Steam and Dota2 on ubuntu

610

Steam and Dota2 on ubuntu

Gamer တော်တော်များများကတော့ steam နဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။
ဒါပေမဲ့ windows သုံးနေရာကနေ ubuntu ကိုပြောင်းသုံးမယ်လို့ စဉ်းစားလိုက်တဲ့အချိန်မှာ “ငါဆော့နေတဲ့ dota2 က ubuntu မှာရော ဆော့လို့ရပါ့မလား” ဆိုတာကိုစိုးရိမ်ပြီး ubuntu ကိုမသုံးဖြစ်တော့တာမျိုး တွေလည်းရှိခဲ့ဖူးမှာပါ။
အဲ့တော့ ubuntu မှာ steam install လုပ်ပြီး
Dota2 ကစားဖို့ ဘယ်လိုလုပ်ရမလဲ???
Install လုပ်ပုံလုပ်နည်းကလည်း အရမ်းလွယ်ပါတယ်။

Ubuntu repository ကနေ install လုပ်နည်း

$ sudo add-apt-repository multiverse
$ sudo apt-get update
$ sudo apt-get install steam

Manual install လုပ်နည်း
Steam က 32bits architecture မှာပဲ run ပါတယ်
ကိုယ်သုံးနေတဲ့ ubuntu desktop က 32bits ဆိုရင်တော့ အောက်က cmd ကိုကျော်သွားလို့ရပါတယ်
64 bits သုံးနေတယ်ဆိုရင်တော့

$ sudo dpkg --add-architecture i386

( 32bits architecture ကို add ပေးတာပါ)

$ sudo apt-get update

အခြားလိုအပ်တဲ့ package တွေကိုတော့
အောက်က command နဲ့ install လုပ်လိုက်ပါ

$ sudo apt-get install wget gdebi libgl1-mesa-dri:i386 libgl1-mesa-glx:i386 libc6:i386

ပြီးရင်တော့ steam software ကို download လုပ်ပါ
(steam.deb ကို download လုပ်ပါမယ်)

$ wget http://media.steampowered.com/client/installer/steam.deb
$ sudo gdebi steam.deb

Install လုပ်ပြီးရင် steam ကို teminal မှာ “steam” လို့ရိုက် (or) GUI ကနေလည်း ဖွင့်လို့ရပါပြီ။
Steam ရသွားရင်တော့ dota2 ကို သူငယ်ချင်းဆီက backup ကတစ်ဆင့် (or) Steam ထဲကနေ download လုပ်ပြီး ကစားနိုင်ပါပြီ။

*ဒါနဲ့ အရေးကြီးတာလေးကျန်ခဲ့သေးတယ်ဗျ
ကစားတဲ့အချိန်မှာ left Alt key က point ပြရာမှာသုံးတာတော့ ကစားတဲ့သူတွေအကုန်သိပြီးသားပါ။
Ubuntu(unity desktop) မှာက left Alt က HUD ကိုဖော်တဲ့ shortcut ဖြစ်နေတဲ့အတွက်
Point ပြချင်လို့ left Alt ကိုနှိပ်လိုက်ရင်
HUD ပေါ်လာပြီး ဂိမ်းထဲကထွက်သွားတာမျိုးတွေဖြစ်နိုင်တယ် အဲ့လိုပြဿနာမျိုးတွေမဖြစ်အောင် HUD ရဲ့ shortcut, left Alt key နေရာမှာ အဆင်ပြေတဲ့ key တစ်ခုခု (or) Right Alt key ကိုပြောင်းထားပေးလိုက်ပါ။
ပြောင်းဖို့အတွက်

System Settings > Keyboard > Shortcut > Launcher >
Key to show the HUD

နေရာကို click နှိပ်ပြီး
Right Alt key လေးကိုနှိပ်ပေးရုံပါပဲ။

Post by Waiyan WH