Skip to content
Application & Softwares

Ubuntu သွက်လက် မြန်ဆန်စေမည့် နည်းလမ်းများ

Ko Ko Ye

Founder

2 min read

ask.ubuntu-mm.net မှ မေးခွန်းကို ဖြေကြားထားခြင်းဖြစ်ပါသည်။

  • Swap ကို ပြင်ဆင်ပါ။

    sudo gedit /etc/sysctl.conf
    

    ဖိုင်ထဲတွင် vm.swappiness ကို ရှာကာ 10 ဟု ပြောင်းပါ။

    vm.swappiness=10
    
  • မလိုအပ်သည့် software source များကို software source မှသော်၎င်း /etc/apt/sources.list နှင့် /etc/apt/sources.list.d/ အောက်မှ ပယ်ဖျက်ပါ။

    sudo gedit /etc/apt/sources.list
    
  • /var/cache/apt/archives အောက်ရှိ မလိုအပ်တော့သည့် cache များကို ဖျက်ပစ်ပါ။

    sudo apt-get autoremove
    sudo apt-get autoclean
    
  • စက်တက်ချိန်အတွက် Boot Menu ကြာချိန်ကို လျှော့ချပါ။

    • BUM ဖြင့် သို့မဟုတ် ကိုယ်တိုင် ပြင်ဆင်ပြီး Timeout အချိန်ကို ပြောင်းလဲပါ။

      sudo apt-get install bum
      
    • အကယ်၍ Boot Up Manager မထည့်သွင်းပဲ grub မှ timeout အချိန်ပြောင်းမည်ဆိုပါက။ (Only For Advance User)

      sudo gedit /etc/default/grub
      

      GRUB_TIMEOUT=10 ကို ရှာပြီး စိတ်ကြိုက်စက္ကန့် 0 သို့မဟုတ် 2 ဟုပြောင်းပါ။

      sudo update-grub2
      
  • မလိုအပ်သော TTY / Console များကို ဖြုတ်ပစ်ပါ။ (Only For Advance User)

    • ပုံမှန်အားဖြင့် tty1 ကနေ tty6 အထိ ရှိတတ်ပါတယ်။ ဒါကို လျှော့ချနိုင်ပါတယ်။

      sudo gedit /etc/default/console-setup
      

      ဥပမာ

      ACTIVE_CONSOLES="/dev/tty[1-3]"
      

      1 မှ 3 အထိ အသုံးပြုမည်ဟု သတ်မှတ်ခြင်းဖြစ်ပါသည်။

    • မသုံးသော 4 မှ 6 အထိသော console များအတွက် /etc/init/ အောက်ရှိ tty4.conf tty5.conf tty6.conf များတွင် ပြင်ဆင်ပေးရန်လိုပါမည်။ start on runlevel မှအစပြုသည့်လိုင်းမှစပြီး အောက်သုံးကြောင်း ရှေ့တွင် # များဖြည့်စွက်ပေးပါ။

      cd /etc/init/ ; sudo gedit tty{4..6}.conf
      
      #start on runlevel [23] and (
      # not-container or
      # container CONTAINER=lxc or
      # container CONTAINER=lxc-libvirt)
      
  • Preload ကို ထည့်သွင်းပါ။

    sudo apt-get install preload
    sudo service preload start
    
  • hibernate နှင့် sleep ကိုအသုံးမပြုပါက RESUME ကိုပိတ်ထားပါ။

    sudo gedit /etc/initramfs-tools/conf.d/resume
    

    မြင်တွေ့ရသော RESUME စာကြောင်းရှေ့တွင် # ဖြင့် ပိတ်ပြီး သိမ်းပါ။

    RESUME=XXXX…… ကို #RESUME=XXXX……… ဟု ပြင်ပါ။

  • Startup Application များကို မလိုအပ်ပါက ဖြုတ်ပစ်ပါ။ သို့မဟုတ် စောင့်ဆိုင်းချိန်ထပ်ပေါင်းထည့်ပါ။

