Install Myanmar(Unicode) Keyboard and font on Raspberry Pi
Khant Phyo
Contributor
1 min read

ဒီနေ့ပြောမယ့် အကြောင်းအရာကတော့ Raspberry Pi ပေါ်မှာ Myanmar လို ရိုက်လို့ရအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အကြောင်းအရာလေးပဲ ဖြစ်ပါတယ်။
ကျွန်တော် Test လုပ်မယ့် device ကတော့ Rpi 3 mobel B+ ပဲ ဖြစ်ပါတယ်။ OS ကတော့ raspbian ပဲဖြစ်ပါတယ်။ ပထမဆုံး https://mcf.org.mm/pyidaungsu-font.html ကနေပြီးတော့ Pyidaungsu font ကို ဒေါင်းလုတ် လုပ်ပါ။ အဲ့နောက် home directory အောက်မှာ .font ဆိုတဲ့ directory တစ်ခု တည်ဆောက်လိုက်ပါ။ ပြီးရင် ဒေါင်းထားတဲ့ Pyidaungsu Font ဖိုင် *.ttf လေးကို copy ကူးပြီးထည့်လိုက်ပါတယ်။
ထည့်ထားပြီးနောက် Run ပေးရမယ့် command လေးကတော့ fc-cache -v -f ဆိုတာလေးကို အောက်ပါ အတိုင်း Run ပေးလိုက်ပါ။
ထို့နောက်မှာတော့ Panel ကို right click ထောက်လိုက်ပါ။ add/remove panel items ကို ရွေးပါ.. အဲ့နောက်မှာတော့ keyboard layout handler ကိုရှာပြီး add ကိုနှိပ်ပါ။
Add ပြီးသွားတဲ့နောက်မှာတော့.. Keyboard layout handler ကို နှိပ်လိုက်ပါ.. Default သည် us တစ်မျိုးပဲ ရှိနေပါလိမ့်မယ်.. Myanmar ကို ထပ်ထည့်ဖို့အတွက် keep system layout က check box အမှန်ခြစ်လေးကို ဖြုတ်လိုက်ပါ ပြီးရင် add ကိုနှိပ်ပါ။
mm Burmese ကိုလိုက်ရှာပြီး ok ပေးပြီးထည့်လိုက်ပါ။
ဒီအတိုင်းဆိုရင်တော့ Myanmar လိုရိုက်လို့ရသွားပါပြီ.. us to mm, mm to us ပြောင်းမယ်ဆိုရင်တော့ super(window key) + space ပါ။ စမ်းလို့အဆင်ပြေကျမယ်လို့ မျှော်လင့်ပါတယ်။
Happy Birthday my Dear bro KokoYe. Long live and healthy ^_^
With Best Regards,
KhantPhyo
Related posts
The Call for Participation is now open for Ubuntu 22.04 Release Party
To celebrate the new release of the popular free and open source GNU/Linux distribution Ubuntu 22.04, we are going to hold a release party. The event will take place on the 1st of…
1 min read
SuperPaper 2.0
Windows နဲ့ Linux အတွက် အဆင့်မြင့် Multi Monitor Wallpaper App တစ်ခုဖြစ်တဲ့ Superpaper 2.0 ပြီးခဲ့တဲ့နှစ်က Linux နဲ့ Windows အတွက် အဆင့်မြင့်တဲ့ multi monitor wallpaper tool…
2 min read
What is Software Define Networking – Part1 (Install OpenDayLight on Ubuntu)
ဒီနေ့ တွေးမိတာလေးရှိတယ်ဗျာ့ ခုဆို ကိုဗစ်နဲ့..မို့ အိမ်မှာနေရင်းနဲ့ Challenge လေးတွေလုပ်နေတာကို မြင်တော့ .. အိမ်မှာနေရင် ကမ္ဘာကြီးကို ကယ်တင်နေတဲ့ ညီ/ညီမတွေ skillတိုးဖို့ WFH…
5 min read



