SuperPaper 2.0
Ko Ko Ye
Founder
2 min read

Windows နဲ့ Linux အတွက် အဆင့်မြင့် Multi-Monitor Wallpaper App တစ်ခုဖြစ်တဲ့ Superpaper 2.0

ပြီးခဲ့တဲ့နှစ်က Linux နဲ့ Windows အတွက် အဆင့်မြင့်တဲ့ multi-monitor wallpaper tool တစ်ခုဖြစ်တဲ့ Superpaper အကြောင်းကို သုံးရတာတော်တော်လေးအဆင်ပြေတဲ့အတွက် ဒီ app စစထွက်ချင်းမှာပဲ ကျွန်တော်ရေးခဲ့သေးတယ်ဗျ။
အခုဆိုရင်တော့ ပိုပြီးတိုးတက်နေပြီဆိုပါတော့ဗျာ။ Superpaper က မကြာသေးခင်ကပဲ အကြီးစား update လုပ်လို့ရနေပြီဗျ။ ကျွန်တော် နောက်နေတာမဟုတ်ဘူးနော် တကယ်ကိုပဲ version 2.0 က ပထမ version ထက် ပိုပြီးတော့ multi-monitor background set-ups တွေကိုပါ စီမံခန့်ခွဲလို့ ရနေပါပြီ။
အသစ်ပြန်ပြုပြင်ထားတဲ့ UI အပြင် ဒီ tool ရဲ့နောက်ဆုံးဗားရှင်းက ပိုတိုးတက်လာပြီး pixel သိပ်သည်းဆကို ပြင်ဆင်ဖို့နဲ့ ရှုထောင့်/ အမြင် ပိုင်းဆိုင်ရာတွေကို ပြင်ဆင်တာတွေအပြင် သေးငယ်ပြီးအနုစိပ်တဲ့ အပိုင်းတွေကိုပါ ပိုကောင်းလာအောင် တိုးမြှင့်ပေးထားပါတယ်။

Apps တွေ အများကြီးထဲကမှ Hydrapaper လို apps တွေက multi-monitor အနေနဲ့သုံးတဲ့ ကိစ္စရပ်တွေမှာ သုံးလို့အဆင်ပြေအောင် လုပ်ပေးထားပေမယ့်လည်း အဲ့လိုသုံးနိုင်အောင် လုပ်ပေးထားတဲ့ နည်းလမ်းက အရမ်းကို ရိုးရှင်းလွန်းပါတယ်။ ပြောချင်တာကတော့ image တစ်ခုကို monitor တစ်ခုစီအတွက် ယူလိုက်တယ်။ ပြီးတော့မှ wallpaper အဖြစ် set လုပ်လိုက်တာမျိုးပေါ့။
Superpaper ကတော့ ပိုပြီး အဆင့်မြင့်ပါတယ်။
တော်တော်လေးကို ပိုပြီး အဆင့်မြင့်တယ်ပဲ ဆိုပါတော့ဗျာ။
ဒီ app က မော်နီတာတစ်ခုစီအတွက် မတူတဲ့ wallpaper အမျိုးမျိုးထားနိုင်အောင် လုပ်ပေး ထားတာတင်မကပဲ wallpaper ပုံ တစ်ခုထဲကိုပဲ မော်နီတာတွေ အများကြီးမှာ သုံးနိုင်အောင် လုပ်ပေးထားတဲ့ powerful ဖြစ်တဲ့ wallpaper spanning options တွေလည်း ပါရှိတာပဲဖြစ်ပါတယ်။
ဒီနေရာမှာ real spanning ကို ကျွန်တော်ဆိုလိုတာကတော့ ရွေးထားတဲ့ ပုံမှာ visual parity ကို ထိန်းထားနိုင်ဖို့အတွက် display bezels ရဲ့ အရွယ်အစားနှင့်အကျယ်ကို ဒီ app က ထည့်သွင်းစဉ်းစား ပေးထားတာကို ပြောချင်တာပါ။ (ဒါကို လက်တွေ့အနေနဲ့ hero image မှာကြည့်နိုင်ပါတယ်။)
Linux အတွက်တော့ Superpaper က အခုဆိုရင် နေရာတိုင်းမှာ DisplayFusion အနေနဲ့ ရွေးချယ်စရာတစ်ခု ဖြစ်လာပါတယ်။ (တကယ်တော့ Windows တွေက coss platform ဖြစ်နေသလိုပါပဲ။)
ဒီ tool ကို လူသိများတဲ့ Linux window manager တွေနဲ့ desktop environment တွေဖြစ်တဲ့ Cinnamon, Budgie, KDE Plasma, Xfce, i3 (via feh) နဲ့ (Ubuntu desktop မှာ သုံးတဲ့) GNOME Shell တွေမှာ အသုံးပြုလို့ရပါတယ်။
တစ်ကယ်လို့ သင် ဒါမှမဟုတ် သင့်ရဲ့ အသိမိတ်ဆွေ တစ်ယောက်ယောက်က multi monitor set-ups တွေ အတွက် အဆင့်မြင့်တဲ့ wallpaper manager ကိုရှာနေတယ်ဆိုရင် သူ့ရဲ့ တိုးတက်မှုတွေနဲ့ လုပ်ဆောင်ချက်တွေကြောင့် Superpaper 2.0 ကို စမ်းသပ်ရကျိုးနပ်ပါလိမ့်မယ်။

Windows နဲ့ Linux အတွက် Superpaper ကို project’s GitHub releases page မှာ တိုက်ရိုက် download ပြုလုပ်ပြီး ရယူနိုင်ပါတယ်။ Linux builds တွေကို နောက်ဆုံးပေါ် Linux ရဲ့ ဖြန့်ချီမှုအများစုမှာ အသုံးပြုနိုင်မယ့် သီးခြား appimage ပုံစံမျိုးနဲ့ထောက်ပံ့ပေးထားပါတယ်။

တကယ်လို့ သင် ဒီ app ကို ကြိုက်နှစ်သက်တယ်ဆိုရင် GitHub ကနေတစ်ဆင့် ဒီ app ရဲ့ development အတွက် sponsors အဖြစ် ကူညီပံ့ပိုးပေးနိုင်ပါတယ်။
Related posts
The Call for Participation is now open for Ubuntu 22.04 Release Party
To celebrate the new release of the popular free and open source GNU/Linux distribution Ubuntu 22.04, we are going to hold a release party. The event will take place on the 1st of…
1 min read
What is Software Define Networking – Part1 (Install OpenDayLight on Ubuntu)
ဒီနေ့ တွေးမိတာလေးရှိတယ်ဗျာ့ ခုဆို ကိုဗစ်နဲ့..မို့ အိမ်မှာနေရင်းနဲ့ Challenge လေးတွေလုပ်နေတာကို မြင်တော့ .. အိမ်မှာနေရင် ကမ္ဘာကြီးကို ကယ်တင်နေတဲ့ ညီ/ညီမတွေ skillတိုးဖို့ WFH…
5 min read
Install Myanmar(Unicode) Keyboard and font on Raspberry Pi
ဒီနေ့ပြောမယ့် အကြောင်းအရာကတော့ Raspberry Pi ပေါ်မှာ Myanmar လို ရိုက်လို့ရအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အကြောင်းအရာလေးပဲ ဖြစ်ပါတယ်။ ကျွန်တော် Test လုပ်မယ့် device ကတော့ Rpi 3 mobel…
1 min read



