Skip to content
Introduction

Why I choiced Ubuntu?

Negative

Contributor

4 min read

ပထမဆုံးအချက်ကိုပြောပါဆိုရင်တော့
Community ပဲဗျ.။Ubuntu Loco Team က ကျွန်တော့်ရဲ့ Ubuntu နဲ့ပတ်သတ်တဲ့ ပြဿနာမှန်သမျှကို ဖြေရှုင်းပေးနိုင်တယ်.။တစ်ခုခုမေးတာနဲ့  အဖြေတစ်ခုတန်းထွက်လာတယ်.။ကျွန်တော်တစ်ယောက်တည်း Ubuntu ကြီးနဲ့ချပေးရင် တော်တော်လည်ထွက်သွားမယ်.။Google မှာရှာဖို့တောင် အသုံးအနှုန်းတွေမသိတဲ့ဘဝ.ဒါကြောင့် Ubuntu စသုံးဖို့စိတ်ကူးတာနဲ့ Ubuntu Loco Team နဲ့ချိတ်သင့်တယ် Facebook မှာလည်း Group ရှိတာပဲ..တကူးတကကြီးမဟုတ်ဘဲ Facebook ကမြင်းရင်းနဲ့ မေးလို့ရပါတယ်.။

ဒုတိယအချက်ကတော့ Wubi ဗျ.။ Wubi ဆိုတာ Window Ubuntu Binary လို့ခေါ်တဲ့ Window မှာ Dual Boot တက်ပေးနိုင်တယ် ဆော့ဖ်ဝဲတစ်ခုပါ.။ Ubuntu ကို Dual Boot တင်ချင်ရင် Partation ပိုင်းရပါတယ် တကယ်လို့ Partation အပိုင်းမတက်တာနဲ့ Window ကိုပါ ထိသွားပြီး မတော်ရင် တခြား Partation တွေပါကိန်နိုင်တဲ့အပြင် Data တွေပါ ပလုံသွားနိုင်ပါတယ်. ဒီ Wubi မှာတော့ one Click Install ပဲ..။Ubuntu ကို ဘယ်လောက် GB ပေးမယ် Username – Password ပေးမယ် ပြီးရင် Install ဆိုတာနဲ့ ပြီးပြီ.။Restart လုပ်ခိုင်းပြီး သုံးလို့ရပြီ.။ C ထဲမှာ ထည့်မလား D ထဲမှာထည့်မလား ကြိုက်တဲ့ Partition ထဲမှာထည့်ရုံပဲ မသုံးချင်တော့လို့ဖြုတ်ချင်ရင်လည်းမခက်ပါဘူး.။ Uninstall ဆိုတာနဲ့ပြုတ်သွားပြီ ဘယ်လောက်မိုက်လဲ.။

တတိယအချက်ကတော့ Internet ပဲဗျ.ကျွန်တော် Ubuntu ကိုစသုံးတုံးက မန်းကို Special DVD မရောက်သေးဘးူ.။ Special DVD ဆိုတာ ဘာမှထပ်ထည့်စရာမလိုတဲ့ DVD . သဘောကတော့ မြန်မာဖောင့်ထပ်ထည့်ရင်မလို ဆော့ဖ်ဝဲတွေအသင့်ပါပြီးသား  ဒီသဘောပေါ့.။ကျွန်တော်တုံးက မရှိသေးတော့ ဆော့ဖ်ဝဲက အစ ကိုယ့်ဟာကို Download လုပ်ရတော့ အင်တာနက်ရှိမှဖြစ်မှာကိုး တကယ်လို့ Special DVD လိုချင်ရင် မန်းမှာဆို ကျွန်တော့်အကောင့်ကို မေးလ်ပို့ပြီးတောင်းပါ  ရန်ကုန်မှာဆိုရင်တော့ Ubuntu Loco Team Facebook Page မှာတောင်းနိုင်ပါတယ်.။ တခြားမြို့တွေကဆိုရင် အဲ့ဒီ့က အကိုတွေအတွက်  အလုပ်ရှုပ်နိုင်ပါတယ် ဒီအတွက် ကျွန်တော့်ကိုပဲတောင်းကြည့်ပါ နီးရင်  ကားရှိရင် ပို့ပေးနိုင်ပါတယ် မေးလ်ပို့ရင်တော့ ကျေးဇူးပြုပြီး  လက်ခံမယ့်သူနာမည် ဖုန်းနံပတ်ကလေးတွေ တစ်ချက်ထည့်ပေးလိုက်ပါ

