Ubuntu 18.10 Cosmic Cuttlefish
Ko Ko Ye
Founder
4 min read

Ubuntu လို့ခေါ်တဲ့ Linux Distro (Linux Kernel ကိုသုံးသည့် GNU/Linux မူကွဲတမျိုး) ဟာ (၂၅ ပတ်) ၆ လတိုင်း Release လုပ်ပါတယ်။
၄ လပိုင်းနဲ့ ၁၀ လပိုင်းတွေဖြစ်ပြီး Version ကို ရှေ့ကထုတ်ဝေတဲ့ ခုနှစ်နဲ့ နောက်က လကို ထားပါတယ်။ YY.MM 16.04, 16.10 / 18.04,18.10
မကြာခင် Ubuntu 18.10 ထွက်လာတော့မယ်။
နာမည်ကိုတော့ AA BB CC ဆိုတာမျိုးလေး ပေးပါတယ်။ အရှေ့က Nick , အနောက်က သတ္တဝါလေးတွေ အမျိုးအစား ထားလေ့ရှိပါတယ်။
18.10 ရဲ့ နာမည်က Cosmic Cuttlefish ဖြစ်ပါတယ်။ အာဖရိက နိုင်ငံသား Mark Shuttleworth က Africa ဘာသာစကားဖြစ်တဲ့ Ubuntu ဆိုတဲ့ အမည်နဲ့ ထုတ်ခဲ့တာ ဖြစ်သလို ပုံမှန်အားဖြင့်တော့ အာဖရိက က သတ္တဝါလေးတွေ နာမည် ပေးလေ့ ရှိခဲ့တာပါ။
အခု ထွက်မယ် Cosmic Cuttlefish / 18.10 မှာ ဘာတွေ အသစ် ပါလာမလဲဆိုတာ တကယ်တော့ စိတ်ဝင်စားစရာပါ။

မိတ်ဆက်ပေးရမယ်ဆိုရင် Windows သုံးတဲ့သူ အတွက်ကတော့ အကုန်အသစ်အဆန်းဖြစ်နေမှာပါပဲ။
16.04 သုံးတဲ့သူနဲ့ 18.04 သုံးတဲ့သူတောင် 18.10 အတွက် အမြင်တူမှာမှ မဟုတ်တာ။
ကဲကဲ 18.04 သုံးတဲ့သူတွေအတွက် ဦးစားပေးပြီး ရေးပေးလိုက်ပါမယ်။
ထုတ်ဝေဖြန့်ချိမည့်ရက် – ၂၀၁၈ အောက်တိုဘာ ၁၈ ရက်နေ့
Yaru Theme
Windows တို့ Mac တို့မှာတော့ Theme ဆိုတာ အန္တရာယ်များတဲ့ Third Party တွေ ဖြစ်နိုင်ပါတယ်။ ဒီမှာတော့ Theme တွေကို လွယ်ကူစွာ ပြောင်းနိုင် ထည့်သွင်းနိုင်ရုံသာမကပဲ ကိုယ်တိုင် ဖန်တီးပြုလုပ်နိုင်မှာဖြစ်ပါတယ်။
Ubuntu 18.04 မှာ ကြိုးစားကြပေမယ့် အချိန်မမီလို့ official မပါနိုင်ခဲ့တဲ့ Community Theme ကို 18.10 မှာ Yaru ဆိုတဲ့အမည်နဲ့ ပါလာပါမယ်။ 18.04 တည်းက အတော်များများ sudo snap install communitheme ဆိုတာနဲ့ သွင်းထားကြတော့ သိပ်ပြီးတော့ အထူးအဆန်းမဟုတ်တော့ပါဘူး။ အရင်ထက်တော့ မျက်စိ ပသာဒ ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။
Gnome v3.30
အရင်က ကိုယ်ပိုင် Unity နဲ့ လူတိုင်းကြိုက်ခဲ့ကြတဲ့ Ubuntu ဟာ အခုနောက်ပိုင်း Gnome ကိုပြန်ပြောင်းလာတာ အကုန်လုံးသိမှာပါ။ တကယ်တန်းတော့ နောက်ကွယ်မှာ Phablet / Unity8 / Ubuntu Mobile Fail ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ သက်ဆိုင်မယ်ဆိုတာ ရင်းနှီးကျွမ်းဝင်သူတွေ မဟုတ်ရင် မသိကြပါဘူး။ နောက်ပိုင်း Gnome ပြန်ရောက်လာတယ်ဆိုပေမယ့် Gnome Shell ကိုသုံးပြီး Unity လို Menu တွေ Launcher တွေ ဖြစ်အောင် ပြန်ဆွဲခေါ်ထားပါတယ်။ Gnome ကိုလဲ တနှစ်တာအတွင်း အများဆုံး ထောက်ပံ့သူဖြစ်တဲ့အထိကို စပွန်ဆာတွေ ပေးထားပါတယ်။
အခု Ubuntu 18.10 မှာ GNOME v3.30 သုံးမယ်လို့ ဆိုပါတယ်။
v3.30 ရဲ့ code name ကတော့ Almería ဖြစ်ပါတယ်။ ထုံးစံအတိုင်း bug fix တွေပြင်ထားတဲ့ Version အဖြစ်မြင်ရပါမယ်။
