Skip to content
Books

vim Lesson 4.1 , 4.2 , 4.3 , 4.4 , Summary

Thohi

Contributor

3 min read

Lesson 4.1: CURSOR LOCATION AND FILE STATUS

**Ctrl+g နှိပ်လျှင် သင့်ဖိုင်ရဲ့ နေရာနဲ့ဖိုင်အခြေအနေကိုပြသပါမည်။ လိုင်းနံပါတ်နှိပ်ပြီးရင် G (shift+g) နှိပ်ပါက ထိုလိုင်းသို့ရောက်သည်။**

၁။ Ctrl+g ကို vim သင်ခန်းစာတွေမှာ CTRL-G လို့ရေးတတ်ကြပါတယ်။ အဲဒီလိုနှိပ်လိုက်လျှင် စာမကျ်နှာရဲ့ အောက်ခြေမှာ filename နဲ့ ဖိုင်နေရာပြနပေါမယ်။
၂။ G(shift+g) နှိပ်လိုက်လျှင် နောက်ဆုံးလိုင်းကိုရောက်သွားပါမယ်။
gg နှိပ်လိုက်လျှင်တော့ ထိပ်ဆုံးလိုင်းကိုရောက်သွားပါမယ်။
၃။ ကိုယ်သွားခငျ်တဲ့လိုင်းနံပါတ်ကို နှိပ်ပြီးရင် G(shifr+g) နှိပ်တာနဲ့ အဲဒီလိုင်းကိုရောက်ပါတယ်။နောက်တမျိုးအနေနဲ့ သွားခငျ်တဲ့လိုင်းနံပါတ်ကိုနှိပ်ပြီးလျှင် gg နှိပ်ပါကလည်း အဲဒီလိုင်းကိုရောက်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Lesson 4.2: THE SEARCH COMMAND

** / ကိုရိုက်ပြီးကိုယ်ရှာခငျ်တဲ့ စာသားကိုရွာနိုင်ပါတယ်။**

၁။ –> “errroor” is not the way to spell error; errroor is an error. ဒီစာကြောင်းလေးအရင်ရိုက်ထားပါ။
၂။ normal mode ထားတဲ့အချိန်မှာ / ကိုရိုက်လိုက်လျှင် screen ရဲ့အောက်ခြေမှာ ( / ) command နဲ့ cursor လေးပေါ်လာပါမယ်။
၃။ ပြီးလျှင် errroor ဆိုတဲ့စာလုံးကို ရှာဖို့ရိုက်လိုက်ပါ။
၄။ cursor လေးကအဲဒီစာလုံးရှေ့မှာရောက်သွားပါမယ်။ဒီစာလုံးမျိုးဘယ်မှာရှိသေးလဲ ထပ်ရှာမယ်ဆိုရင် n ကိုနှိပ်လိုက်ပါ။ ထပ်ရှာမယ်ဆို n ပဲထပ်နှိပ်ပါ။ ပြောင်းပြန် ပြန်ရှာမယ်ဆိုရင် N (shift+n) နှင့်ရှာနိုင်ပါတယ်။
၅။ နောက်တမျိုး ရှာနိုင်တာက ? command ပါ။ သူက / နဲ့ပြောင်းပြန်ပါ။ / က တူတဲ့စာလုံးတွေရှိရင် စာပိုဒ်ရဲ့ အပေါ်ဘက်စတွေ့တာကနေစရှာတာပါ။ ? ကတော့ အောက်ဆုံးကနေစရှာပါတယ်။
၆။ Ctrl+o ကတော့ ရှာတဲ့လမ်းကြောင်းကို နောက်ပြန်သွားတာပါ။ Ctrl+l ကတော့ Ctrl+o လမ်းကြောင်းနဲ့ပြောင်းပြန်ပါ။
မှတ်ခကျ်။ ။ ရှာဖွေမှုတွေကတော့ wrapscan အတိုင်းပတ်လည်သွားနေမှာပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Lesson 4.3: MATCHING PARENTHESES SEARCH

** % commmand သုံးပြီး တူညီတဲ့ ),], } ကွင်းစကွင်းပိတ်များကိုရှာမယ်။**

၁။ –> This ( is a test line with (‘s, [‘s ] and {‘s } in it.)) ဒီစာကြောင်းရိုက်ပါ။
၂။ ပြီးလျှင် cursor ကို ( , [ , { စတဲ့ ကွင်းအစတွေကိုမှာခကျြည့်ပါ။
၃။ % command ကိုရိုက်လိုက်ပါ။
၄။ cursor က ကွင်းအစရဲ့ မိတ်ဖက် ကွင်းအဆုံးနရောကိုရောက်သွားပါလိမ့်မယ်။
၅။ ဒါကြောင့် % ရိုက်လိုက်တိုင်း ကွင်းစ ကွင်းဆုံးတွေကို cursor ကသွားပေါ်နေပါမယ်။
မှတ်ခကျ်။ ။ debugging လုပ်ချိန်တွမှော အသုံးဝင်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Lesson 4.4: THE SUBSTITUTE COMMAND

