ubuntu one free for everyone
Chit Ko Ko
Contributor
2 min read

Ubuntu One
Ubuntu One application သည် Ubuntu Operating System ၏ Cloud ဝန်ဆောင် မှု တစ်ခုဖြစ်သည့်အပြင် register လုပ်ထားပါက 5 Gb free cloud storage ရရှိမည်ဖြစ်ပါသည်။
https://login.ubuntu.com/d5TTBpVQDlC570CQ/+new_account သို့သွားပါ။ Account တစ်ခုတည်ဆောက်ပါ။
ထို့နောက်သင် cloud ပေါ်သို့ sync လုပ်လိုသော file များကို Ubuntu One Folder တွင်းသို့ ပြောင်းရွှေ့ ထားရုံဖြင့် သင်သည် သင် ၏ file များကို device များမှ ပြန်လည်ရယူသုံးစွဲနိုင်ပါသည် ။
ယင်းကဲ့သို့ ပြန်လည်ရယူသုံးစွဲနိုင်ရန် မဖြစ်မနေ internet connection လိုအပ်မည် ဖြစ်သည်။ အသေးစိတ်အချက်အလက် များကိုလေ့လာရန် https://one.ubuntu.com/help/faq/#account_referrals တွင် မိမိအသုံးပြုလိုသည်တို့ကို လေ့လာနိုင်ပါသည်။

Download
Ubuntu One for Ubuntu ကို ဖော်ပြပါ Link မှတဆင့် download လုပ်၍ ထည့်သွင်းအသုံးပြုနိုင်ပါသည်။ Ubuntu 12.10 တွင် default application တစ်ခု အဖြစ် ပါဝင်လာခဲ့ပါသည်။

Ubuntu One Mac

Ubuntu One for Windows

Ubuntu One for Android
Ubuntu One for Android အတွက်ဖော်ပြပါ QR Code မှတဆင့် (သို့) 1Mobile Market မှတဆင့် Download လုပ်၍ အသုံးပြုနိုင်ပါသည်။ သို့ https://www.dropbox.com/sh/j8g71qs3smabhwz/ylWOWVYx4w တွင် apk and ipa ကို download လုပ်နိုင်သည်။

Ubuntu One Music
တလက်စတည်း Ubuntu One Music for Android ကို ပါ မိတ်ဆက်ပေးလိုက်ပါတယ်။ QR Code မှတဆင့် (သို့) 1Mobile Market မှတဆင့် Download လုပ်၍ အသုံးပြုနိုင်ပါသည်။ Ubuntu One Music for Android သည် သင်နှစ်သက်နားဆင်လိုသောသီချင်း တို့အား ကမ္ဘာ ၏ မည်သည့်နေရာ မှ မဆို ရယူနားဆင်နိုင်ရန် ကူညီပေးမည့် App တစ်ခုဖြစ်ပါသည်။ Google Play မှ download လုပ်ပြီးရယူသုံးစွဲပါက ရက် ၃၀ အခမဲ့ သုံးစွဲ နိုင်ပြီး 20 Gb Storage ရရှိမည်ဖြစ်သည်။ တစ်လ အတွက် ဝန်ဆောင်ခနှုန်း မှာ ဒေါ်လာ ၃.၉၉ သာ ဖြစ်ပါသည်။ ယခု Ubuntu One Music Store မှနေ၍ သင်ကြိုက်နှစ်သက်ရာ သီချင်း တစ်ပုဒ် ကို ဝယ်ယူပါက 6 months Music Streaming + 20GB storage အခမဲ့ရမည် ဖြစ်သည်။ (only promotion period )

Ubuntu One for iPhone
Ubuntu One for iphone အတွက်ဖော်ပြပါ QR Code မှတဆင့် (သို့) Apple app store မှတဆင့် Download လုပ်၍ အသုံးပြုနိုင်ပါသည်။

Ubuntu One Music
တလက်စတည်း Ubuntu One Music for iPhone ပါ မိတ်ဆက်ပေးလိုက်ပါတယ်။ QR Code မှတဆင့် (သို့) Apple app store မှတဆင့် Download လုပ်၍ အသုံးပြုနိုင်ပါသည်။
Ubuntu One နှင့်ပတ်သက်၍ အခက်အခဲရှိပါက Chit Ko Ko Win_ saintjohn769@ubuntu.com သို့ မေးမြန်းနိုင်ပါသည်။
Related posts
Get a better quality audio in Ubuntu
ပထမဦးဆုံး Pulseaudio ကို install လုပ်ရပါမယ်။ $ sudo apt install pulseaudio ပြီးသွားရင် configuration လုပ်ဖို့အတွက် config file ကို backup အရင်လုပ်ပါ။ $ sudo cp…
1 min read
Ubuntu 19.10 (Eoan Ermine)
Ubuntu 19.10 Code Name – Eoan Ermine လို့ နာမည်ပေးထားတဲ့ Version အသစ်ဟာ ယခုလ ၁၇ ရက်နေ့ မှာ stable ထွက်လာတော့မှာဖြစ်ပါတယ် Beta Version ကို စမ်းသပ်ချင်ရင်တော့ ဒီမှာ ISO Download…
1 min read
Ubuntu-MM Member Application Form
ubuntu mm member and subscriber form is open now. Ubuntu MM Subscriber is FREE for ALL Ubuntu MM Subscriber Free Email Subscription Ubuntu MM Brown Member Member Card 12000 Kyat…
1 min read


