Skip to content
General

How to install apt-fast in Ubuntu 12.10 ?

Chit Ko Ko

Contributor

1 min read

apt-fast2012-12-05 12-54-33Apt-fast သည် ပိုမိုကောင်မွန် လျှင်မြန်သော connection ဖြင့် download accelerator များဖြစ်သော Axel or Aria2c တို့ဖြင့် command line မှ အလျှင်အမြန် Package များကို download ဆွဲသော script ဖြစ်ပါသည်။

Install apt-fast ( apt-fast ထည့်သွင်းခြင်း)
Ubuntu အသုံးပြုသူများအနေဖြင့် နောက်ဆုံးထွက် တည်ငြိမ်မှုရှိသော apt-fast official PPA ကိုအောက်ပါအတိုင်း ထည့်သွင်းနိုင်ပါသည်။

sudo add-apt-repository ppa:apt-fast/stable
sudo apt-get update
sudo apt-get install apt-fast

apt-fast configuration

Ubuntu တွင် PPA : အနေဖြင့် apt-fast ကိုထည့်သွင်းလျှင် မည့်သည့် download manager ( axel or aria2c )ဖြင့် download ပြုလုပ်မည်ကို ပြုပြင်ရန်အတွက် အောက်ပါ command ကိုအသုံးပြုနိုင်ပါသည်။

sudo dpkg-reconfigure apt-fast

aria2c download tool ကိုအသုံးပြုရန် apt-fast developers များမှအကြံပြုထားကြသည်မှာ အဘယ့်ကြောင့်ဆိုသော် download လုပ်ထားသော package များကို resume (download ဆွဲပြီးသည့်နေရာ) အနေဖြင့်အထောက်အပံ့ ပေးသောကြောင့်ဖြစ်သည်။

အခြားသော linux distributions များ အနေ ဖြင့် apt-fast ထည့်သွင်းရန် Github မှ download ပြုလုပ်နိုင်သည်။

Using apt-fast (apt-fast အသုံးပြုခြင်း)

apt-fast သည် apt-get ကဲ့သို့ “sudo apt-get install ” အစား ” sudo apt-fast install PACKAGE “ဟု ပြောင်းလဲအသုံးပြုနိုင်ပါသည်။

PACKAGE များထဲ့သွင်းရန်အတွက်

sudo apt-fast install PACKAGE

PACKAGE များ upgrade ပြုလုပ်ရန်အတွက်

sudo apt-fast upgrade

PACKAGE များအတွက်လိုအပ်သော dependencies များ ထည့်သွင်းရန်-

sudo apt-fast build-dep PACKAGE

*apt-fast အသုံးပြု၍ ကြုံတွေ့ရသော အခက်အခဲများနှင့် reports များ အား @Launchpad သို့ Github တို့တွင်အကြံပြုနိုင်ပါသည်။

Taggedapt-fastinstall

ubuntu touch porting / installation guide

အောက်ဖော်ပြပါ devices များသည် Ubuntu touch တင်ရန်အတွက် Target devices များဖြစ်ပါသည်။ သင် android OS ပြန်လည်တင်လိုပါက ပြန်လည် ရယူရမည့် android images များဖြစ်ပါသည်။ Device Android…

Chit Ko Ko

3 min read

Speed Up apt-get Downloads With apt-fast [Ubuntu PPA]

Speed Up apt get Downloads With apt fast \[Ubuntu PPA\] Apt fast သည် ပိုမိုကောင်မွန် လျှင်မြန်သော connection ဖြင့် download accelerator များဖြစ်သော Axel or Aria2c တို့ဖြင့်…

Chit Ko Ko

1 min read

Instructions for flashing a phone or tablet device with Ubuntu

Ubuntu Phone OS ကိုNexus ဖုန ်း သို့ထ ည့်သ ွင ်း နည်း အညွှန်း maguro – Galaxy Nexus mako – Nexus 4 mrouper – Nexus 7 manta – Nexus 10 အဆင့် ၁ ပထမဆုံး သင့်ရဲ့ ဖုန်းကို…

Chit Ko Ko

2 min read