Camicri Cube: An Offline And Portable Package Management System

645

Ubuntu မှာ Software တွေ သွင်းဖို့ Internet လိုနေတဲ့ အတွက် စိတ်ပျက်ဖူးပါသလား ?

Software တွေကို သူတို့ရဲ့ မူရင်း Website မှာ Download ချပြီး Manually Install လုပ်လို့တော့ ရပါတယ် ။ ဒါပေမယ့် Dependencies တွေ အဆင်မပြေလို့ စိတ်ညစ်ရဖူူးပါသလား ?

ဒါဆိုရင် Camicri Cube က သင့် အတွက် ဖြစ်ပါလိမ့်မယ် ။

1.What is Camicri Cube?

Camicri Cube ဆိုတာကတော့ Ubuntu Software Center လိုပဲ Package Manager ဖြစ်ပါတယ် ။

သူ့ကို USB Drive ကလေးမှာသွင်းထားလိုက်ပါ ။ ပြီးရင် တခြား Internet ဆိုင်က စက်မှာ မိမိ နှစ်သက်တဲ့ Software ကို Camicri Cube ရှိတဲ့ Stick ကလေးထဲက သွားသွင်းထားလိုက်ပါ ။ ပြီးတာနဲ့ အိမ်ပြန်ရောက်ရင် Internet မရှိတဲ့ စက်မှာ ခုနက သွင်းခဲ့တဲ့ Software လေးကို ပြန်သွင်းနိုင်ပါပြီ ။

သူဟာ အိမ်က စက်ရဲ့ OS Detail နဲ့ အခြား Information အတိအကျကို ယူပြီး မှတ်ထားမှာ ဖြစ်တဲ့အတွက် Dependencies တွေ အဆင်မပြေတာမျိုး ဖြစ်မှာ မဟုတ်ပါဘူး ။

cube

2. Installation

တကယ်လို့ Camicri Cube ကို Download ဆွဲချင်တယ်ဆိုရင်တော့

သူ့ရဲ့ Official Launchpad Website ဖြစ်တဲ့

https://launchpad.net/camicricube ဖြစ်စေ

Sourceforge က ဖြစ်စေ

http://sourceforge.net/projects/camicricube/ ဖြစ်စေ

အောက်က Command နဲ့ ဖြစ်စေ

wget http://sourceforge.net/projects/camicricube/files/Camicri%20Cube%201.0.9/cube-1.0.9.2_64bit.zip/

Download ဆွဲ ရယူနိုင်ပါတယ် ။

3.Usage

  1. ပထမဆုံး အနေနဲ့ Download ချပြီး ယူထားတဲ့ Zip File ကို Right Click ထောက်ပြီး Extrack လုပ်လိုက်ပါ ။
  2. ပြီးတာနဲ့ cube ဆိုတဲ့ Folder ထဲကို သွားပါ
  3. cube-normal ဆိုတဲ့ File ကို နှိပ်ပါ ။ Run ဆိုပြီး တောင်းရင် Run လိုက်ပါ ။ ဒါဆိုရင် သူ့ Software တက်လာပါ လိမ့်မယ်

3.1 Creating Project and Setting Up

ပထမဆုံး ကျွန်တော်တို့ စတင် အသုံးပြုဖို့ အတွက် Camicri Cube မှာ Create Project ဆိုပြီး စလုပ်ပါ့မယ် ။

cube

နောက်ပြီးရင်တော့ Repo အသစ်တွေများရှိသလား ရှိရင် Download List အတွက် Update လုပ်ပေးဖို့ တောင်းဆိုမှုတွေ ပြုလုပ်ပါလိမ့်မယ် ။ အခုတော့ အိမ်က စက်ဖြစ်နေတဲ့အတွက် အင်တာနက်မရှိတာေ ကြာင့် Cancel ဆိုပြီးပဲ ထားလိုက်ပါတယ် ။

2 download new repo camicri

Repo တွေ Download လုပ်ဖို့ မလိုတဲ့ အတွက် သူ့ရဲ့ မူရင်း Folder ရှိရာကိုပဲ ပြန်သွားလိုက်ပါ ။ Project ဆိုတဲ့ Folder အောက်မှာ ခုနက Create လုပ်ခဲ့တဲ့ Project Folder တစ်ယောက် ရောက်နေတာ တွေ့ရပါလိမ့်မယ် ။

