Skip to content
LoCo News

“Buy One Donate One”

Ubuntu Myanmar LoCo

Community team

1 min read

Buy One Donate One ဆိုတာကတော့ RPI လို လူသိများတဲ့ Raspberry PI Project တစ်ခု ဖြစ်ပါတယ် ။

Raspberry PI ဆိုတာကတော့ တန်ဖိုးနည်း Micro Computer တမျိုးဖြစ်ပြီး အသေးစိတ် ပိုမို သိရှိလိုသူတွေအတွက်တော့ အောက်က Link မှာ သွားပြီး ဖတ်ရှုနိုင်ပါတယ် ။

http://ubuntu-mm.net/guide/rpi-introduction/

အဓိကကတော့ Raspberry Pi လေး တစ်လုံးကို အိမ်အတွက် ရုံးအတွက် သုံးရင်းနဲ့
နောက်တစ်လုံးကို လိုအပ်နေတဲ့ အများသုံး နေရာတွေအတွက် လှူဒါန်းပေးဖို့ပါ။

သင့်အိမ်အတွက် ရုံးအတွက် အဖွဲ့အစည်းအတွက် Raspberry Pi နဲ့ 
NAS / File Server / FTP Server / Mail Server / Web Server / VoIP Server / Hotspot စတာတွေ လုပ်ပေးလို့ရပါတယ်။

အဲဒီလို အသုံးပြုနိုင်ဖို့ [Setup Fee] သီးသန့် မယူပဲ ပြုလုပ်ပေးပါမယ်။ အသုံးပြုသူအနေနဲ့ အခြားလိုအပ်နေတဲ့ နေရာတွေကို Raspberry Pi တစ်လုံး လှူဒါန်းပေးဖို့ပါပဲ။

မိမိလှူဒါန်းချင်တဲ့နေရာနဲ့ လှူဒါန်းချင်တဲ့ ပုံစံကို ရွေးချယ်နိုင်ပါတယ်။
Wiki / Kham Burmese Academy / ELibrary / Hotspot / VoIP / File Server စသည်ဖြင့် လှူဒါန်းနိုင်ပါတယ်။ 

ပြည်တွင်းမှာ Pi တွေ အသုံးများလာတာနဲ့အမျှ အဲဒီနည်းပညာနဲ့ အကျွမ်းတစ်ဝင်ပိုရှိလာမယ်။ ပိုမို တိုးတက်အောင် တွေးခေါ်လုပ်ဆောင်နိုင်လာမယ်။ 

ကျွန်တော့်ကို ကူညီထောက်ပံ့တဲ့ အဖွဲ့အစည်းတွေ လူတွေ ရှိနေလို့ လွယ်လွယ်ကူကူ မှာနိုင် မြန်မြန်နဲ့ သက်သက်သာသာ ရယူနိုင်ပေမယ့် အခြားသူတွေအတွက်တော့ ဈေးလဲကြီး အချိန်လဲကြာ စမ်းသပ်ဖို့ဖြစ်ဖြစ် တကယ်လိုရင်ပဲဖြစ်ဖြစ် ခက်ခဲနေပါသေးတယ်။

အသုံးများလာတာနဲ့ အမျှ မှာရခက်တာကြာတာနဲ့ ဈေးကြီးနေတာကို ဖြေရှင်းနိုင်လိမ့်မယ် Community အနေနဲ့ တိုးတက်အောင် လုပ်ဆောင်နိုင်လာရင် အကုန်လုံးအတွက် ပိုကောင်းမယ် ထင်မိပါတယ်။

တကယ်လို့ လှူတန်းချင်တယ်ဆိုတဲ့ သူတွေအတွက်တော့ ကျွန်တော်တို့ အဖွဲ့ကို Contact List က ဖြစ်ဖြစ် ဆက်သွယ် လှူတန်းနိုင်ပါတယ် ခင်ဗျာ

TaggedPiRaspberryPi

Ubuntu 19.10 Release Party (Yangon)

ဧပြီလနှင့် အောက်တိုဘာလတို့တွင် အသစ်ထုတ်ဝေလေ့ ရှိတဲ့ Ubuntu တိုင်းကို ကမ္ဘာ တဝမ်းရှိ Ubuntu user များမှ စုပေါင်း၍ Release Party ကျင်းပလေ့ ရှိပါတယ်။ ဒီနှစ် အောက်တိုဘာလ ၁၇ ရက်နေ့…

Zaw Ye Lwin

1 min read

Ubuntu Disco Dingo – Customize Tester

Hi Forks Long Time No See with Ubuntu MM or Ubuntu Customize Distro. Now we collection Software list and Customization. Still waiting to Artwork Wallpaper Boot Skin / Boot Skin…

Ko Ko Ye

1 min read