Linux BootCamp Note
Linux BootCamp Note via Thura Hlaing
Samba Configuration
Ubuntu 16.0.4 တွင် samba server installation and configuration ပြုလုပ်နည်းကို ပြောပြပေးသွားပါမည်။ Samba ဆိုသည်မှာ File Server တစ်မျိုးဖြစ်ပြီး Linux နှင့် တခြား OS တို့ကို ချိတ်ဆက်ပေးနိုင်မည်ဖြစ်ပါသည်။ ယခုအချိန်တွင် Samba Server version 4.4.4 အထိ ထွက်နေပါပြီ။ www.samba.org တွင် Offline Package အနေဖြင့်လည်း ဒေါင်းနိုင်ပါသည်။ ယခု samba server ကို မိမိစက်ထဲသို့ install လုပ်ကြပါမည်။ သင်သိပြီးဖြစ်သည့် terminal ခေါ်လိုက်ပါ။ Ctrl+Alt+T တွဲနှိပ်လျင် terminal ကို ရောက်ပါသည်။ install command က သိတဲ့အတိုင်း sudo apt-get […]
Installing Gitbucket with Oracle Glassfish
Github အသုံးပြုနေသူတွေ Online ပေါ်မတင်ဘဲကိုယ့်ရုံးတွင်း Local မှာ Github လို User Interface နဲ့ Git Server တစ်ခုထားချင်တယ်ဆိုတဲ့သူတွေအတွက် Gitbucket ကိုမိတ်ဆက်ပေးချင်ပါတယ် ။ အလားတူ Local Git Server ထောင်လို့ရတဲ့ လူသုံးများတဲ့ တခြားဟာတွေရှိပါသေးတယ် ။ အဲ့ဒီထဲက Gitbucket ကိုလည်း စမ်းသပ်အသုံးပြုကြည့်စေချင်ပါတယ် ။ What is Gitbucket? Gitbucket ဆိုတာ Scala နဲ့ Develop လုပ်ထားတဲ့ Github Clone တစ်ခုဖြစ်ပါတယ် ။ Takezoe ဆိုတဲ့ ဂျပန်လူမျိုး Developer တစ်ယောက်ဖန်တီးခဲ့တာဖြစ်ပါတယ် ။ Github အတိုင်းအသုံးပြုနိုင်ပါတယ် ။ မူရင်းကိုတော့ – https://github.com/gitbucket/gitbucket မှာသွားကြည့်နိုင်ပါတယ် ။
Ubuntu MM Core Member – Guide and Project
Ubuntu-MM_Core-Member Core-Member_Project
How To Use Eastern Languages in Sublime Text Editor
Sublime Text Editor အသုံးပြုသူတွအေနေနဲ့ Sublime Text Editor မှာ English မဟုတ်တဲ့ တခြားဘာသာစကားတွေရိုက်ချင်ရင် အောက်ပါအတိုင်းပြင်လို့ရပါတယ် ။ Terminal မှာတစ်ကြောင်းချင်းရိုက်ပါ။ cd .config/sublime-text-3/Packages/ git clone https://github.com/seanliang/ConvertToUTF8.git ဒါဆိုရင် Sublime Text မှာအရှေ့တိုင်းဘာသာစကားတွေဖြစ်တဲ့ ဂျပန်။တရုတ်။ကိုရီးယား စာတွေဖတ်လို့ရပါပြီ။ ဒါပေမယ့် စာတော့ရိုက်လို့ရဦးမှာမဟုတ်သေးပါဘူး။ ဒါ့ကြောင့် အောက်ပါအတိုင်းထပ်လုပ်ဖို့လိုပါသေးတယ် ။ cd .config/sublime-text-3/Packages/ https://github.com/xgenvn/InputHelper.git ဒါတွေလုပ်ပြီးသွားလို့ရှိရင် Sublime ကိုဖွင့်ထားတယ်ဆိုရင် ပိတ်ပြီးပြန်ဖွင့်လိုက်ပါ ။ English မဟုတ်တဲ့ တခြားစာတွရေိုက်ထည့်မယ်ဆိုရင် Ctrl+Shift+Z ကိုနှိပ်လိုက်ပါ ။ Prompt Box တစ်ခုပေါ်လာမှာဖြစ်ပြီး အဲ့ဒီကနတေဆင့် ကိုယ်ရိုက်ထည့်ချင်တဲ့စာကိုရိုက်ထည့်လို့ရပါပြီ။
Installing Sublime text editor and Atom
Ubuntu user တွေအနေနဲ့ အထူးသဖြင့် Coding ရေးရတဲ့ သူတွေအတွက်အသုံးဝင်တာတဲ့ Text Editor တစ်ခုကတော့ Sublime Text Editor ပဲဖြစ်ပါတယ်။တခြား Editor တွေလည်းရှိပါသေးတယ် ကျွန်တော်က Sublime သုံးနေတာမို့ Sublime အကြောင်းပဲအရင်ပြောချင်ပါတယ် ။ Sublime ကိုသူ့တရားဝင် Website ဖြစ်တဲ့ http://www.sublimetext.com/ မှာTar File အနေနဲ့ ဒေါင်းလုတ်သွားဆွဲပြီး စက်ထဲထည့်လို့ရပါတယ်။ အဲ့လိုမဟုတ်ပဲ Command Line /Terminal ကနေ ထည့်လို့လည်းရပါတယ်။ အရင်ဆုံး Sublime Text ကိုထည့်မယ်ဆိုရင် Repository တစ်ခု Add ပေးရပါတယ် ။ sudo add-apt-repository ppa:webupd8team/sublime-text-2 or sudo add-apt-repository ppa:webupd8team/sublime-text-3 (ကိုယ်လိုချင်တဲ့ Version […]
