Skip to content
cloud

whatisUbuntu

Chit Ko Ko

Contributor

3 min read

Screenshot from 2013-10-24 21:04:31

What is Ubuntu ?

Ubuntu သည် ကမ္ဘာပေါ်တွင် အမြန်ဆုံးကြီးထွားလာသော Linux-based Operating System တစ်ခုဖြစ်ပါသည်။ Ubuntu ကိုလူသန်းပေါင်းများစွာတို့မှ သုံးစွဲနေကြပါသည်။နိုင်ငံတကာမှ အသုံးပြုနေကြသော developer community လည်းရှိနေပါသည်။

အဘယ့်ကြောင့် Ubuntu ကိုရွေးချယ်ရတာလဲ။

ကျွန်တော်တို့ Ubuntu ကိုဘာကြောင့် ရွေးချယ်ရတာလဲဆိုတော့ ….. Ubuntu ကို အမြဲတမ်းအပြည့်အဝ အခမဲ့ ရရှိပါမည်။

Ubuntu ကိုသင်သည်အလွန်လျင်မြန်စွာ အသုံးပြုနိုင်ပါသည်။ Ubuntu တွင်ပါဝင်သော လုံခြုံရေးစနစ်သည် အလွန်စိတ်ချ ရပါသည်။

Ubuntu သည် Open Source ဖြစ်ပါသည်။ Ubuntu ကို Desktop များ ၊ Server များ ၊ Cloud Services မျ ားတွင်အသုံးပြုနိုင်ပါသည်။

example:Virtual Private Server VPS

Ubuntu ကို Canonical မှ အထောက်အပံ့ပေးနေပါသည်။ အထောက်အပံ့ပေးနေသူများ၏ အကျွမ်းကျင်ဆုံးဝန်ဆောင်မှုများပါဝင်ပါသည်။

အထူးကျွမ်းကျင်သူများသုံးသည့် Tools များပါဝင်ပါသည်။ အတိုင်ပင်ခံပုဂ္ဂိုလ်များ၏ ဝန်ဆောင်မှု များပါဝင်ပါသည်။

ဒါဆိုသင်လဲသုံးကြည့်ပါလား။

DVD တချပ်လောက်ယူပြီး အခမဲ့ လွတ်လပ်ခြင်းရဲ့ အရသာကို မြည်းကြည့်လိုက်ပါ။ Ubuntu တွင် အရာအားလုံးသည် ရိုးရှင်းပါသည်။

Ubuntu သည် အခြားပစ္စည်းများနှင့်လည်း တွဲဖက်သုံးနိုင်ပါသည်။ Ubuntu တွင် email အသုံးပြု ခြင်း၊ Internet အသုံးပြုု ခြင်းတို့ အတွက် Browser ပါဝင်ခြင်းနှင့် Bluetooth ကြိုးမဲ့ချိတ်ဆက် ခြင်း တို့ကို အသုံးပြုနိုင် ပါသည်။ Ubuntu တွင် လွယ်ကူ မြန်ဆန်စွာ အသုံးပြု နိုင် ပါသည်။Ubuntu တွင် အလွန်လျင်မြန်ပြီး လုံခြုံ စိတ်ချရသော Browser ကိုအသုံး ပြုနိုင်ပါသည်။ Ubuntu တွင်professional ဆန်သော စာ ရွက်စာတမ်း များကိုဖန်တီးနိုင်ပါသည်။ Ubuntu ရှိဖိုင်များကို PC နှင့် Macတို့တွင်ပြောင်းလဲသုံးနိုင်ပါသည်။ သင်၏ devices များအားလုံးနှင့် ချိတ်ဆက် သုံးနိုင်ပါသည်။

Virus free ဆိုသည့်အတိုင်း Virus များသင့်ကို အနှောက်အယှက် မပေးနိုင်တာ ဂုဏ်ယူစရာပါ။

ကြိမ်ဖန်များစွာပေးသော updates များကို အခမဲ့ လွတ်လပ်စွာဖြင့်ရယူနိုင်သဖြင့် သင်၏စက်ကို အမြဲတမ်း up to date ဖြစ်နေစေပါသည်။ ဓါတ်ပုံများကို အလွယ်တကူစီမံခန့်ခွဲနိုင်ခြင်း၊ ပြု ပြင်နိုင်ခြင်း ၊ပြန်လည်ဝေမျှ နိုင်ခြင်းတို့ကိုလွယ်ကူစွာပြုလုပ်နိုင်သည်။

