Application Information in Local Language
Ko Ko Ye
Founder
1 min read
Ubuntu Application တွေကို ရှာရ ဖွေရတဲ့နေရာမှာ Windows ဘက်က ပြောင်းလာသူတွေအဖို့ အခက်အခဲတွေများပါတယ်။
နာမည်ကို မသိတာတွေ ရှိနိုင်သလို နာမည်ကြားဖူးပေမယ့် ဘာအတွက် သုံးတာမှန်းလဲ မသိတာ ရှိနိုင်ပါတယ်။ Windows ဘက်က Adobe Photoshop ပဲသိလို့ Acrobat Reader ပဲသိလို့ Microsoft Office ပဲသိလို့ ဒီဘက်မှာ မရှိဘူးလားဆိုတာမျိုးတွေလဲ ကြားရပါတယ်။ Alternative.net မှာလဲ အဲတာမျိုး ရှာလို့ရပါတယ်။
တကယ်တော့ ဘာအတွက် သုံးတာလဲ သိရင် ပုံစံတူ ရှာလို့ရသလို Software နာမည်သိရင်လဲ ဘာအတွက်သုံးတာလဲ ရှာလို့ရပါတယ်။ Categories အလိုက် နာမည်အလိုက် Rank အလိုက် ရှာပြီး တခါတည်း ဆော့ဝဲတွေ သွင်းနိုင်လို့ ပိုပြီးတောင် လွယ်ကူပါသေးတယ်။
ဒါပေမယ့် ကျွန်တော်တိုှု Offline ဖြစ်နေပြီ Software သွင်းဖို့လိုတယ် ဒါမှမဟုတ် သွင်းပြီးသားဖြစ်နေပါတယ်။ ဒါပေမယ့် ဘာအတွက်လဲ ဘာတွေ သုံးတာလဲ မသိနိုင်မယ့် သူတွေအတွက် Offline / Online မြန်မာလို Database လေး လုပ်ပေးချင်ပါတယ်ဆိုရင် အကုန်ကူညီပြီး လုပ်ပေးနိုင်ပါတယ်။
Data တွေ လုံလောက်ရင် Application base / wiki base / ebook / print book / Android Application တွေ ထုတ်ပေးနိုင်မှာပါ။
ကူညီပေးမယ်ဆိုရင် တရက်တခုလေးပဲဖြစ်ဖြစ် စုပေါင်းဖြည့်စွက်ပေးနိုင်ပါတယ်။
တယောက် တခုဖြည့်သွားတာ ဒီအချက်အလက်တွေဟာ ကျွန်တော်တို့ Ubuntu User / Beginner အားလုံးအတွက် အသုံးတည့်ပါတယ်။ ကိုယ်ကူညီရေးသားပေးချင်တဲ့ App ကို https://apps.ubuntu.com/cat/ ကနေ အရင် ရှာထားပြီး အောက်က လင့်ခ် ကို နှိပ်ပြီး တခုခြင်း ဖြည့်စွက်နိုင်ပါတယ်။
Related posts
The Call for Participation is now open for Ubuntu 22.04 Release Party
To celebrate the new release of the popular free and open source GNU/Linux distribution Ubuntu 22.04, we are going to hold a release party. The event will take place on the 1st of…
1 min read
Meet ya Linux Foolish Guys
We had facing a lot of problem. Internet access, Electronic power, Mental and Physical issues …. all about is because of Military Coup. Sometimes feeling guilty, we are selfish ?…
1 min read
Ubuntu 21.10 Install Demo
Ubuntu 21.10 Is released. https://releases.ubuntu.com/21.10/ https://youtu.be/pQBL0dDYWxI Estimate: 10 Min Play Speed: x4
1 min read