LEMP(Linux , NginX , MariaDB , PHP)
Web Development Environment နဲ့ပတ်သက်ရင် LAMP (Linux, Apache , MySQL , PHP ) ရှိသလို LEMP(Linux, Nginx, MariaDB , PHP ) ဆိုတဲ့ အတွဲလည်းသုံးလို့ရပါတယ် ။ အဲ့ဒါတွေတင်ဖို့ခေါင်းရှုပ်မခံချင်ရင်တော့ XAMPP ကိုသာသုံးပါ ။ Xampp ကို https://www.apachefriends.org/ မှာဒေါင်းလို့ရပါတယ် ။ အခုကတော့ LEMP အကြောင်းပြောမှာဖြစ်ပါတယ်။ Nginx Nginx ကို Engine X လို့အသံထွက်ပါတယ်။ Igor Sysoev လို့ခေါ်တဲ့ Russian Developer တစ်ယောက်တီထွင်ခဲ့တာဖြစ်ပါတယ် ။ Opensource Web server တစ်ခုဖြစ်ပြီး Apache ပြီးရင် ဒုတိယလူသုံးအများဆုံးဖြစ်ပါတယ် ။ တတိယလူသုံးအများဆုံးက […]
Ubuntu ရဲ့ Grub(os menu) & Splash Screen ကို customize လုပ်ကြည့်မယ်
Ubuntu အသုံးပြုသူတွေအနေနဲ့Grub ဆိုတဲ့စကားလုံးနဲ့ရင်းနီးကြမှာပါ။Ubuntu install လုပ်ထားတဲ့ စက်ကို power on လိုက်တာနဲ့Grub(os loader) ကိုတွေ့ရမှာပါပဲ။ Grub ရဲ့ Background ကို စိတ်ကြိုက် ပုံတွေထည့်တာ resolution ကိုပြင်တာတွေ ကိုပြုလုပ်ချင်သူတွေအတွက်က Super Boot Manager ဆိုတဲ့ app နဲ့ ပြုလုပ်နိုင်ပါတယ်။ Grub ရဲ့နောက်ခံကို ပြောင်းရုံတင်မက Burg, Playmouth ကိုပါ customize လုပ်နိုင်ပါတယ်။ default theme တွေလည်းအများ ကြီပါပါတယ်။ ဒီ tutorial မှာတော့ Grub ရဲ့background ပြောင်းတာနဲ့ Splash Sceen ကိုcustomize လုပ်တာကိုလေ့လာသွားမှာဖြစ်ပါတယ်။ ကဲ Super Boot Manager ကို install […]
Hack4Kids { Hacking for Kids }
ကလေးများ Hacking ဖြင့် ရင်းနှီးစေရန် ရည်ရွယ်၍ Ubuntu Myanmar LoCo Team မှ ကလေးငယ်များအတွက် Computer / Electronic Hacking အခြေခံများကို ပျော်ရွှင်စွာ သင်ကြားနိုင်ရန် စီစဉ်လျှက်ရှိပါသည်။ သင်တန်းတွင် Linux History Basic Command Raspberry Pi GPIO Foolish Library in Python How to find Open Project for Hack Drone Electronic Hacking Apply in your room Joke with Makey Makey စသည်ဖြင့် လိုအပ်သလို ဖြည့်စွက် သင်ကြားသွားမည်ဖြစ်ပါသည်။ သင်တန်းကို မေလ ၁၆ ၁၇ စနေ တနင်္ဂနွေ ၂ ရက်သာ […]
Keymagic 1.5.2 (ibus-keymagic) – deb download
KeyMagic 1.5.2 Trusty Tahr (ibus-keymagic) အတွက် PPA ကို ရေးသားပြီးဖြစ်ပါသည်။ Internet ချိတ်ဆက်မထားသော Ubuntu များအတွက် ထည့်သွင်းအသုံးပြုနည်း မိမိစက်၏ Processor အမျိုးအစားကို System System > Detail တွင်ကြည့်ပါ။ ကိုက်ညီသော Version ကို Download ရယူပါ။ Terminal ကို အသုံးပြုပြီးလည်း ကြည့်ရှုနိုင်ပါသည်။ Ctrl+Shift+T uname -imp Ubuntu 14.04 Trusty Tahr အတွက် amd64 i386 12.04 ကဲ့သို့သော Version အဟောင်းများအတွက် keymagic.googlecode.com မှ သွားရောက် ရယူအသုံးပြုနိုင်မည်ဖြစ်ပါသည်။ Download ရယူထားသော ဖိုင်များကို Click ဖြင့်သော်၎င်း Terminal မှသော်၎င်း ထည့်သွင်း […]