Myanmar Net – WPA/WPA2 EAP-TTLS Error

801

Ubuntu သုံးတဲ့သူတွေအတွက် အဓိကကတော့ အင်တာနက်ဆိုရင် ပိုမှန်နေမှာပါ။
ဒီတော့ Wifi ချိတ်မရဘူးဆိုရင် ဘယ်လောက် ဒုက္ခရောက်မလဲ တွေးသာကြည့်ပေါ့။

Myanmar Net လိုင်းက နေရာတော်တော်များများမှာရလို့ တချို့ ဝမ်းသာ အဆင်ပြေကြပေမယ့် တချို့ Ubuntu Debian စက်တွေမှာ ချိတ်မရတဲ့ပြသနာ Login ဝင်မရတဲ့ ပြသနာတွေ တက်ကြပါတယ်။ WIFI EAP-TTLS မှာ Certificate မပါတဲ့ လိုင်းတွေ သုံးတဲ့အခါ Default က Certificate ပါမှ လက်ခံတော့ Login ဝင်မရဖြစ်တတ်ပါတယ်။

၁) အဟောင်းရှိနေလို့ အသစ်အနေနဲ့ ထပ်မချိတ်တာ အတွက်ကတော့ 

/etc/NetworkManager/system-connections အောက်က Myanmar Net ဆိုတဲ့ ဖိုင်ကို ဖျက်လိုက်ပါ။ သူ့ SSID က ရှေ့မှာ Whitespace ပါနေလို့ Myanmar ဆိုပြီး ရိုက်ရှာရင် မတွေ့ပါဘူး။ ls နဲ့ဖြစ်ဖြစ် grep နဲ့ဖြစ်ဖြစ် ရှာလိုက်ပါ။

၂) ချိတ်လို့ရတယ် Login ဝင်လို့ မရဘူးဆိုတဲ့ သူတွေအတွက်ကတော့

Myanmar Net ဆိုတဲ့ ဖိုင်ကို ဖွင့်ပြီး system-ca-certs=true ဆိုတဲ့ လိုင်းကိုရှာပါ system-ca-certs=false လို့ပြောင်းပေးပါ။

တကယ်လို့ system-ca-certs=true ကို ရှာမတွေ့ခဲ့ရင် [802-1x] ဆိုတဲ့ section ထဲမှာ အောက်ဆုံးက သွားပြီး system-ca-certs=false လို့ ရေးပြီး သိမ်းလိုက်ပါ။

System ဖိုင်တွေ ဖြစ်တဲ့အတွက် sudo နဲ့ သုံးရပါလိမ့်မယ်။

sudo nautilus /etc/NetworkManager/system-connections 

ဒီကနေ gedit ပဲ သုံးမယ်ဆိုလဲ ရပါတယ်။