GNOME 3.28 ရဲ့ အကောင်းဆုံး Feature အသစ်များ
Pixie
Contributor
3 min read

GNOME 3.28 ဟာ update အကြီးစားတစ်ခုအနေနဲ့ ထွက်ရှိခဲ့တာတော့ မဟုတ်ပါဘူး။ ၂၀၁၇၊ စက်တင်ဘာ မှာထွက်ရှိခဲ့တဲ့ GNOME 3.26 ထက်စာရင်တော့ ရင်ခုန်စရာ အမြင်အပြောင်းအလဲတွေ သိပ်များများစားစားမပါသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ နောက် ၆ လအတွင်း ဘာတိုးတက်ပြောင်းလဲမှုတွေနဲ့ ဘယ်features အသစ်တွေရရှိလာမလည်းဆိုတာကတော့ မျှော်လင့်စရာပါပဲ။
အခုလောလောဆယ်အနေနဲ့တော့ 3.28 မှာဘာတွေများပြောင်းလဲလာလည်းဆိုတာ ကြည့်ကြရအောင်။
ပိုမိုမြန်ဆန်သောရှာဖွေခြင်း : File Favoriting ထည့်လိုက်တဲ့ Nautilusကျွန်တော်တို့အနေနဲ့ အသုံးများတဲ့ file တွေနဲ့ folder တွေကို ရှာဖွေရတာ Nautilus 3.28 မှာပိုပြီးလွယ်ကူသွားပါတယ်။ “Files” တစ်ဖြစ်လည်း File Manager မှာဆိုရင်တော့ system ထဲက file တွေ folder တွေကို ကြယ်အမှတ်အသားလေးတွေ ပြုလုပ်ထားလို့ရပါတယ်။ ကိုယ်အမှတ်အသားလုပ်ထားတဲ့ဟာတွေကို Sidebar မှာ” ကြယ်မှတ်ထားသော” (Starred) ဆိုတဲ့ area အသစ်မှာ လွယ်လွယ်ကူကူပဲ ရယူအသုံးပြုလို့ ရမှာပါ။
file တွေကို ကြယ်မှတ်တာကလည်းလွယ်လွယ်ကူကူပါပဲ။
icon view မှာဆိုရင်တော့ file တွေကို Right-click လုပ်ပေးရပါမယ်
list view အနေနဲ့ ရှိနေတဲ့ file တွေကိုတော့ ဘေးမှာပေါ်နေတဲ့ ကြယ်ပုံလေးကို နှိပ်လိုက်ရုံပါပဲ။
ဒါ့အပြင် Nautilus 3.28 မှာ bug fix တွေအပြင် အခြေခံ code-base မှာပါ အမျ ိုးမျ ိုးသော တိုးတက်ပြောင်းလဲလာမှုတွေပါရှိလာပါတယ်။ ပြီးတော့ middle-click နဲ့လည်း tab တွေပိတ်လို့ရပါသေးတယ်။3.28 မှာဖယ်လိုက်တဲ့ desktop support!
GNOME 3.28 မှာ Nautilus ကနေ desktop support ကိုဖြုတ်လိုက်ပါတယ်။ ဆိုတော့ကာ desktop ပေါ်မှာ ကျွန်တော်တို့ တင်လေ့ရှိတဲ့ icon တွေကို နှုတ်ဆက်ရတော့မှာပါ။ တစ်ကယ်လို့ ကိုယ်က desktop icon တွေကိုအသုံးများတဲ့လူဆိုရင်လည်း ကိစ္စတော့သိပ်မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် Ubuntu 18.04 မှာ တော့ ကျွန်တော်တို့တွေနဲ့ ရင်းနှီး ကျွမ်းဝင်ပြီးဖြစ်တဲ့ desktop experiance ရဖို့ အတွက် Nautilus ဗားရှင်း အဟောင်းဖြစ်တဲ့ 3.26 ကိုပဲ default အနေနဲ့ သုံးထားသေးလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ပဲ အပေါ်မှာပြောထားတဲ့ GNOME 3.28 ရဲ့ file favouriting feature ကိုတော့ Ubuntu 18.04LTS မှာ သုံးလို့ မရနိုင်သေးပါဘူး။
တစ်ကယ်လို့ ကိုယ်ဟာ touch-screen ပစ္စည်းတွေသုံးတဲ့လူဆိုရင်တော့ ပျော်လိုက်ပါတော့။ ဒီ 3.28 မှာပါလာတဲ့ onscreen keyboard ဟာ တော်တော့်ကို ကျေနပ်စရာပါပဲ။ Onscreen Keyboard(OSK) အသစ်ဟာ အသုံးပြုရလည်းလွယ်ကူပါတယ်။ စာရိုက်မယ့်နေရာမှာ ထိလိုက်ရုံ ဒါမှမဟုတ် နှိပ်လိုက်ရုံနဲ့ OSK ပေါ်လာမှာပဲဖြစ်ပါတယ်။ OSK ရဲ့ အနေအထားဟာလည်း စာရိုက်မယ့်နေရာကိုကွယ်မနေတဲ့အတွက် touchscreen သုံးသူတွေအတွက်တော့ တစ်ကယ်ကိုအထောက်အကူဖြစ်စေပါတယ်။
