တွေ ဘက်ကလဲ မေးခွန်းဖြေရတာတွေ အထင်အမြင်တွေကို ဖြေရှင်းပေးရတာတွေ ရှိလာပါတယ်။

ပထမဆုံး Ubuntu Member ဆိုတဲ့အကြောင်းလေး ရှင်းပြပေးပါမယ်။
Ubuntu Member ဆိုတာ Ubuntu ဆိုတဲ့ ကမ္ဘာတလွှား နာမည်ကျော်ကြားလှတဲ့ အခမဲ့ရယူနိုင် အသုံးပြုနိုင်တဲ့ Free and Open Source OS ကိုအသစ် အသစ်တွေ ဖန်တီးရာ ပေါင်းထည့် ပြုပြင်မှုတွေမှာ ကူညီပေးသူတွေပါ။ အဓိကအားဖြင့် Software တွေ ဘာသာပြန်တွေ စမ်းသပ်အသုံးပြုပြီး မှတ်ချက်ပေးမှုတွေ အထောက်အပံ့ပေးဖို့ လူတွေသိလာအောင် ကြော်ငြာဖို့ အကြံပြုဖို့ ဒီဇိုင်းတွေ ဓါတ်ပုံတွေ အခြားလိုအပ်တဲ့အနုပညာ အတတ်ပညာပိုင်းဆိုင်ရာတွေနဲ့ ကူညီပေးနေကြတာပါ။

အခုလောလောဆယ်မှာ Ubuntu Member ပေါင်း 700 ကျော်ဟာ နိုင်ငံပေါင်း ၁၀၀ ကျော်ကနေ ပါဝင်ကူညီနေကြတာပါ။

ubuntu members map

နည်းမျိုးစုံနဲ့ ကူညီနေကြတဲ့ အကုန်လုံးက Ubuntu ရဲ့ Contributor တွေပါ။ ကူညီပေးနေတဲ့ နည်းလမ်းတွေကတော့ အပေါ်မှာ ပြောခဲ့သလိုပဲ မတူညီပါဘူး။ ကူညီနိုင်မယ့် နည်းလမ်းတွေကို ထည့်သွင်းပေးလိုက်ပါတယ်။ https://wiki.ubuntu.com/ContributeToUbuntu

Developer Member နဲ့ MOTU ဆိုတဲ့ Developer တွေအတွက် သင်ကြားရေး Member တွေ သပ်သပ်ရှိနေပါသေးတယ်။

ပထမဆုံး သတိထားရမှာက Ubuntu Member ဖြစ်တာဟာ ရာသက်ပန်မဟုတ်ဘူးဆိုတာပါပဲ။ ဆက်တိုက် အကူအညီအထောက်အပံ့ပေးသူတွေကိုသာ ထပ်မံပြီး အသိအမှတ်ပြုမှာဖြစ်ပါတယ်။ တခါ အသိအမှတ်ပြုထားရင် ၃ နှစ်သက်တမ်းတော့ ရှိပါတယ်။

https://wiki.ubuntu.com/Membership

ကဲ Ubuntu Member ဖြစ်ရင် ဘာတွေအကျိုးအမြတ်ရသလဲ ဆိုသူတွေအတွက် ပြောကြည့်ရအောင်

OSS / FSF ကို အထောက်အပံ့ပေးတဲ့သူတွေကို ရှာမယ့်သူရှိရင် အဲတာတွေနဲ့ ပါတ်သက်ဆက်နွယ်လာရင် ခင်ဗျားကို လာရှာကြပါလိမ့်မယ်။ အဲလိုပဲ Linux တွေ OSS တွေ နဲ့ အလုပ်လုပ်တော့မယ်ဆိုရင် ကိုယ်ရေးရာဇဝင်မှာ ခင်ဗျားရဲ့ Ubuntu Wiki ကို ထည့်ပြီး အသုံးပြုကြည့်ပါ အံ့သြစရာတွေကို အလုပ်အင်တာဗျုးမယ့်သူက ခံစားပါစေ ;) ဒါဟာ အလုပ်အကိုင်ကောင်းတစ်ခုကို လှလှ ပပ ဝင်ရောက်ဖို့ အကောင်းဆုံး အထောက်အပံ့ ဖြစ်သွားနိုင်ပါတယ်။

