LINUX SysAdmin – {Linux System Administration Course}
Ko Ko Ye
Founder
3 min read

Ubuntu Myanmar LoCo Team မှ Linux System Administration (Module 2) ကို 25/July/2015 တွင်စတင်ဖွင့်လှစ်မည်ဖြစ်သည်။
ယခု Module သည်လည်း 1st Module ကဲ့သို့ Money Back System ဖြင့်သင်တန်းပို့ချပေးသွားမည်ဖြစ်သည်။ တက်ရောက်လိုသောသင်တန်းသား/သူ များသည် 1st module ကဲ့သို့ ပင်သင်တန်းကြေးကို 23/July/2015 ကြာသာပတေးနေ့ ည ၁၂ နာရီ အချိန်နောက်ဆုံး ထား၍အောက်တွင် ဖေါ်ပြထားသော Bank Account သို့ပေးပို့ရမည်ဖြစ်ပါသည်။ 23/July/2015 နေ့ နောက်ဆုံးဝင်လာသော Transaction ကိုသာလက်ခံမည်ဖြစ်ပြီး ထိုအကောင့်ထဲသို့မရောက်လာသော Transaction များကိုလက်ခံ၍ စဉ်းစားပေးမည်မဟုတ်ပါ။ (အခြားဘဏ်မှငွေလွဲ၍သတ်မှတ်ထားသော Bank Account ထဲသို့ 23/July/2015 နောက်ပိုင်းမှဝင်ရောက်လာသော Transaction များအတွက် Ubuntu Myanmar LoCo Team မှတာဝန်ယူမည်မဟုတ်ပါ။)
Module 2
- Start Date – 25/July/2015
- End Date – 26/July/2015
- Start Time – 10:00 am
- End Time – 05:00 pm
- Lunch Break – 12:00pm – 01:00 pm
CB Bank
Bank Acc: No – 9503080101562895
Person name – Ye Minn Oo
Contact Number – 09450022022အချက်အလက်များဖြင့်ငွေထည့်သွင်းရမည်ဖြစ်သည်။
သင်တန်းကြေးငွေပေးသွင်းသည့် အချိန်သည် Ubuntu Myanmar LoCo Team မှသင်တန်းကြေးစတင် လက်ခံမည့်ရက်နှင့် နောက်ဆုံး ပေးသွင်းရမည့် ရက်အတွင်းသာဖြစ်ပြီး ကျန်သောရက်များတွင် ပေးသွင်းထားသော စာရင်းများကို လက်ခံမည်မဟုတ်သည့်အပြင် ထိုပေးသွင်းထားသော သင်တန်းကြေးကို မည်သည့်နည်းနှင့်မျှ ပြန်လည်လက်ခံရရှိနိုင်မည်မဟုတ်ပါ။
သင်တန်းဝင်ခွင့်လက်ခံမည့် အကောင့်မှာ CB Bank တစ်ခုတည်းသာဖြစ်ပြီး အခြား Bank မှ လွှဲခြင်း အခြားနည်းဖြင့် အပ်နှံခြင်း စသည့် မည်သည့် နည်းနှင့်မျှ လက်ခံမည်မဟုတ်ကြောင်းကို သင်တန်း တက်ရောက်မည့် သင်တန်းသား/သူ များသိရှိရန်လိုအပ်မည်ဖြစ်သည်။
သင်တန်းဝင်ခွင့်ရရှိသူများကို သင်တန်းမစမှီတစ်ရက်တွင် Website, Facebook မှတဆင့် ကြေငြာပေးမည်ဖြစ်သည်။
သင်တန်းတိုင်းသည်မနက် ၁၀ နာရီအတိတွင်စမည်ဖြစ်၍ ၁၀ နာရီအတိသည်သင်တန်းအတွင်းသို့ နောက်ဆုံးရောက်ရှိနေချိန်ဖြစ်ပြီး ၁၀ နာရီ ၁ မိနစ်မှရောက်ရှိလာသည့်မည်သူ့ကိုမဆို သင်တန်းအတွင်းသို့ ဝင်ခွင့်ပေးမည်မဟုတ်ဘဲ ထို Module အတွက်သွင်းထားသောသင်တန်းကြေးကိုလည်းပြန်လည်ထုတ်ယူခွင့်ရရှိမည်မဟုတ်ပါ။
(မှတ်ချက်။ ။ ယခုတစ်ခေါက်တွင် မည်သည့်ခြွင်းချက်ကိုမှ လက်ခံစဉ်းစားပေးမည်မဟုတ်ပါ။ ၁၀ နာရီတစ်မိနစ်မှစတင်၍ ရောက်ရှိလာသောသူ မည်သူ့ကိုမဆို သင်တန်းခန်းမ အတွင်းသို့ ဝင်ခွင့်ပြုမည်မဟုတ်ပါ။)
သင်တန်းရက်တွင် Break Time တစ်ချိန်သာရရှိမည်ဖြစ်ပြီး ထိုအချိန်သည် နေ့လည် ၁၂ နာရီမှ ၁ နာရီအထိဖြစ်သည်။ သင်တန်းသားများသည် ၁၂ နာရီ ၅၀ မိနစ်နောက်ဆုံးထား၍သင်တန်းခန်းမ အတွင်းသို့ပြန်လည်ရောက်ရှိရမည်ဖြစ်ပြီး ထိုအချိန်ကျော်လွန်၍ရောက်ရှိလာသူများသည်သင်တန်း ကြေးထက်ဝက်ကိုဖြတ်တောက်ခြင်းခံရမည်ဖြစ်သည်။