စတ္ထုထအချက်ကတော့ Security ပိုင်းပဲ.။ကိုယ်က ဒီလောကထဲကဆိုတော့ ဒီလောကထဲကအရာတွေကိုကြောက်တယ်ဗျ  ဗိုင်းရပ်စ်ဆိုတာကို သိပ်မကြောက်လှဘူး ဗိုင်းရပ်စ်ထိပြီးလား ထိတာနဲ့ OS ကြီးဖြုတ်ချပြီးသားပဲ.။ Trojen ကျ အဲ့လိုမဟုတ်ဖူးဗျ ကိုယ့်အချက်အလက်အကုန်ပါသွားမှာ :O ဒါတော့ကြောက်တယ် Anti-Virus တွေရှိသားပဲလို့ပြောရင် တကယ်တော်တဲ့ ဟက်ကာတစ်ယောက်အတွက် Anti-Virus ဆိုတာ ငပေါပဲ ရယ်တောင်ရယ်တာပေါ့.။ ကျွန်တော်လို ငချွတ်တောင် ကျော်ပြထားတာ ဟိုတစ်နေ့က ဆောင်းပါးမှာတင်ထားသားပဲ.။ ပြီးတော့ တကယ်ကောင်းတဲ့Trojen တစ်ကောင်ဆိုရင် FUD ဖြစ်တဲ့အပြင် သူရောက်ရှိနေတဲ့ System တစ်ခုထဲမှာ အများကြီးပွားထားပြီးသား.တစ်ခုအဖျက်ခံရလည်း နောက်ပွားထားတဲ့နေရာကဆက်ပြီး အသစ်အသစ်တွေထပ်ပွားတယ် ကဲ OS ကြီးကို ဖြုတ်ချပစ်မလား ဖြုတ်ချလဲ Back Up လုပ်ဖို့ Removal Device ထည့်တာနဲ့ Removal Device ထဲပါ ရောက်ပြီးသား တကယ် ကိန် တယ် ဒီ Ubuntu မှာတော့ ဒီလိုမဟုတ်ဘူး OS တည်ဆောက်ပုံက WIndow နဲ့ကွာခြားစွာပဲ Registery တွေမပါဘူး .exe မ Run နိုင်ဘူး Window C: D: E: ဆိုတာကြီးတွေမရှိဘူး Home , Document တွေပဲရှိတယ် ext4 ပဲရှိတယ် ဒီတော့ ထရိုဂျန်ဝင်လည်းရယ်တာပေါ့ ဒါပေမယ့် Linux အတွက်သီးသန့်ထုတ်ထားတဲ့ Malware တွေရှိတယ်ဗျ တော်တော် ကို တော်တော် လေးနည်းပါတယ် ဒါတော့…။ တကယ်လို့ User က .exe ဖိုင်တွေ Run ချင်လို့ WIne ဆိုတဲ့ Application ထည့်ထားတောင်မှ FIle System တွေမတူညီတဲ့အချက်ကြောင့် Trojen တွေအလုပ်လုပ်မလုပ်ပါဘူး :-P

ပဉ္စမအချက်ကတော့ Ubuntu can pay what I want ဆိုတာလေးပဲဗျ.။ Ubuntu ကို ဘယ်သူတွေက ဘယ်လောက်ပဲကောင်းတယ်ပြောပြော အလကားရတယ်ပဲပြောပြော ကျွန်တော့်အတွက် အသုံးမဝင်ရင် မသုံးပါဘူး တခြား User တွေလည်း ဒီလိုပဲနေမှာပါ.။ သုံးမယ့်သူက ဘယ်သူလဲ ? Designer လား Developer လား အဲ့ဒီ့ နယ်ပယ်အပေါ်မှာ Ubuntu က ဘာတွေထောက်ပံ့ပေးနိုင်သလဲ? ဥပမာဗျာ ကျွန်တော်ဆိုရင် Hacking &Security သမား ကျွန်တော့်အတွက် နောက်ပိုင်း Linux က သိမှဖြစ်မယ် ဒီအတွက် ကျွန်တော့်ကို Ubuntu က ထောက်ပံ့ပေးနိုင်တယ်ပြီးတော့ ကျွန်တော်ကတစ်ခုခုကို ကလိရတာအရမ်းကြိုက်တယ်.။ Ubuntu က ကျွန်တော်လိုလူမျိုးအတွက် အဆင်ပြေတယ် ဒါလေးပါပဲ
နောက်တစ်ခုက Ubuntu ရဲ့ Software Centre ဆိုတဲ့အရာပဲဗျ..Ubuntu မှာ Software Centre ဆိုတာပါတယ် အဲ့ဒီ့ Search မှာ လိုချင်တာကိုရိုက်ရှာလိုက် တွေ့ရင် Install ဆိုတာနဲ့ရပြီ စဉ်းစားကြည့်ဗျ Window မှာလို Crack ဖိုင်လေးရှာပါဦး ဘာညာဆိုတာတွေပြဿနာမတက်ဘူး
Hardware Compability အရလည်း Ubuntu ဟာ စိတ်ကျေနပ်စရာအလွန်ကောင်းတယ်ဗျ Driver လိုတယ်ဆိုတာ တော်တော့်ကိုရှားတယ် Graphic လောက် Bluetooth လောက်ပဲ ဘယ်လောက်မိုက်လဲ Printer လိုဟာမျိုးဆို USB တပ် တန်းသုံးရုံပဲ