ကမ္ဘာကြီးအတွက် အသုံးတည့်လှတဲ့ Ubuntu မှာ မရှိမဖြစ် Member တယောက်အနေနဲ့ ဂုဏ်ယူပါ ဝံ့ကြွားပါ ပေးဆပ်ပါ။ ဒါမှမဟုတ် Ubuntu ဆိုတဲ့ အသစ်အဆန်းတွေ ဖန်တီးပေးနေတဲ့ (ဥပမာ Juju, Unity, Snappy, Ubuntu Touch, Most Popular OS) Community ကြီးထဲက  တကမ္ဘာလုံးမှာမှ အယောက် ၇၀၀ လောက်ပဲ ရှိတဲ့ အထူး အသိအမှတ်ပြု အသင်းသားထဲက တယောက်အဖြစ် လေတိုက်ပါ။ :P စကားမစပ် ubuntu.com နဲ့ wiki.ubuntu.com တွေကနေ မြန်မာပြည်က ubuntu-mm ရဲ့ ဓါတ်ပုံတွေ ယူသုံးထားတာ ဘယ်နှစ်ပုံရှိလဲ သိတဲ့လူရှိရင် ပုံနဲ့တကွ လင့်ခ်နဲ့ တကွ ပြနိုင်ရင် Ubuntu အင်္ကျီတစ်ထည် ပို့ပေးမယ်နော်။

ways to collaborate

အကျိုးခံစားခွင့်တချို့တော့ တကယ်ရှိပါသေးတယ်။

  1. Community Council မှာ ဆရာလိုလို သဘာလိုလို လူကြီး တက်လုပ်ဖို့ နာမည် စာရင်းသွင်းနိုင်ပါတယ်။
  2. @ubuntu.com ဆိုတဲ့ Email တစ်ခု ရယူနိုင်ပါတယ်။
  3. Freenode မှာ IRC ဝင်ချက်မယ်ဆိုရင် Ubuntu Member မှန်းသိသာစေမယ့် cloak လေးရပါမယ်။
  4. ကိုယ့် Visiting Card မှာ Ubuntu Member ဆိုပြီး ထင်ထင်ရှားရှားထည့်ပေါ့။ သူတို့ နမူနာ ဒီဇိုင်းတွေ ပေးထားတယ်။
  5. planet.ubuntu.com ဆိုက်မှာ ကိုယ့် Website / blog က စာတွေကို အလိုအလျှောက် ဖော်ပြနိုင်လိမ့်မယ်။ (တော်သေး FB မပါလို့)
  6. Ubuntu Forum တွေမှာ စကားပြောပြီဆိုရင်လည်း Ubuntu Member ဆိုတာလေး အောက်က ပါနေလိမ့်မယ်ဗျ။
  7. people.ubuntu.com ကိုလည်း FTP ပေးသုံးမှာဆိုတော့ တချို့ ဖိုင်တွေ အဲမှာ သွားတင်ပေါ့လေ။ ( ဒါက နမူနာ http://people.ubuntu.com/~kokoye2007 )
  8. sabdfl ဆိုတဲ့ တယောက်ကလည်း လက်မှတ်ထိုးထားတဲ့ Certificate ပို့ပေးမယ်တဲ့ဗျ။ ဘယ်သူလဲ သိချင်ရင် လင့်လေး နှိပ်ပြီး သွားသာကြည့်ပေါ့ဗျာ။ways to collaborate
  9. sixXS.net အသုံးပြုချင်ရင် point 50 ရမယ်။
  10. gandi.net မှာ Cloud အသုံးပြုရင် 50% Discount ရမယ်တဲ့ဗျာ။

Member ဖြစ်ဖို့ ဘာလုပ်ရမလဲဆိုတော့ အပေါ်က ပြောသလို ကူညီထားရမယ်ဗျာ။ Launchpad မှာ Account / Page ရှိရမယ်ဗျာ။ အဲဒီမှာ CoC လို့ခေါ်တဲ့ Code of Conduct ထိုးရမယ်ဗျာ။ အဲတာထိုးဖို့ PGP/GPG Key ရှိရမယ်ဗျာ။ ကိုယ်ကူညီတာတွေကို မှတ်သားထားတဲ့ ကိုယ်ပိုင် Wiki စာမျက်နှာရှိရမယ်ဗျာ။ အဲ Wiki မှာလည်း သက်ဆိုင်ရာ လူတွေ အဖွဲ့တွေက ထောက်ခံထားရမယ်ဗျာ။ အဲတာတွေ ပြည့်စုံပြီဆိုရင် ပထမပတ်နဲ့ တတိယပတ်တွေမှာ ကျင်းပတဲ့ Membership Board မှာ ကိုယ်အဆင်ပြေတဲ့အချိန်မှာ 12/20/22 ကြိုက်နှစ်သက်ရာ တင်လိုက်ရုံပဲ။ သက်ဆိုင်ရာ Council က တာဝန်ယူထားတဲ့သူတွေက Wiki ကိုကြည့်ပြီး စစ်ဆေးလိမ့်မယ်။ အဲအချိန်မှာ တခါတည်း +1 0 -1 တွေလုပ်ပြီး အမှတ်ပေးပြီး ဆုံးဖြတ်ကြပါလိမ့်မယ်။ လွယ်သလား ခက်သလား ရာမပေါ့လေ။

