Skip to content
Guide

RPi Introduction

Ko Ko Ye

Founder

2 min read

Raspberry Pi ဆိုတာ ဘာလဲ။

RPi ဆိုတာကတော့ Raspberry Pi Foundation ကနေပြီး Project အောင်မြင်ကာ တလုံးကို ၂၅$ ကနေ ၃၅$ ဈေးနဲ့ ထုတ်လုပ် ရောင်းချနေသော ကလေးများအတွက်ရည်ရွယ်ထားတဲ့ SoC (System on Chip) ကွန်ပျုတာ တမျိုးပဲ ဖြစ်ပါတယ်။ ဈေးနှုန်းလဲ သက်သာသလို Credit ကဒ်ဆိုက် ဆေးလိပ်ဘူး တခုအရွယ်ပဲ ရှိလို့ ပေါ့ပါးသေးငယ်ပါတယ်။ (၎င်းတို့ အသိအမှတ်ပြု ကျောင်းများသို့ တရားဝင်လှူဒါန်းမှသာ ၂၅-၃၅ $ ဖြင့် ရောင်းချပေးခြင်းဖြစ်ပါသည်။ အပြင်တွင် tax နှင့် အခြား အရောင်းအဝယ် ဝန်ဆောင်မှုများမှ အခွန်များထပ်ဆောင်း ပြီး ဝယ်ယူနိုင်သည်။)

A နဲ့ B ရှိတယ်လို့ သိရပါတယ်။ ဘာတွေ ကွာခြားမလဲ

Model A ကတော့ 256MB RAM ပဲ ရှိမှာဖြစ်ပြီး USB Port တစ်ခုပါဝင်ပြီး Network Port မပါဝင်ပါဘူး။ Model B ကတော့ 512MB RAM ဖြစ်သွားပါတယ်။ USB port ၂ခုနဲ့ Ethernet port ပါလာလို့ RJ45 နဲ့ ချိတ်ဆက်ပြီး သုံးနိုင်ပါတယ်။

SoC လို့ ပြောသွားပါတယ်။ ဘယ်လို Chip မျိုးပါလဲ။

Broadcom BCM2835 ကိုသုံးထားပြီး ARM11 Processor ကိုသုံးထားပါတယ်။ ဈေးနှုန်းချိုသာပြီး သင့်တင့်တဲ့ အမျိုးအစားဖြစ်ပါတယ်။ 700Mhz နဲ့ အလုပ် လုပ်နိုင်ပါတယ်။ Overclocking လုပ်မယ်ဆိုရင် 800Mhz နဲ့ အထိ အဆင်ပြေပါတယ်။
Video အနေနဲ့ 1080p30 H.264 ကို 40MBits per second နဲ့ ပြသပေးနိုင်ပါတယ်။ ရုပ်ထွက်ဖို့အတွက် HDMI နဲ့ Video Composite ကြိုးကို အသုံးပြုနိုင်ပါတယ်။ VGA ကိုတော့ တိုက်ရိုက် အထောက်အပံ့ မပေးတော့ပါဘူး။ Converter တွေနဲ့တော့ သုံးနိုင်ပါတယ်။ Audio အတွက်တော့ HDMI က အသံထွက်ဖို့ အထောက်အပံ့ရသလို Audio Jack လဲ ပါပါတယ်။

Power ပေးဖို့ အတွက်

5V 1A ဆိုရင် ရပါတယ်။ သို့မဟုတ် 5V 2A လဲ သုံးနိုင်ပါတယ်။ ကြိုးကတော့ Android ဖုန်းတွေမှာ အားသွင်းတဲ့ mini-USB ဆိုရင် ရပါတယ်။ ဒါတွေဟာ အကုန်လုံးကို အားသွင်းကြိုးနဲ့ ပါဝါကို တူညီစေလိုတဲ့ EU Law နဲ့ ကိုက်ညီအောင် လုပ်ထားပါတယ်။ သိပ်မကြာခင်မှာပဲ Network ကြိုးထဲကနေ ပါဝါပို့လွှတ်တဲ့ PoE နဲ့ ထပ်ထွက်လာနိုင် ပါသေးတယ်။

OS တွေ အနေနဲ့

Linux Distro တော်တော်များများနဲ့ အဆင်ပြေပါတယ်။ အခုဆို Android တွေတောင် စမ်းသပ်ပြီး တင်သုံးနေကြပါပြီ။ လက်ရှိတော့ Debian Base Raspbian OS ကို အသုံးများကြပါတယ်။ ဒီကနေ Download ရယူနိုင်ပါတယ်။ http://www.raspberrypi.org/downloads

OS ပျက်သွားရင်
လွယ်လွယ် ကူကူပဲ အသစ်ပြန်တင်လို့ ရပါတယ်။

Raspberry A

Raspberry A

Raspberry Pi B and B +

Raspberry B vs B+

လက်ရှိ နိုင်ငံတကာတွင် အသုံးများနေသော Project များကို လေ့လာရန်  http://pingbin.com/2012/12/30-cool-ideas-raspberry-pi-project/

Video File
iPhone Voice Command – Raspberry Pi Home Automation Control http://www.youtube.com/watch?v=PXmCiaRc9XU

Kickstarter – BrickPi
http://www.youtube.com/watch?v=IFH-dxR6Neg

R2D2 Robot
Features:
voice control (in English and Chinese, using PocketSphinx)
face recognition (using OpenCV)
motion detection ultrasonic
distance detection
audio message record and replay
sound play and TTS
rechargeable battery
wifi
http://www.youtube.com/watch?v=znuUm5vbSpI

glossary
BGA: ball grid array. A type of surface mount packaging for electronics.
SoC: system on chip. A computer on a single chip.
GPIO: General purpose input/output. A pin that can be programmed to do stuff.
GPU: graphics processing unit. The hardware the handles the graphics.
Distro: a specific package (“flavour”) of Linux and associated software.
Brick: to accidentally render a device inert by making changes to software or firmware.
Pxe: preboot execution environment. A way to get a device to boot by via the network.
PoE: power over ethernet. Powering a device via an ethernet cable.

TaggedPiRaspberryPi

Meet ya Linux Foolish Guys

We had facing a lot of problem. Internet access, Electronic power, Mental and Physical issues …. all about is because of Military Coup. Sometimes feeling guilty, we are selfish ?…

Ko Ko Ye

1 min read

FOSS Compliance

Open Source ကိုသုံးတဲ့ ကုမ္ပဏီတွေက Compliance Program ကိုအဘယ်ကြောင့်လိုအပ်တာလဲ? Open Source Software ကိုကုမ္ပဏီတွေရဲ့အသုံးပြုမှုဟာ အခုအခါမှာစံပြအနေနဲ့ရပ်တည်နေပြီး 2015 ခုနှစ်ရဲ့…

Ko Ko Ye

5 min read