Skip to content
My Story

နှစ်သစ်ကူးဆုတောင်း

Chit Ko Ko

Contributor

1 min read

ကျွန်တော်တို့ ညီ ၊အစ်ကို ၊အစ်မ များ နှစ်သစ်မှာ ကျန်းမာချမ်းသာ ကြ စေ ဖို့ မင်္ဂလာရှိ စွာဖြင့် နှုတ်ခွန်း ဆက် လိုက်ပါသည်။ ကျွန်တော် တို့ ဟာ ညီအစ်ကိုမောင်နှမများ မဟုတ်ပင် မယ့် မွေးချင်းများပမာ တစ်ယောက်ကိုတစ်ယောက် ကူညီ ယင်း လူတွေ သိပ်ကြောက် ကြတဲ့ ၂၀၁၂ ကို အ တွေးအ ခေါ်တွေ ၊ နည်းပညာတွေ ၊ အကြံဉာဏ် ကောင်းတွေကို ေ၀ မျှယင်း ကျော်ဖြတ်ခဲ့ ကြပါပြီ၊ ၂၀၁၂ မှာ ကျွန်တော်တို့တွေ ဟာ ခရီးတွေအတူသွား ၊ မုန့်တွေအတူစား ၊ ကော်ဖီအတူသောက် ၊ အတင်းတွေပြော (လဘနွန်) ၊ ကြယင်း ညီအစ်ကိုတွေထက်ချစ်ခင်လေးစားစွာဖြင့် နောက်ပြောင် ပြောဆိုခဲ့ ကြပါတယ်။ အစ်ကို တစ်ယောက်နေရာက နေ အမြဲ ဆိုလိုတာ ကိုပြောတတ်ပြီး ကျွန်တော်ဒုက္ခ ရောက် ရင် ကူညီတတ် တဲ့ ကို သိုဟိုင်း ၊ ဘာမေးမေး မငြီးမငြူ နည်းပညာ များ ရှင်းပြ ပြီး ဆံပင် စုတ်ဖွားနှင့် ကဲကဲယို ၊ ရုပ်ချောချော နဲ့ စော်ကြည်ဘဲ ကို အန်သီ ၊အန်ဒရိုက် နှင့် အလုပ် ရှုပ်နေတဲ့ ကို အင် တန်ဆာ ၊ ထမင်းမှန်မှန်မစားတဲ့ ဘုန်းဘုန်း ၊ မိန်းက လေးငေးကြည့်ရတဲ့ ကိုစီးရီးယပ်စ် ဘလိပ် ၊ စမတ်ကြပြီး သဘောကောင်း တဲ့ ကို ရဲ ကြီး ၊ နောက် ထားဝယ်သားလေး ၊ ကျွန်တော်တို့နဲ့အတူ လဘနွန်ည ကို ဖြတ်သန်း ခဲ့ တဲ့ မိတ်ဆွေရောင်းရင်းများ အားလုံး ဒီနှစ်မှာလဲ ကျန်းမာချမ်းသာ စွာဖြင့် ၂၀၁၃ မှာအောင်မြင် မှုတွေရရှိကြပါစေ၊။

181119_462717163777821_29631015_n

Taggedနှစ်သစ်ကူးဆုတောင်း

Ubuntu Myanmar LoCo Team

Ubuntu Myanmar LoCo Team Ubuntu Myanmar LoCo Team Ubuntu Myanmar LoCo Team is an officially verified team by the Ubuntu Council established with the objective of providing support…

Chit Ko Ko

2 min read

whatisUbuntu

What is Ubuntu ? Ubuntu သည် ကမ္ဘာပေါ်တွင် အမြန်ဆုံးကြီးထွားလာသော Linux based Operating System တစ်ခုဖြစ်ပါသည်။ Ubuntu ကိုလူသန်းပေါင်းများစွာတို့မှ သုံးစွဲနေကြပါသည်။နိုင်ငံတကာမှ…

Chit Ko Ko

3 min read