    • Startup app များ Hidden ဖြစ်နေသဖြင့်Application List တွင်  မမြင်ရပဲဖြစ်နေတတ်ပါသည်။ ဖော်ပြနိုင်ရန်အတွက်
      https://help.ubuntu.com/community/ShowHiddenStartupApplications မှ နည်းလမ်းအတိုင်း

      sudo sed -i "s/NoDisplay=true/NoDisplay=false/g" /etc/xdg/autostart/*.desktop
      
    • GUI မှ ဖြုတ်ပစ်ရန် အတွက်

      Menu – Setting – Settings Manager – Sessions and Startup

    • CLI မှ ဖြုတ်ပစ်ရန် အတွက်
      ls ဖြင့် ကြည့်လျှင် ပေါ်လာသော list ကို မှတ်သားထားပါ။
      မလိုအပ်သော ဆော့ဝဲများ ကို startup-application.desktop နေရာတွင် အစားထိုး၍ rm ဖြင့် ဖျက်ပစ်ပါ။

      cd ~/.config/autostart/
      ls
      rm "startup-application.desktop"
      
      cd /etc/xdg/autostart/
      ls
      sudo rm "startup-application.desktop"
      
    • စောင့်ဆိုင်းချိန်ပေးပြီးမှ Start ကို Run ခိုင်းရင်လဲ Login ချိန်မှာ လေးနေတာ သက်သာစေပါတယ်။
      Startup Application ကနေ ဖွင့်ကြည့်မယ်ဆိုရင် software ကို ခေါ်ထားတဲ့ command ဆိုတဲ့ box ရှိပါတယ်။
      အဲဒီ command ရဲ့ ရှေ့မှာ စောင့်ဆိုင်းချိန်ကို sleep “time”; ထည့်ပေးရပါမယ်။ Dropbox ကို နမူနာ ရေးပြထားပါတယ်။

      dropbox start -i
      

      changes to

      sleep 20; dropbox start -i
      
  • ပေါ့ပါးသည့် Lighter Desktop Environment ကို သုံးပါ။
    LXDE, XFCE, Xmonad

    • ပထမဦးစွာ Ubuntu မူလ Unity ကို ဖျက်ရန် (Only For Advance User)

      sudo apt-get autoremove --purge unity unity-common unity-services unity-lens-* unity-scope-* unity-webapps-* gnome-control-center-unity hud libunity-core-6* libunity-misc4 libunity-webapps* appmenu-gtk appmenu-gtk3 appmenu-qt* overlay-scrollbar* activity-log-manager-control-center firefox-globalmenu thunderbird-globalmenu libufe-xidgetter0 xul-ext-unity xul-ext-webaccounts webaccounts-extension-common xul-ext-websites-integration gnome-control-center gnome-session
      
      sudo rm /usr/lib/thunderbird-addons/extensions/messagingmenu@mozilla.com.xpi
      
    • lubuntu desktop ကို ထည့်သွင်းရန်

      sudo apt-get install lubuntu-desktop
      
    • xubuntu desktop ကိုထည့်သွင်းရန်

      sudo apt-get install xubuntu-desktop
      
  • ပေါ့ပါးသည့် Lighter Applications များကို သုံးပါ။
    နမူနာ https://linuxfanatic.wordpress.com/2010/03/22/make-your-linux-box-blazing-fast/

YouTube Poster

TaggedbootfastLinuxLoCoopensourceteamubuntu

Meet ya Linux Foolish Guys

We had facing a lot of problem. Internet access, Electronic power, Mental and Physical issues …. all about is because of Military Coup. Sometimes feeling guilty, we are selfish ?…

Ko Ko Ye

1 min read

Ubuntu 21.10 Install Demo

Ubuntu 21.10 Is released. https://releases.ubuntu.com/21.10/ https://youtu.be/pQBL0dDYWxI Estimate: 10 Min Play Speed: x4

Ko Ko Ye

1 min read