Skip to content
Software

Speed Up apt-get Downloads With apt-fast [Ubuntu PPA]

Chit Ko Ko

Contributor

1 min read

Speed Up apt-get Downloads With apt-fast [Ubuntu PPA]

apt-fast2012-12-05 12-54-33

Apt-fast သည် ပိုမိုကောင်မွန် လျှင်မြန်သော connection ဖြင့် download accelerator များဖြစ်သော Axel or Aria2c တို့ဖြင့် command line မှ အလျှင်အမြန် Package များကို download ဆွဲသော script ဖြစ်ပါသည်။

Install apt-fast ( apt-fast ထည့်သွင်းခြင်း)
Ubuntu အသုံးပြုသူများအနေဖြင့် နောက်ဆုံးထွက် တည်ငြိမ်မှုရှိသော apt-fast official PPA ကိုအောက်ပါအတိုင်း ထည့်သွင်းနိုင်ပါသည်။

           sudo add-apt-repository ppa:apt-fast/stable

           sudo apt-get update

           sudo apt-get install apt-fast

 apt-fast configuration

Ubuntu တွင် PPA : အနေဖြင့် apt-fast ကိုထည့်သွင်းလျှင် မည့်သည့် download manager ( axel or aria2c )ဖြင့် download ပြုလုပ်မည်ကို ပြုပြင်ရန်အတွက် အောက်ပါ command ကိုအသုံးပြုနိုင်ပါသည်။

_
sudo dpkg-reconfigure apt-fast_

aria2c download tool ကိုအသုံးပြုရန် apt-fast developers များမှအကြံပြုထားကြသည်မှာ အဘယ့်ကြောင့်ဆိုသော် download လုပ်ထားသော package များကို resume (download ဆွဲပြီးသည့်နေရာ) အနေဖြင့်အထောက်အပံ့ ပေးသောကြောင့်ဖြစ်သည်။

အခြားသော linux distributions များ အနေ ဖြင့် apt-fast ထည့်သွင်းရန် Github မှ download ပြုလုပ်နိုင်သည်။

Using apt-fast (apt-fast အသုံးပြုခြင်း)

 apt-fast သည် apt-get ကဲ့သို့ “sudo apt-get install ” အစား ” sudo apt-fast install PACKAGE “ဟု ပြောင်းလဲအသုံးပြုနိုင်ပါသည်။

PACKAGE များထဲ့သွင်းရန်အတွက်

sudo apt-fast install PACKAGE

PACKAGE များ upgrade ပြုလုပ်ရန်အတွက်

sudo apt-fast upgrade

PACKAGE များအတွက်လိုအပ်သော dependencies များ ထည့်သွင်းရန်-

 sudo apt-fast build-dep PACKAGE

*apt-fast အသုံးပြု၍ ကြုံတွေ့ရသော အခက်အခဲများနှင့် reports များ အား @Launchpad သို့  Github တို့တွင်အကြံပြုနိုင်ပါသည်။

Taggedapt-fastapt-getCLITerminalUpdate

ဘာသာရပ်ဆိုင်ရာ လေ့လာစရာ websites များ

ဘာသာရပ်ဆိုင်ရာ လေ့လာစရာ websites များ ကျွန်တော်တို့သည် မိမိတို့ ဝါသနာပာရာတို့ကို အချိန် နှင့် အမျှ လေ့လာချင်ကြပါသည် ။ထို့ကြောင့် သူငယ်ချင်းတစ်ဦး ဖြစ်သူ Victoire Rio ၏ အကူအညီဖြင့်…

Chit Ko Ko

5 min read

Variety Wallpaper Changer for Ubuntu

Variety Wallpaper Changer for Ubuntu Terminal ကိုဖွင့်ပါ။ ပြီးနောက် အောက်ပါ command တို့ကိုရိုက်ပါ ။ sudo add apt repository ppa:peterlevi/ppa sudo apt get update sudo apt get…

Chit Ko Ko

1 min read