keyboard ပုံစံ အမျိုးမျိုးကို အထောက်အပံ့ပေးတယ်လို့ လည်းဆိုထားပါသေးတယ်။GNOME 3.28 မှာ photos တွေကို USB drive တွေ SD card တွေကနေ တိုက်ရိုက်ထည့်သွင်းလို့ရပါပြီ။
Photos app မှာ တစ်ခြားထပ်ရှိသေးတဲ့ တိုးတက်လာမှုတွေကတော့-
- Shadows & Highlights editing
- Ability to change crop orientation
- Support for zoom gestures
- Option to set edited photo as a wallpaper
- Complete support for EXIF rotation
Metered Bandwidth Toggle
GNOME 3.28 မှာ အင်တာနက်လိုင်းအသုံးပြုနေစဉ် နောက်ကွယ် data အသုံးပြုမှုတွေလျှော့ချဖို့ ရွေးစရာအချက်တစ်ခု အသစ်ပါဝင်လာပါတယ်။
ဒီ metered connection ကိုအသုံးပြုဖို့ဆိုရင်တော့-
၁။ Setting >> Network
၂။ ကိုယ်သတ်မှတ်မယ့် connection ကို select မှတ်ပါ။
၃။ Connection ရဲ့ အသေးစိပ်အချက်အလက်တွေကို ပြင်ဖို့ စက်သွား(cog) ပုံလေးကိုနှိပ်ပါ။
၄။ Metered connection ကိုအသုံးပြုဖို့အတွက် box မှာအမှန်ခြစ်ပေးရပါမယ်။
အသုံးပြုနေတဲ့ Network ကို metered connection အဖြစ်သတ်မှတ်လိုက်ပြီဆိုရင်တော့ GNOME ဟာ ပိတ်နိုင်သမျှ background data တွေကို ရပ်တန့်ပေးမှာပဲဖြစ်ပါတယ်။ အခုထွက်ရှိမှုမှာတော့ auto-update တွေ ဝင်ဝင်လာတာကိုရပ်တန့်ပေးမှာပဲဖြစ်ပါတယ်။
ဒီလိုလုပ်ခြင်းအားဖြင့် background usage အကုန်လုံးကို ထိန်းချ ုပ်နိုင်မယ်လို့တော့ မဆိုလိုပါဘူး။ ကိုယ်သုံးတဲ့ app ရဲ့အနေအထားကိုတော့ ဂရုစိုက်ပေးဖို့လိုပါသေးတယ်။ ဥပမာ- background မှာ YouTube ကို auto-play လုပ်ထားတာမျိ ု းကိုတော့ ပိတ်မပေးနိုင်ပါဘူး ။
ဒါတွေကတော့ GNOME 3.28 ရဲ့ သတိပြုမိစရာ feature အသစ်အချိ ု့ ပဲဖြစ်ပါတယ်။ နောက်ကျန်တဲ့ ထပ်ပါလာဦးမယ့် feature တွေကိုတော့ အလျင်းသင့်သလို ဖော်ပြပေးသွားပါ့မယ်။
Related posts
The Call for Participation is now open for Ubuntu 22.04 Release Party
To celebrate the new release of the popular free and open source GNU/Linux distribution Ubuntu 22.04, we are going to hold a release party. The event will take place on the 1st of…
1 min read
Meet ya Linux Foolish Guys
We had facing a lot of problem. Internet access, Electronic power, Mental and Physical issues …. all about is because of Military Coup. Sometimes feeling guilty, we are selfish ?…
1 min read
Ubuntu 21.10 Install Demo
Ubuntu 21.10 Is released. https://releases.ubuntu.com/21.10/ https://youtu.be/pQBL0dDYWxI Estimate: 10 Min Play Speed: x4
1 min read








