Skip to content
PI

Introduction to PI

Negative

Contributor

1 min read

What is Raspberry Pi?

Raspberry Pi ဆိုတာ Credit Card Size သာသာပဲရှိပြီး TV , Keyboard နဲ့ ချိတ်အသုံးပြုရတဲ့ Micro Computer ဖြစ်ပါတယ် ။ ပုံမှန် PC တွေလိုပဲ ရုံးသုံး အလုပ်တွေ Game တွေ ကစားနိုင်ပါလိမ့်မယ် ။

2. ဘယ်နေရာတွေမှာဝယ်နိုင်မလဲ ?

http://www.farnell.com/ နဲ့ http://uk.rs-online.com/web/generalDisplay.html?id=raspberrypi တွေ မှာဝယ်ယူနိုင်ပါတယ် ။

3. တစ်ခုကို ဘယ်လောက်ကျနိုင်မလဲ ?

Model A အတွက် US Dollar 23$ Model B အတွက် US 35$ ကျသင့်ပါ့မယ် ။

4.Model A နဲ့ Model B ဆိုတာ ဘာတွေကွာပါသလဲ ?

Model A မှာ 256 RAM , USB Port တစ်ခု , Network Connection ချိတ်လို့မရပါ ။ Model B မှာတော့ 512 RAM , USB Port ၂ ခု နဲ့ Network ချိတ်ဖို့ Ethernet Port တစ်ခုပါပါလိမ့်မယ် ။

5.Raspberry PI ရဲ့ Dimension တွေကိုသိပါရစေ

Raspberry PI ရဲ့ Dimension ကတော့ 85.60mm x 56mm x 21mm ပါ Projector က ဒီ့ထက်ကြီးရင်တော့ SD Card Loading နည်းနည်းကြာပါလိမ့်မယ် ။

6. Overclock လုပ်နိုင်မလား?

ပုံမှန် Device တွေအတွက်တော 800MHz နဲ့ ကောင်းကောင်းကြီးအလုပ်လုပ်ပါတယ် ။ ဒါပေမယ့် Rasbian မှာ Overclocking options တွေပါဝင်ပါတယ် ။

7.Power အဖွင့် အပိတ်ခလုပ်လည်း မတွေ့ပါလား?

ပါဝါပိတ်ချင်ရင် ပလပ်ဖြုတ်လိုက်ပါ ဖွင့်ချင်ရင် ပလပ်တပ်လိုက်ပါ 😛

8.Memory ( RAM ) ထပ်စိုက်လို့ရမလား ၊

Ram ထပ်စိုက်လို့မရပါဘူး

9. ဘာကြောင့် VGA Card Support မပေးပါသလဲ ?

chip က HDMI ကိုပဲ Support လုပ်ပါတယ် ။ ပြောရရင် VGA ဆိုတာ သိပ်မကြာခင်မှာ သေဆုံးတော့မယ် နည်းပညာတစ်ခုပါ ဒီတော့ ကျွန်တော်တို့ HDMI ကိုပဲ အထူးအလေးပြု Support လုပ်ပါတယ် ။

10.HDMI အပေါ်မှာ အသံ Support လုပ်ပါသလား ?

အသံထွက်ပါတယ် ။

11.Power Requirement ဘယ်လောက်ရှိပါသလဲ ?

5V Micro USB နဲ့တင်အလုပ်ဖြစ်ပါပြီ ။

12.ဘယ် Operating System ကို အသုံးပြုပါသလဲ ?

ကျွန်တော်တို့ကတော့ Debian လို OS တွေကိုပဲ ညွှန်းပါတယ် ။

13.Official Programming Language ကိုသိပါရစေ ?

Python ဖြစ်ပါတယ် ။

14.Window Software တွေသုံးလို့ရမလား ?

Wine ရော Window Software တွေရောသုံးလို့ရမှာမဟုတ်ပါဘူး

Ref : http://www.raspberrypi.org/faqs

TaggedPI