Ubuntu Myanmar LoCo Team သည် Ubuntu Operating System အား မြန်မာနိုင်ငံ အနှံအပြားမှ Computer အသုံးပြုနေသူများ အလွယ်တကူ သုံးစွဲနိုင်ရန်အတွက် အကူအညီပေးနေသည့် အဖွဲ့အစည်းဖြစ်ပြီး Ubuntu Council မှ တရားဝင်အသိအမှတ်ပြု LoCo Team တစ်ခုဖြစ်ပါသည်။

Team တစ်ခုသည် (၃) နှစ်လျှင်တစ်ကြိမ် ပြန်လည် Re-Approve ပြုလုပ်ရန်လိုအပ်မည်ဖြစ်ပြီးTeam တခု၏ ရည်ရွယ်ချက်၊ ဦးတည်ချက်များကို အစဉ်တစိုက်လုပ်ဆောင်နိုင် (ဝါ) ဖော်ပြနိုင်မှသာ Active ဖြစ်ပြီး Ubuntu Council မှ တရားဝင် LoCo Team အဖြစ်အသိအမှတ်ပြုမည်ဖြစ်ပါသည်။ ၂၀.၁၁.၂၀၁၃ ရက်နေ့တွင် Re-Approve ကို ပြန်လည်လျှောက်ထားရာ Ubuntu loco Council မှ ကန့်ကွက်မဲမရှိ၊ ၁၀၀ % ထောက်ခံပြီး တရားဝင်ဆက်လက်အသိအမှတ်ပြု ခဲ့ပြီး ဖြစ်ပါသည်။

Asia မှ loco team ပေါင်း ၄၂ သင်းတွင် ၈သင်းသာ Approved ဖြစ်၍ Ubuntu Myanmar LoCo Team သည် Active အဖြစ်ဆုံးဖြစ်ပါသည်။ ကျွနု်ပ်တို့နဲ့အတူပူးပေါင်းလိုပါသလား။

Ubuntu OS ကို မြန်မာလိုဘာသာဖြင့် သင်အသုံးပြုလိုပါသလား ။

Ubuntu OS ကို မြန်မာဘာသာဖြင့် သုံးစွဲနိုင်ပါသည်။ ၁၀၀ % အပြည့်အ၀ မပြီးစီးသောလည်း သင်တို့မှပါဝင် ပူးပေါင်းဆောင်ရွက်ပါက ပြီးစီးနိုင်ပါသည် ။ ပါဝင်ကူညီလိုပါက သင့်တွင် launchpad account တစ်ခုရှိ ရန် လိုအပ်ပြီး https://launchpad.net/~ubuntu-l10n-my တွင် အကြံဉာဏ်ပေးခြင်း ၊ အတည်ပြုခြင်းတို့ကိုဆောင်ရွက်နိုင်ပါသည် ။

ubuntu myanmar tux logo

https://launchpad.net/~ubuntu-mm

http://ubuntu-mm.net

http://ask.ubuntu-mm.net

http://social.ubuntu-mm.net

http://facebook.com/ubuntumm

https://loco.ubuntu.com/teams/ubuntu-mm

http://wiki.ubuntu.com/MyanmarTeam

https://launchpad.net/~ubuntu-l10n-my

 Email – info @ubuntu-mm.net

Phone – 09 450 022 022

TaggedcommunityeventsUbuntuUbuntu Myanmar Lo Co Teamubuntu-mmUbuntu-MM eventsUbuntuMM

Meet ya Linux Foolish Guys

We had facing a lot of problem. Internet access, Electronic power, Mental and Physical issues …. all about is because of Military Coup. Sometimes feeling guilty, we are selfish ?…

Ko Ko Ye

1 min read

Ubuntu 21.10 Install Demo

Ubuntu 21.10 Is released. https://releases.ubuntu.com/21.10/ https://youtu.be/pQBL0dDYWxI Estimate: 10 Min Play Speed: x4

Ko Ko Ye

1 min read