** :s/old/new/g ရိုက်ပြီး old ဆိုတဲ့ စာလုံးနရောတှမှော new အစားထိုးတာပါ။**

၁။ –> thee best time to see thee flowers is in thee spring. ဒီစာကြောင်းလေးရိုက်ကြည့်ပါ။
၂။ ပြီးလျှင် :s/thee/the ရိုက်လိုက်ပါက စာတလုံးကိုပဲပြင်သွားမှာပါ။
၃။ အခု :s/thee/the/g ရိုက်လိုက်မယ်ဆိုရင် ပြင်ခငျ်တဲ့လိုင်းမှာရှိတဲ့ thee စာလုံးတွေ အားလုံးကိုပြင်ပေးသွားမှာပါ။
၄။ လိုင်း၂ လိုင်းက စာလုံးကိုပြင်မယ်ဆိုလျှင်
type :#,#s/old/new/g ဒီနရောမှာ #,# တွေက အစားထိုးလိုတဲ့ စာလုံးရှိတဲ့ လိုင်းနံပါတ် အစအဆုံး ဖြစ်ပါတယ်။
type :%s/old/new/g ဆိုရင်တော့ ဖ်ိုငတခုလုံးမှာ လိုက်ပြင်ပါလိမ့်မယ်။
type :%s/old/new/gc ကတော့ ဖိုင်တခုလုံးမှာလိုက်ပြင်ပါတယ်။ ဒါပေမယ့် အစားထိုးမလားဆိုတာ ပြောင်းမယ့် စာလုံးတိုင်းမှာမေးပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Lesson 4 SUMMARY

၁။ Ctrl+g နှိပ်လျှင် လိုင်းနံပါတ်နဲ့ ဘာဖိုင်ဆိုတာပြနပေါမယ်။
G နှိက်လျှင်တော့ နောက်ဆုံးလိုင်းကိုရောက်သွားပါမယ်။
နံပါတ် နဲ့ G နှိပ်လိုက်လျှင် အဲဒီလိုင်းကိုရောက်သွားပါမယ်။
gg ကတော့ အစဦးဆုံးလိုင်းကိုရောက်သွားပါမယ်။
၂။ / နဲ့ စာခငျ်တဲ့စာသားရိုက်လိုက်လျှင် forward အတိုင်းလိုက်ရှာမယ်။
? နဲ့ စာခငျ်တဲ့စာသားရိုက်လိုက်လျှင် backward အတိုင်းလိုက်ရှာမယ်။
ပြီးလျှင် n ရိုက်လိုက်ပါက နောက်ထပ် ထပ်ရှာပေးမယ်။ N ကတော့ပြောင်းပြန်အတိုင်းရှာပေးမယ်။
Ctrl+o ကတော့ cursor လာခဲ့တဲ့နရောကို ပြန်သွားမယ်။ Ctrl+i ကတော့ပြောင်းပြန်လမ်းကြောင်းပါ။
၃။ % နဲ့ တူညီတဲ့ ( ,) ,[ ,] ,{ , } ကွင်းစကွင်းပိတ်တွေကိုလိုက်ရှာပါမယ်။
၄။ လိုင်းတခုမှာ စာလုံးတလုံးတည်းအစားထိုးလျှင် :s/old/new
တလိုင်းလုံးမှာ အစားထိုးလျှင် :s/old/new/g
ဘယ်လိုင်းကနေဘယ်လိုင်းအထိဆိုလျှင် :#,#s/old/new/g
တဖိုင်လုံးတွေ့သမျှ အစားထိုးဆိုလျှင် :%s/old/new/g
မေးပြီးမှ အစားထိုးစေခငျ်လျှင် :%s/old/new/gc

3.Working with Ubuntu,All the applications you need


Thohi

4 min read

vim Lesson 5.1 ,5.2 , 5.3 , 5.4 , summary

Lesson 5.1: HOW TO EXECUTE AN EXTERNAL COMMAND \ \ :! နောက်မှာ command ရိုက်ပြီးအသုံးပြုခြင်း။ \ \ ၁။ : (column) ဆိုတဲ့ သုံးနေကြ command ရိုက်လိုက်လျှင် screen ရဲ့အောက်မှာ cursor…

Thohi

2 min read

vim Lesson 3.1 , 3.2 , 3.3 , 3.4 , Summary

Lesson 3.1: THE PUT COMMAND \ \ ဖကျ်ထားပြီးသား text ကို cursor နောက်တွင် p command ဖြင့်ပြန်ထားခြင်း\ \ ၁။ ဒီစာကြောင်းလေးအရင်ရိုက်ကြည့်ပါ။ – d) Can you learn too? – b) Violets are…

Thohi

2 min read