နောက်ဆုံးအချက်က Ubuntu ရဲ့ Design ဟာ စွဲမက်စရာ ၁၀၀ % ဖြစ်တယ် ဝင်းဒိုးနဲ့ယှဉ်ရင် အလွန်ကွာခြားတယ် ဒီလို လှလှပပ သုံးနေရတာကိုက ကျွန်တော့်အတွက် Feel ပဲ ;-)

ဒါဆို ဒီလောက်မိုက်တဲ့ Ubuntu ကို ဘာလို့မသုံးကြလဲ?
1.Ubuntu နဲ့ Linux ဟာ Genius တွေပဲသုံးနိုင်တယ်လို့လူတွေထင်နေကြလို့ပါ အရင်က ဟုတ်ချင်ဟုတ်ခဲ့မယ် အခုတော့ Ubuntu ဟာ သာမန် User တွေသုံးဖို့ အဆင်ပြေဆုံးနေရာတစ်ခုကိုရောက်ရှိနေပါပြီ။
2.Free ဖြစ်လို့ တချို့လူတွေကပိုက်ဆံပေးရမှ သုံးချင်တာဗျ အလကားဆိုသိပ်အထင်မကြီးကြဘူး
3.Ubuntu ဘယ်လောက်ကောင်းတယ်ဆိုတာ သူတို့မသိလို့.။ မွေးကတည်းက လူတွေဟာ  ဝင်းဒိုးပဲမြင်လာတယ် ဒီတော့ ဝင်းဒိုးပဲကောင်းတယ် Ubuntu မကောင်းဘူး Ubuntu ISO ကြီးပဲသွင်းပြီး ဘာမှလုပ်လို့မရဘူးအော်နေတယ် ဒီလိုဆို စဉ်းစားကြည့် Window လည်း ISO ကြီးပဲသွင်း ဘာလုပ်လို့ရမှာလဲ (တောက် ဒီကီးဘုတ်တော့  ရိုက်ခွဲခံရတော့မယ် တင်းလာပြီ)
4.ပြီးတော့ လူတွေက WIndow မှာသုံးတဲ့ Application အတိုင်း Ubuntu မှာသုံးချင်ကြတယ်။ ဥပမာ Photo Editing ဆို Photoshop ကို Ubuntu မှာလာသုံးချင်တယ် အဲ့လိုတော့မဖြစ်ဘးူ ဒါပေမယ့် Photoshop လို စွမ်းဆောင်နိုင်တဲ့ Gimp တော့ရှိတယ် ဒီလို Window Software တွေလို စွမ်းဆောင်နိုင်တဲ့ ဆော့ဖ်ဝဲတွေရှိပါတယ်  သုံးရတာလည်းအရမ်းမကွာလှပါဘူး

ကဲ ဒါဆို ခင်ဗျားရော ဘာလို့ Ubuntu မသုံးမလဲ?
Ubuntu ကောင်းကြောင်းကို ကျွန်တော့်ကိုမမေးနဲ့ Google ကိုမေး Ubuntu is Better than Window လို့ရှာ ဖတ်လို့မကုန်အောင်တွေ့လိမ့်မယ် Window is better than Ubuntu လို့ရှာ တစ်ပုဒ်တောင်မတွေ့ဘူး မယုံရင်ရှာကြည့်
( We use Ubuntu as we love Ubuntu
They use Window as they know only window )

TaggedIntroduction