3 cube folder camicri

အဲ့ဒီ့ Folder ထဲမှာတော့ အိမ်က အင်တာနက်မရှိတဲ့ စက်ရဲ့ Information တွေ ပါဝင်ပါတယ် ။

ဒါဆိုရင် ရပါပြီ Cube Folder လိုက်ကြီးကို USB Drive ထဲကို ထည့်ပြီး အင်တာနက်ဆိုင် တစ်ဆိုင် ကို ယူသွားလို့ရပါပြီ ။

3.2 Downloading Apps in interconnected devices

တကယ်လို့ အင်တာနက် ဆိုင်က စက်က Windows ဖြစ်ရင်တော့

Gsharp ဆိုတာကို အရင် သွင်းထားဖို့လိုပါတယ် ။

GtkSharp : http://download.xamarin.com/GTKforWindows/Windows/gtk-sharp-2.12.21.msi

.Net Framework မရှိရင် .Net framework ပါ သွင်းထားဖို့လိုပါတယ် ။

DotNet 4.0  : http://www.microsoft.com/en-us/download/details.aspx?id=17718

USB Drive ထဲက Cube Folder တစ်ခုလုံးကို My Document Folder အောက်မှာ ထားပြီး cube.exe ကို ရှာ ဖွင့်လိုက်ပါ ။

ဒါဆိုရင်အောက်မှာ Open Existing Projects ဆိုတာကို တွေ့ပါလိမ့်မယ် ။ Open လိုက်ပါ ။

4 open project camicri

ဒီ တကြိမ်မှာတော့ ကျွန်တော်တို့ အနေနဲ့ Internet လည်း ရှိနေတဲ့ အတွက် Repo တွေကို Update လုပ်ပါ့မယ် ။

5 download repo camicri

တချို့ Software တွေ Out of Date ဖြစ်နေတယ် ။ Update Version အသစ် ထွက်နေတယ်ဆိုရင်လည်း တခါထဲ Download ချလို့ရပါတယ် ။

6 update

ပြီးရင်တော့ ကျွန်တော်တို့ လိုချင်တဲ့ Software ကို ရှာပြီး Download လုပ်လို့ရပါပြီ

6 update

အခုတော့ ကျွန်တော်တို့ Game လေး တစ်ခုကို စမ်းပြီး Download ချကြည့်ရအောင် ။

7 download software

ဒါဆိုရင်တော့ Download လုပ်နေတာ တွေ့ရပါလိမ့်မယ် ။ လိုအပ်တဲ့ Dependencies တွေစစ်ပြီး Download စလုပ်တာ တွေ့ရပါတော့မယ်

8 checking packages

9 downloading packages camicri

3.3 Installing in your PC

Cube Folder ကို နှစ်သက်ရာ နေရာမှာ ကူးယူလိုက်ပြီး ဒီ တစ်ခါတော့ ပထမ တစ်ခါတုန်းကလို cube-normal မဟုတ်ပဲ cube-superuser ဆိုတာကို ဖွင့်လိုက်ပါ ။

10 adding to pc

11 super user camicri

Super User ဆိုတဲ့ Alert ကလေးကို တွေ့ရမှာ ဖြစ်ပါတယ် ။ ဒါဆိုရင်တော့ ခုနက Download ဆွဲထားတဲ့ App တွေကို ပြန်သွင်းနိုင်ပြီ ဖြစ်ပါတယ် ။ Update လုပ်ထားတာတွေရော ပါ အကုန်သွင်းချင်တယ်ဆိုရင်တော့ Mark All Download ကို ရွေးလိုက်ပါ ။

12 mark downloads camicri

ဒါမှ မဟုတ် မိမိ နှစ်သက်ရာ တစ်ခုထဲကို ပြန်သွင်းမယ်ဆိုရင်လည်း ရပါတယ် ။ ရွေးချယ်ပြီး Install လုပ်ပေးရုံပါပဲ ။

13 mark this camicri

14 install this

Install ဆိုတာကို လုပ်ပြီး စတင် အသုံးပြု ဆော့ကစားနိုင်ပါပြီ ။

16 starting app