Ubuntu အခြေခံ တက်ရောက်ပြီးသူများ Server တန်းခွဲ မကြာမီဖွင့်လှစ်မည်
Ubuntu-MM မှ Basic တန်းခွဲ သို့ တက်ရောက်ဖူးသူမည်သူမဆို Ubuntu-MM / FOSS Myanmar / OSS – One Stop Service မှ ဖွင့်လှစ်သော Server နှင့် SysAdmin သင်တန်းများကို တိုက်ရိုက် တက်ရောက်နိုင်မည်။ ပြင်ပမှ တိုက်ရိုက်တက်ရောက်လိုသူများ အနေဖြင့် ဝင်ခွင့် ဖြေဆိုပြီး အောင်မြင်မှသာ တက်ရောက်နိုင်မည်ဟု သိရသည်။ အသေးစိတ် သိရှိလိုပါက Facebook page မှသော်၎င်း Email ပို့၍သော်၎င်း မေးမြန်း စုံစမ်းနိုင်ပါသည်။
LINUX SysAdmin – {Linux System Administration Course}
Ubuntu Myanmar LoCo Team မှ Linux System Administration (Module 2) ကို 25/July/2015 တွင်စတင်ဖွင့်လှစ်မည်ဖြစ်သည်။ ယခု Module သည်လည်း 1st Module ကဲ့သို့ Money Back System ဖြင့်သင်တန်းပို့ချပေးသွားမည်ဖြစ်သည်။ တက်ရောက်လိုသောသင်တန်းသား/သူ များသည် 1st module ကဲ့သို့ ပင်သင်တန်းကြေးကို 23/July/2015 ကြာသာပတေးနေ့ ည ၁၂ နာရီ အချိန်နောက်ဆုံး ထား၍အောက်တွင် ဖေါ်ပြထားသော Bank Account သို့ပေးပို့ရမည်ဖြစ်ပါသည်။ 23/July/2015 နေ့ နောက်ဆုံးဝင်လာသော Transaction ကိုသာလက်ခံမည်ဖြစ်ပြီး ထိုအကောင့်ထဲသို့မရောက်လာသော Transaction များကိုလက်ခံ၍ စဉ်းစားပေးမည်မဟုတ်ပါ။ (အခြားဘဏ်မှငွေလွဲ၍သတ်မှတ်ထားသော Bank Account ထဲသို့ 23/July/2015 နောက်ပိုင်းမှဝင်ရောက်လာသော Transaction များအတွက် Ubuntu Myanmar LoCo […]
LINUX SysAdmin – {Linux System Administration Course}
Ubuntu Myanmar LoCo Team မှ Linux System Administration Course (Module 6 ခု) ကို တစ်ပါတ် Module 1 ခုနှုန်းဖြင့် ၆ ပါတ်ဖွင့်လှစ်မည်ဖြစ်ပြီး Module 1 ကို 11/July/2015 တွင်စတင်ဖွင့်လှစ်မည် ဖြစ်သည်။ Module 1 and 2 ကို Money Back System ဖြင့်သင်တန်းပို့ချပေးသွားမည်ဖြစ်ပြီး Module 3 မှစတင်၍ သင်တန်းတက်ရောက်လိုသူများသည် သတ်မှတ်ထားသော သင်တန်းကြေး ငွေပမာဏကို ပေးသွင်းရန် လိုအပ်မည်ဖြစ်သည်။ (မှတ်ချက်။ ။ ထိုသွင်းထားသောငွေသည်သင်တန်းကြေးဖြစ်ပြီး Module 1 and 2 တွင်ပြုလုပ်သကဲ့သို့ သင်တန်းကြေးကို ပြန်လည်ထုတ်ယူနိုင်မည် မဟုတ်ပါ။) Module 1 Start […]
Department of Meteorology and Hydrology – Ubuntu Class
At the 2nd week of May 2015, Ubuntu Myanmar LoCo Team has been invited by the Ministry of Transportation, Department of Meteorology and Hydrology to provide a lecture about Ubuntu. Four members of Ubuntu Myanmar LoCo Team, Ko Ko Ye’, Chit Ko Ko Win, Nay Myo Hlaing @ Ethan Kurt and Tho Hi had been provided two […]
Hack4Kids { Hacking for Kids }