ပြောချင်တာက အရင်ကူညီထားတဲ့လူတွေကို လက်ခံပေးတာပါပဲ။ နောက်ထပ် ထောက်ပံ့မှု ပေးမပေး ၃ နှစ် စောင့်ကြည့်ပြီး ထပ်မံ ဆုံးဖြတ်ကြပါတယ်။ ငါ့ကို Member ပေး အဲတာဆို ငါကူညီပေးမယ်ဆိုတာမျိုး မဟုတ်ကြပါဘူးလို့။

Ubuntu-MM Core Member တွေဟာလည်း အကုန်လုံး

  1. Launchpad ရှိကြပါတယ်။
  2. COC ထိုးထားကြပါတယ်။ (White Hacker အဖြစ် ခံဝန်ကတိပြုရတာပါ။)
  3. Wiki ရှိကြပါတယ်။
  4. အကုန် အချိန်ကုန် ငွေကုန် အပင်ပန်းခံကူညီထားခဲ့ကြလို့ လက်ခံထားကြတာဖြစ်ပါတယ်။
  5. တော်တာ တတ်တာ ကျွမ်းတာတွေနဲ့ မဆိုင်ပါ။ Community ကို ကူညီတာနဲ့ပဲ ဆိုင်ပါတယ်။
  6. တကယ် အလုပ်လုပ်တဲ့သူတွေဖြစ်ပါတယ်လို့ လက်ရှိ Core Member တွေရဲ့ ထောက်ခံချက် ၁၀၀% ပြည့်ရရှိထားကြပါတယ်။
  7. Ubuntu-MM Fb/Group/Flickr/Website/Launchpad/l10n တို့ရဲ့ Admin တွေလည်း ဖြစ်ကြပါတယ်။

ပြောပြတာပါ။ ဒါဆိုရင် Core Member နဲ့ Ubuntu Member ကွဲပြားသွားပြီထင်ပါတယ်။ ဘယ်လိုမျိုး ကူညီပြီး Ubuntu Member ဖြစ်မလဲ ဘယ်လို ကူညီပြီး Ubuntu-MM ကိုထောက်ပံ့မလဲ Ubuntu-MM Core Member အဖြစ် ဝင်ရောက်ကူညီမလဲ သိပြီထင်ပါတယ်။ အခက်အခဲ တစ်စုံတစ်ရာရှိရင် info@ubuntu-mm.net ကို ဆက်သွယ်နိုင်ပါတယ်။

https://wiki.ubuntu.com/kokoye2007

https://wiki.ubuntu.com/ChitKoKoWin

https://wiki.ubuntu.com/thohi

https://wiki.ubuntu.com/htutmyat

https://wiki.ubuntu.com/SaiMawnKham

https://wiki.ubuntu.com/NaingYeMinn

https://wiki.ubuntu.com/SawKhaing

https://wiki.ubuntu.com/cohein

https://launchpad.net/~ubuntumembers

https://launchpad.net/~ubuntumembers

https://launchpad.net/~ubuntu-l10n-my

https://launchpad.net/~ubuntu-l10n-my

Taggedcore-memberfossFSFmemberOSSubuntuubuntu-mmubuntumm

Meet ya Linux Foolish Guys

We had facing a lot of problem. Internet access, Electronic power, Mental and Physical issues …. all about is because of Military Coup. Sometimes feeling guilty, we are selfish ?…

Ko Ko Ye

1 min read

Ubuntu 21.10 Install Demo

Ubuntu 21.10 Is released. https://releases.ubuntu.com/21.10/ https://youtu.be/pQBL0dDYWxI Estimate: 10 Min Play Speed: x4

Ko Ko Ye

1 min read