KeyMagic 1.5.2 Trusty Tahr (ibus-keymagic) အတွက် PPA ကို ရေးသားပြီးဖြစ်ပါသည်။
Internet ချိတ်ဆက်မထားသော Ubuntu များအတွက် ထည့်သွင်းအသုံးပြုနည်း
မိမိစက်၏ Processor အမျိုးအစားကို System System > Detail တွင်ကြည့်ပါ။ ကိုက်ညီသော Version ကို Download ရယူပါ။
Terminal ကို အသုံးပြုပြီးလည်း ကြည့်ရှုနိုင်ပါသည်။ Ctrl+Shift+T
uname -imp
Ubuntu 14.04 Trusty Tahr အတွက်
12.04 ကဲ့သို့သော Version အဟောင်းများအတွက် keymagic.googlecode.com မှ သွားရောက် ရယူအသုံးပြုနိုင်မည်ဖြစ်ပါသည်။
Download ရယူထားသော ဖိုင်များကို Click ဖြင့်သော်၎င်း Terminal မှသော်၎င်း ထည့်သွင်း အသုံးပြုနိုင်ပါသည်။
Terminal မှ ထည့်သွင်းအသုံးပြုရန် sudo dpkg -i ~/Downloads/ibus-keymagic*.deb
သို့မဟုတ်
sudo dpkg -i
ဟု Terminal တွင် ရိုက်ပြီး Download ရယူထားသောဖိုင်ကို Drag ဆွဲပြီး Terminal ပေါ်သို့ တင်ပါကလည်း ရပါသည်။
ထိုသို့ပြုလုပ်ပါက အောက်ပါ အတိုင်း ပေါ်လာပါလိမ့်မည်။
Enter ခေါက်ပြီးအတည်ပြုပါ။ Password တောင်းပါလိမ့်မည်။
Password ရိုက်ချျိန်တွင် Security Reason အရ အခြား OS/Web များတွင်ကဲ့သို့ **** ပင်ပေါ်မည်မဟုတ်ပါ။
မှန်ကန်အောင် ရိုက်သွင်းပြီး Enter ခေါက်ပါ။
အကယ်၍ Error တစ်စုံတစ်ရာ ပေါ်ပေါက်ပါက Error Log များကို မှတ်သား၍ အကြောင်းကြားပေးရန် မေတ္တာရပ်ခံပါသည်။