ကလေးများ Hacking ဖြင့် ရင်းနှီးစေရန် ရည်ရွယ်၍ Ubuntu Myanmar LoCo Team မှ ကလေးငယ်များအတွက် Computer / Electronic Hacking အခြေခံများကို ပျော်ရွှင်စွာ သင်ကြားနိုင်ရန် စီစဉ်လျှက်ရှိပါသည်။ သင်တန်းတွင် Linux History Basic Command Raspberry Pi GPIO Foolish Library in Python How to find Open Project for Hack Drone Electronic Hacking Apply in your room Joke with Makey Makey စသည်ဖြင့် လိုအပ်သလို ဖြည့်စွက် သင်ကြားသွားမည်ဖြစ်ပါသည်။ သင်တန်းကို မေလ ၁၆ ၁၇ စနေ တနင်္ဂနွေ ၂ ရက်သာ […]
Ubuntu Myanmar LoCo Team – Resource
Ubuntu Myanmar LoCo Team Repository is coming this weeks Kanaung Hub – Incubation Center Building 14, 4th Floor, (MICTDC) MICT Park, Hlaing University Campus Hlaing Township, Yangon. Myanmar 09450022022,
Ubuntu & Raspberry Pi Class – March 21~22 2015
Ubuntu Myanmar LoCo Team ရဲ့ ပုံမှန်ဖွင့်လှစ်နေမြဲ သင်တန်းတွေ မဖွင့်ဖြစ်တာကြာပါပြီ။ #FOSSMyanmar ဆိုပြီး Community တွေအကုန်လုံးစုနိုင်ဖို့ လုပ်တဲ့ကိစ္စမှာ နည်းနည်း စိတ်ရောက်ပြီး ကျန်တာ ဘာမှ မလုပ်နိုင်ဖြစ်သွားတယ်။ FOSS Asia ပွဲတောင် Ubuntu-MM အနေနဲ့ FOSS အကြောင်းပြောဖို့ Slot ယူထားပြီး Member တွေ မအားလို့ မတက်ဖြစ်လိုက်ပါဘူး။ ဒီတခေါက် သင်တန်းအကြောင်းလေးကို နည်းနည်း ပြောပြချင်ပါတယ်။ ပထမဆုံး MBS လို့ခေါ်တဲ့ Money Back System သုံးထားပါတယ်။ အဲတာကို post အဟောင်းမှာ ရှာဖတ်နိုင်ပါတယ်။ နောက်တခုက အရင်တုန်းက ၁၀ နာရီစာ course တွေကို ၁ ရက်ထဲနဲ့ ၁၀ နာရီပြည့်အောင် ပေါင်းပြီး သင်တာမျိုး လုပ်ခဲ့ပါတယ်။ […]
Money Back System
Money Back System ဆိုသည်မှာ သင်တန်းကြေး ပေးသွင်းထားပြီး သင်တန်းတက်ရောက်မှု အချိန်နှင့် နေ့ရက် ပြည့်မှီပါက ၁၀၀% ပြန်လည်ပေးအပ်သည့် စနစ်ကို ဆိုလိုပါသည်။ သင်တန်းကို ပျက်ကွက်မှုရှိပါက ၂၀% မှ ၁၀၀% အထိ ဒဏ်ကြေး ဖြတ်တောက်နိုင်ပါသည်။ အဘယ်ကြောင့် MBS ကို သုံးရပါသနည်း သင်တန်းပြုလုပ်ရာတွင် နေရာအခက်အခဲ ထိရောက်စွာ သင်ကြားနိုင်ရေးနှင့် အခြားသော အခက်အခဲများအတွက် လူဦးရေကို ကန့်သတ်ရပါသည်။ လူဦးရေကန့်သတ်ရာတွင် ဦးရာလူစနစ်ဖြင့် ကန့်သတ်ပါက အခမဲ့ဖြစ်သဖြင့် စိတ်မဝင်စားပဲ မှတ်ပုံတင်ခြင်းကြောင့် အမှန်တကယ်တက်ရောက်လိုသူများ နစ်နာနိုင်စေခြင်း မှတ်ပုံတင်ပြီးမှ မလာရောက်သဖြင့် တက်ရောက်လိုသူများအတွက် နစ်နာနိုင်စေခြင်း အခမဲ့ဖြစ်သဖြင့် စိတ်မဝင်စားပဲ လာရောက်ပြီး စကားများနေခြင်း / အင်တာနက် သုံးနေခြင်း သင်တန်းကို တစ်ပိုင်းတစ်စနှင့် ထွက်ခွာခြင်းတို့ကြောင့် သင်တန်းသားများနှင့် ဆရာများကို စိတ်အနှောက်အယှက်ဖြစ်စေခြင်း စသည်တို့ကြောင့် နည်းလမ်းများစွာထဲမှ […]