Linux File System
Negative
Contributor
2 min read
ဒီနေ့တော့ Linux OS တည်ဆောက်ပုံ . Linux ရဲ့ File System Structure လေးအကြောင်း ကြည့်ရအောင်
1. / – Root
/ ဆိုတာကတော့ Root Directory ပါ အလုံးစုံသော Single File များနဲ့ Directory များ အားလုံးဟာ Root Directory ရဲ့ အောက်မှာသာရှိပြီး Root User ကသာ ပြုပြင်ခြင်းကို ပြုလုပ်နိုင်ပါတယ် တစ်ခုသတိထားရမှာက /root ဆိုတာက Root User ရဲ့ Home Directory ဖြစ်ပြီး / နဲ့မတူပါဘူး
2. /bin – User Binaries
ဒီ Directory အောက်မှာ System အတွက် အရေးပါသော Program များပါရှိပါတယ် ဥပမာ Terminal လိုဟာမျိုးပေါ့ ပြီးတော့ User , Adminstrator လိုမျိုးတွေ ထားပါတယ် ပြီးတော့ Command တွေလည်း ထားပါတယ်
For example: ps, ls, ping, grep, cp
3. /sbin – System Binaries
သူကလည်း /bin လိုပဲ Binary Executable တွေထားပါတယ် ဒါပေမယ့် ဒီ အောက်မှာထားတဲ့ Command တွေကတော့ System Administrator ကသာ System Edit လုပ်ဖို့ ဆောင်ရွက်နိုင်တဲ့ Command တွေ ပဲဖြစ်ပါတယ်
For example: iptables, reboot, fdisk, ifconfig, swapon
4. /etc – Configuration Files
Program တွေကို Configure လုပ်မယ့် File မှန်သမျှ ဒီအောက်မှာ ရှိပါ့မယ် Startup / shutdown အစရှိတဲ့ Shell Script တွေလည်း ဒီအောက်မှာရှိပါတယ်
For example: /etc/resolv.conf, /etc/logrotate.conf
5. /dev – Device Files
ဒီ Directory မှာတော့ Drivers တွေ အပြင် Usb လို System မှာ Attached လုပ်မယ့် Device ကိစ္စတွေအတွက် တာဝန်ယူမယ့် အရာတွေရှိပါမယ်
For example: /dev/tty1, /dev/usbmon0
6. /proc – Process Information
ဒီ Directory မှာတော့ Information နဲ့ System Process တွေ ပါရှိပါတယ် ပြီးတော့ လက်ရှိ Run နေတဲ့ Process တွေရဲ့ pseudo filesystem တွေ ပါ ပါရှိပါတယ်
7. /var – Variable Files
var ဆိုတာ Variable File တွေကို ဆိုလိုတာပါ system log files (/var/log); packages and database files (/var/lib); emails (/var/mail) အစရှိတဲ့ File တွေလို တန်ဖိုး Variable ဖြစ်နေမယ့် File တွေ ထားရှိပါတယ်
8. /tmp – Temporary Files
ဒီနေရာမှာတော့ User နဲ့ System တွေရဲ့ Temporary File တွေထားရှိပါတယ် System Reboot လုပ်တာနဲ့ ဒီ File တွေဟာအလိုလို ဖျက်ပြီးသား ဖြစ်သွားပါလိမ့်မယ်
9. /usr – User Programs
ဒီ Directory အောက်မှာ User Document တွေ File တွေ Program တွေထားရှိပြီးတော့ သူ့အောက်မှာ Directory တွေ ကျန်ပါသေးတယ်
/usr/bin – User ရဲ့ Binary File တွေထားရှိပါတယ်
/usr/sbin – System Admin တွေအတွက် Binary File တွေထားရှိပါတယ်
/usr/lib – Usr/bin နဲ့ Usr/sbin တို့အတွက် Library File တွေပါရှိပါတယ်
/usr/local – ဒီမှာတော့ Source ကနေ သွင်းတဲ့ User Program တွေထားရှိပါတယ်
10. /home – Home Directories
Home Directory ကတော့ User ရဲ့ Personal Document တွေအားလုံးထားရှိပါတယ်
11. /boot – Boot Loader Files
Boot Loader တွေနဲ့ သက်ဆိုင်တဲ့ File တိုင်း ဒီအောက်မှာ ထားရှိပါတယ် Kernel initrd တွေ vmlinuxနဲ့ grub files တွေဟာ ဒီ Directory အောက်မှာထားရှိပါတယ်
12. /lib – System Libraries
usr/bin နဲ့ usr/sbin တွေအတွက် အသုံးဝင်မယ့် Support လုပ်မယ့် Library တွေထားရှိပါတယ် Library File တွေဟာ ld* သို့ မဟုတ် lib*.so.* တွေဖြစ်ပါတယ်
13. /opt – Optional add-on Applications
opt ဆိုတာ Optional ကို ဆိုလိုတာပါ Vendor တွေအတွက် သွင်းသမျှ Add On Application တွေဟာ ဒီအောက်မှာရှိပါတယ်
14. /mnt – Mount Directory
System Admin တွေ Temporary Mount လုပ်နိုင်ဖို့ ထားရှိတဲ့ Directory ပါ
15. /media – Removable Media Devices
Removable Device တွေအတွက် Mount လုပ်ရင် ထားရှိမယ့် Directory ဖြစ်ပါတယ်
16. /srv – Service Data
srv ဆိုတာ Service ကိုပြောတာပါ Data တွေနဲ့သက်ဆိုင်တဲ့ Specific Service တွေထားရှိပါတယ်
Ref : The Geek Stuff
Related posts
LINUX SysAdmin – {Linux System Administration Course}
Ubuntu Myanmar LoCo Team မှ Linux System Administration (Module 2) ကို 25/July/2015 တွင်စတင်ဖွင့်လှစ်မည်ဖြစ်သည်။ ယခု Module သည်လည်း 1st Module ကဲ့သို့ Money Back System…
3 min read
LINUX SysAdmin – {Linux System Administration Course}
Ubuntu Myanmar LoCo Team မှ Linux System Administration Course (Module 6 ခု) ကို တစ်ပါတ် Module 1 ခုနှုန်းဖြင့် ၆ ပါတ်ဖွင့်လှစ်မည်ဖြစ်ပြီး Module 1 ကို 11/July/2015…
3 min read



