Skip to content
Class

Ubuntu & Raspberry Pi Class – March 21~22 2015

Ko Ko Ye

Founder

1 min read

Ubuntu Myanmar LoCo Team ရဲ့ ပုံမှန်ဖွင့်လှစ်နေမြဲ သင်တန်းတွေ မဖွင့်ဖြစ်တာကြာပါပြီ။ #FOSSMyanmar ဆိုပြီး Community တွေအကုန်လုံးစုနိုင်ဖို့ လုပ်တဲ့ကိစ္စမှာ နည်းနည်း စိတ်ရောက်ပြီး ကျန်တာ ဘာမှ မလုပ်နိုင်ဖြစ်သွားတယ်။ FOSS Asia ပွဲတောင် Ubuntu-MM အနေနဲ့ FOSS အကြောင်းပြောဖို့ Slot ယူထားပြီး Member တွေ မအားလို့ မတက်ဖြစ်လိုက်ပါဘူး။

ဒီတခေါက် သင်တန်းအကြောင်းလေးကို နည်းနည်း ပြောပြချင်ပါတယ်။

ပထမဆုံး MBS လို့ခေါ်တဲ့ Money Back System သုံးထားပါတယ်။ အဲတာကို post အဟောင်းမှာ ရှာဖတ်နိုင်ပါတယ်။

နောက်တခုက အရင်တုန်းက ၁၀ နာရီစာ course တွေကို ၁ ရက်ထဲနဲ့ ၁၀ နာရီပြည့်အောင် ပေါင်းပြီး သင်တာမျိုး လုပ်ခဲ့ပါတယ်။ အားနည်းချက်က ပြန်ပြီးလေ့လာချိန် မရှိလို့ လက်တွေ့နဲ့ကင်းကွာတာ စာမလိုက်နိုင်ကြတာ တွေပါပဲ။ အဲဒီအတွက် သင်တန်း တစ်ခုမှာ တစ်ပိုင်းစီ သို့မဟုတ် Level တစ်ခုစီ သင်သွားဖို့ ဆုံးဖြတ်ထားပါတယ်။

Ubuntu နဲ့ Raspberry Pi ပေါ်က Linux ဟာ အတူတူပဲသုံးလို့ရတယ်ဆိုတာ ပြသဖို့အတွက်ကော Command တွေ ပြန်နွေးဖို့အတွက်ပါ အဆင်ပြေတာကို လက်တွေ့သုံးပြကြပါမယ်။ စနေနေ့မှာ Ubuntu သင်မှာဖြစ်ပြီး တနင်္ဂနွေနေ့မှာ Raspberry Pi သင်ဖို့ ဆုံးဖြတ်ထားပါတယ်။ တူညီတဲ့ Command လေးတွေသုံးပြီး မတူညီတဲ့ Project တွေမှာ အသုံးပြုကြတာပေါ့။

သင်တန်းကြေးကို ၂ ရက်လုံးစာအပ်တာပဲဖြစ်ဖြစ် နှစ်သက်ရာ တစ်ရက်အတွက်ပဲ ဖြစ်ဖြစ် MBS 10000 Kyat လို့သတ်မှတ်ထားပါတယ်။ သို့ပေမယ့် ၂ ရက်လုံး အပ်ပြီးမှ ၁ ရက်ပျက်ရင်လဲ ၁၀၀% ဖြတ်မှာဖြစ်တဲ့အတွက် သေခြာစဉ်းစားပြီး အပ်ဖို့ တိုက်တွန်းလိုပါတယ်။ MBS အကြောင်းကို ubuntu-mm.net/?p=398 မှာလေ့လာနိုင်ပါတယ်။

သင်တန်းအပ်ဖို့လင့်ကို မကြာခင် SMS ပို့ပေးပါ့မယ်။

ဒီသင်တန်းကစပြီး Member တွေကို အမှတ်စဉ်နဲ့ကော Level တွေပါ သတ်မှတ်ပေးသွားဖို့ရှိပါတယ်။ အမှတ်စဉ်ကတော့ နောက်သင်တန်းတွေမှာ မှတ်ပုံတင်ရလွယ်အောင်ဖြစ်ပြီးတော့ Level တွေကတော့ သင်တန်းတွေဖွင့်တိုင်း အခြေခံသီးသန့် ဆာဗာ သီးသန့်ဖြစ်နေတာတွေကို ရှောင်လွှဲပြီး Level အလိုက် သင်တန်းတက်ရောက်ခွင့်ကို စီစစ်နိုင်ဖို့ပါ။
သတ်မှတ် Level တွေရောက်ရင် Ubuntu-MM က အသိအမှတ်ပြု Certificate ထုတ်ပေးပါမယ်။ စာတွေ့လက်တွေ့လေးတော့ ပြန်ဖြေပေးရမှာပေါ့လေ ;)

အပေါ်က အချက်တွေကို မရှင်းလင်းရင် 09450022022 ကို ဖုန်းဆက် မေးလို့ရပါတယ်။

Meet ya Linux Foolish Guys

We had facing a lot of problem. Internet access, Electronic power, Mental and Physical issues …. all about is because of Military Coup. Sometimes feeling guilty, we are selfish ?…

Ko Ko Ye

1 min read

Ubuntu 21.10 Release Date and Features

Featured News Ubuntu Ubuntu 21.10 ကတော့ မကြာသေးခင်က ထွက်ရှိထားတဲ့ Gnome 40, GCC11 နဲ့ Flutter toolkit ပိုင်း စုံစုံလင်လင်နဲ့ ထွက်ရှိလာတော့မှာပဲဖြစ်ပါတယ် Release Dates Beta…

Ko Ko Ye

1 min read