(မှတ်ချက်။ ။ ၁ နာရီ ၃၀ မိနစ်မှရောက်ရှိလာသောသင်တန်းသား/သူ များကိုထိုနေ့အတွက် သင်တန်းခန်းမအတွင်းသို့ ပြန်လည်ဝင်ခွင့်ပြုတော့မည်မဟုတ်ပါ။)
သင်တန်းသားများသည် သင်တန်းစသောပထမနေ့တွင် Module 1 အတွက် 09/July/2015 နေ့တွင် အပေါ်တွင်ပေးထားသော Bank Account သို့ ငွေထည့်သွင်းထားသောချလံကိုပြသရမည်ဖြစ်သည်။ (အကြောင်းအမျိုးမျိုးကြောင့် ထိုချလံမပါလာပါက (ဝါ) ပျောက်ဆုံးသွားပါက သင်တန်းဆရာများမှ တာဝန်ယူမည်မဟုတ်ဘဲ သင်တန်းတက်ခွင့်ဆုံးရှုံးမည်ဖြစ်ပါသည်။)
သင်တန်းသားများသည် သင်တန်းတွင်ပို့ ချသော Course များကိုလက်တွေ့လုပ်ဆောင်နိုင်ရန်၊ မှတ်သားနိုင်ရန်အတွက် မှတ်စုစာအုပ်နှင့် ကိုယ်ပိုင် Laptop ကိုယူဆောင်လာရန်လိုအပ်မည်ဖြစ်သည်။
ပို့ချမည့် သင်ခန်းစာ (Courses) များသည်တစ်ရက်နှင့်တစ်ရက် အခြေခံထားသောကြောင့် သင်တန်းသားများသည် သင်တန်းကိုမပျက်ကွက်ရန် အထူးဂရုစိုက်ရမည်ဖြစ်ပြီး Module တစ်ခုအတွက် သင်တန်းတစ်ရက်ပျက်ကွက်ပါက ထို Module အတွက် နောက်ရက်များ သင်တန်းဆက်လက် တက်ရောက်ခွင့်ကို ဆုံးရံှုးမည်ဖြစ်ပါသည်။
Requirement
Module – 2
- The students must bring their own laptop and must have 40 GB HDD: space
- The student must bring note book
Module 3 အတွက်သင်တန်းဖွင့်မည့်နေ့ရက်၊ အချိန်နှင့် သင်တန်းကြေးစတင်လက်ခံမည့်နေ့ ၊ နောက်ဆုံးပေးသွင်းရမည့်နေ့ကို Module 2 သင်တန်းပြီးဆုံးပြီး တစ်ပါတ်အတွင်း Website, Facebook မှကြေငြာပေးမည်ဖြစ်သည်။ ယခုဖွင့်မည့်သင်တန်းသည် Professional သင်တန်းဖြစ်ပြီးအမှန်တစ်ကယ်တတ်မြောက်လိုသောသူများကိုသာ ရည်ရွယ်ထားသည့် သင်တန်းဖြစ်သောကြောင့် သင်တန်းတက်ရောက်မည့်သူများသည် အထက်ပါအချက်အလက်များကို လက်ခံပြီးအမှန်တစ်ကယ်တတ်မြောက်လိုမှသာ သင်တန်းကြေးသွင်းရန်လိုအပ်မည်ဖြစ်သည်။ အကယ်၍သင်တန်းကြေးသွင်းပြီးသင်တန်းသို့လာရောက် ခြင်းမရှိပါကထိုသင်တန်းသား/သူ သည် Ubuntu Myanmar LoCo Team ဖွင့်လှစ်သင်ကြားသော Professional Class များကို ၂ ကြိမ်တိုင်တိုင်တက်ရောက်ခွင့်ပိတ်ပင်ခြင်းခံရမည်ဖြစ်သည်။
မှတ်ချက်။ ။ စည်းကမ်းချက်များနှင့်ပါတ်သတ်၍မရှင်းလင်းသည့်အချက်များ၊ မကျေနပ်ချက်များ ရှိပါက Chit Ko Ko Win – (09250149874), Ethan Kurt (09422452222) သို့ တိုက်ရိုက်ဆက်သွယ်၍မေးမြန်းနိုင်ပါသည်။
Related posts
The Call for Participation is now open for Ubuntu 22.04 Release Party
To celebrate the new release of the popular free and open source GNU/Linux distribution Ubuntu 22.04, we are going to hold a release party. The event will take place on the 1st of…
1 min read
Meet ya Linux Foolish Guys
We had facing a lot of problem. Internet access, Electronic power, Mental and Physical issues …. all about is because of Military Coup. Sometimes feeling guilty, we are selfish ?…
1 min read
Ubuntu 21.10 Install Demo
Ubuntu 21.10 Is released. https://releases.ubuntu.com/21.10/ https://youtu.be/pQBL0dDYWxI Estimate: 10 Min Play Speed: x4
1 min read



