ကျွနု်ပ် နှင့် သူတို့ပြောသော Ubuntu အကြောင်း : 1
Negative
Contributor
2 min read
အမှန်အတိုင်း ဝန်ခံရရင် Ubuntu အကြောင်း ပို့စ်တွေ သိပ်မရေးဖြစ်ပါ ။ အလုပ်ကိစ္စ Ghost Area , Self-study တွေနဲ့တင်လည်ထွက်နေသည် ။ ဟိုတနေ့ကတော့ ကိုကိုရဲ Subdomain ပေးမယ်ဆိုလို့ Sub-domain ကလေးခွဲပြီး Ubuntu Guide လေးတွေမှန်မှန်ရေးဖို့ စဉ်းစားမိ၏ ။ မိတ်ဆက်စကားဦးလည်းရှည်သွားလို့ ဆောင်းပါးလေးကိုစကြပါစို့ 😀
အခုဆောင်းပါးက ကျွနု်ပ် Ubuntu သုံးစဉ်တစ်လျှောက် ကြားရသမျှ နာရသမျှ အသံတွေကို ပြန်လည်တင်ပြခြင်း ကျွနု်ပ်၏ အမြင်နှင့် ပြန်လည်ဖြေရှင်းခြင်းဖြစ်ပါသည် ။
1.Ubuntu is better than Window

Ubuntu User များနဲ့ Window User များအမြဲဖြစ်နေကျ ပြဿနာဖြစ်သည် ။ Ubuntu သမားများက Ubuntu ကောင်းသည်ဟုထင်ပြီး Window သမားများက Window ကောင်းသည်ဟုထင်တယ် ။
ကျွန်တော့်အမြင်အရပြောရရင် တချို့နေရာတွေမှာ Window က ပိုကောင်းပြီး တချို့နေရာတွေမှာ Ubuntu က ပိုကောင်းသည် ။
- Window က ဘယ်နေရာတွေမှာ ပိုကောင်းလဲ ?
Software Installation လုပ်တဲ့နေရာမျိုးတွေမှာ Interface က User Friendly ဖြစ်တဲ့နေရာမှာ Window က ပိုကောင်းပါလိမ့်မယ် - ဒါဆို Ubuntu က ဘယ်နေရာပိုကောင်းလဲ ?
Virus နည်းတယ် ။ operation speed ပိုမြန်တယ် ပိုလှတယ် ။ ဒါမျိုးနေရာတွေမှာ Ubuntu က ပိုကောင်းပါတယ် ။
2. တစ်ရက်ထဲနဲ့ Ubuntu ကို လက်လျှော့သွားတဲ့သူ

အံ့သြဖွယ် တကယ်ကြီး Ubuntu LoCo Team Facebook Group ထဲမှာ တွေ့ခဲ့ရတဲ့လူတစ်ယောက်ပါ ။ သူဆက်ပြောသွားတာက ဘာကြောင့် Ubuntu ထက် Window က လူသုံးများသလဲဆိုတာ သိသွားပါပြီတဲ့..။
ကျွန်တော့်အမြင်အရပြောရရင် သူဟာ
- Ubuntu ကို စသုံးကတည်းက မယုံကြည်စိတ်နဲ့သုံးတယ် ။ အထင်သေးစိတ်နဲ့ သုံးတယ် ။ ကြောက်လန့်တဲ့စိတ်နဲ့ သုံးတယ်လို့ မြင်ပါတယ် ။ lol 😀
- တစ်ရက်ဆိုတာ ပညာရပ်တစ်ခုကို အလုံးစုံမဆိုထားနဲ့ အဖျားတောင် မသိနိုင်တဲ့ အချိန်ပမာဏပါ ။ သူကောက်ချက်ချစောလွန်းပါတယ် ။
- ပိုဆိုးသွားတာက သူစသုံးတာ လုံး၀ Plain ISO ပါ ။ ကျွန်တော်တို့ Ubuntu Myanmar LoCo Team ကနေပြီး User တွေအတွက် လွယ်ကူချောမွေ့စွာ အသုံးပြုနိုင်ဖို့ Special DVD ဆိုပြီး Myamar Font အပါအဝင် အခြားသော တကိုယ်ရည်သုံး Software တွေပါ Install လုပ်ပြီးသား Customized ISO တွေ ထုတ်ဝေထားပါတယ် ။ အလွယ်တကူဝယ်လို့ရနိုင်သလို အလွယ်တကူလည်း Download ချနိုင်ပါတယ် Core Member တွေဆီမှာ Freedownload ချနိုင်ပါတယ် ။ သူက အဲ့ဒီ့ ISO မသုံးပဲ လုံး၀ ဘာမှမပါတဲ့ Plain ISO သုံးလိုက်ပါတယ် ။ Google မှာရှာချင်ရင်တောင် သူ Term အသစ်တွေကြောင့် အခက်အခဲရှိသွားပါလိမ့်မယ် ။
3.Ubuntu မှာ Dota ဆော့ချင်တယ်
အမှန်အတိုင်းပြောရရင် Ubuntu ဟာ Gaming ပိုင်းမှာ အဆင်မပြေပါဘူး ။ ဟိုတနေ့ကတော့ OMG Ubuntu မှာ Conical က Ubuntu ကို Gamer တွေအတွက်ပါ.Gaming ပိုင်း ပိုပြီး လှည့်မယ်ဆိုတာ ဖတ်လိုက်ရပါတယ် ။
Ubuntu ဟာ Gaming ပိုင်းမှာ အဆင်မပြေလှဘူးဆိုပေသိ ရုပ်ထွက်ကော ဇာတ်လမ်းပါကောင်းတဲ့ Game တွေရှိပါတယ် ။
ဥပမာ 0.A.D လိုဟာမျိုးပေါ့..
ငယ်ငယ်တုန်းက ဆော့ဖူးတဲ့ Age of Empire နဲ့ တော်တော်ဆင်ပေမယ့် ရုပ်ထွက်ကတော့ သူက ပိုကောင်းပါလိမ့်မယ် ။
ဒါမှမဟုတ် Shooter Game မှဆိုလည်း Aline Arena လို Game မျိုးဆော့နိုင်ပါတယ် ။
ဒီတော့ Ubuntu မှာ Game ဆော့ချင်တယ်ဆိုတဲ့ လူတွေအတွက် Window ဘက်က Game တွေကိုမဟုတ်ပဲ Ubuntu Game တွေကို စမ်းဆော့စေချင်ကြောင်းပါ ။
ဆက်ရန် ..