Flatpaks ကိုလဲ အလိုအလျှောက် Update လုပ်အောင် ပြင်ဆင်ပေးထားပါတယ်။
Gnome ရဲ့ Control panel setting မှာ ThunderBolt ကို လွယ်လွယ် ချိတ်ဆက်တာမျိုး လုပ်ဆောင်နိုင်ပါလိမ့်မယ်။
Softpedia မှာ တင်ထားတဲ့ Mockup အရဆို လှပေမယ့် Mac ကို Clone ထားသလို အတော်လေးဖြစ်လာပါတယ်။
GSconnect
မသေချာသေးပေမယ့် GSConnect ကိုမျှော်လင့်မိပါတယ်။ KDE Connect ကို အခြေခံထားတာပါ။ ကျွန်တော်တို့ရဲ့ Android Phone တွေကို ကိုယ့် Desktop ကနေ လွယ်လွယ် စီမံခန့်ခွဲနိုင်ပါလိမ့်မယ်။ Mobile မှာတော့ KDE Connect ကို အရင် သွင်းထားရပါမယ်။ AirDroid လိုမျိုးဆိုပေမယ့် AirDroid ထက် ပိုကောင်းမယ်လို့ မျှော်လင့်ပါတယ်။
https://play.google.com/store/apps/details?id=org.kde.kdeconnect_tp&hl=en
Boot Time
အရင် Version တွေထက် Boot up အချိန်ပိုမြန်လာမယ်လို့ ဆိုပါတယ်။ တကယ်ဆိုရင်တော့ ကြွယ်ကြရဦးမှာပေါ့။ Windows ရဲ့ Hibernate / Stanby တွေနဲ့ ယှဉ်ပြောကြတာမြင်တော့ မတူတာကို ခဏခဏ ပြောဖြစ်တယ်။ တချိန်ကျရင် boot time ကို Hibernate လောက်ပဲ အချိန်ယူတော့မှာပါ အခုတော့ ယှဉ်ပြောဖို့တော့ စောပါသေးတယ်။
နောက်တခုက Battery Life ပါ။ မကြာခဏ Nvidia တွေမှာ တချို့စက်တွေမှာ ဘက်ထရီ အရမ်းအုပ်နေတာကို အခုထိ စိတ်မသက်သာစရာ ကြားကြရဦးမှာပါ။ ဒီမှာတော့ USB-HUB တွေကို စပြီး Low power mode နဲ့ ဖြေရှင်းထားပြီလို့ထင်ပါတယ်။
Linux Kernel 5.0 လို့မျေျာ်လင့်ခဲ့ပေမယ့် Linux ကိုယ်တိုင် 5.0 မထုတ်သေးပါဘူး။
အပေါ်က အချက်တွေက ဒီ Kernel အပေါ်မှာ အများကြီး မှီခိုနေပါတယ်။ Linus နှင့် သူ၏ သားတပည့်များ အစွမ်းအစကို တချက်တော့ စောင့်ကြည့်ရပါမယ်။ Hardware သမားတွေပဲ ထပ်အဆဲခံရမလား Linux ကိုပဲ ဝိုင်းချီးမွမ်းကြမလား မသိနိုင်သေးပါဘူး။ 5.0 ထွက်ရင် Android လို Mobile Linux အသစ်တွေ ထွက်မယ်လို့ ထင်ကြေးပေးနေတာလဲ မြင်ရကြားရပါတယ်။
တကယ်တန်းအကုန်မျှော်လင့်သလို 5.0 မထွက်ပဲ Linux Kernel 4.17 ပဲ ထထွက်လာခဲ့တော့ အကုန်အားမလို အားမရဖြစ်ကုန်ကြပါတယ်။ အပြောင်းအလဲတွေကို insame 5.0 = 4.17 ပဲဖြစ်မလား မပြောနိုင်သေးပါဘူး။ လက်ရှိမှာ နောက်ဆုံးထုတ် Stable မှ Linux 4.18.9 ပဲ ရှိပါသေးတယ်။
Fingerprint
အရင်က အဆင်မပြေခဲ့လို့ မပါခဲ့လို့ ကိုယ်တိုင် Manual သွင်းနေရတဲ့ Fingerprint Scanner တခါတည်း ပါလာမယ်။ သိပ်တော့မထူးဆန်းပါဘူး။ XPS ကော ThinkPad Carbon X1 မှာကော Fingerprint ပါနေတာပဲဟာ။
DLNA
ကျွန်တော်တို့ရဲ့ Laptop ကို Media Server လိုသုံးမှ ဖိုင်တွေကူးရ စက်ထဲထည့်ကြည့် တီဗီထဲထည့်ကြည့် ဖုန်းထဲကူးကြည့် စတာတွေကို လျှော့ချနိုင်မှာပါ။ ကျွန်တော်က miniDLNA သုံးပါတယ်။ Raspberry Pi တွေဘာတွေမှာလဲ အဆင်ပြေပါတယ်။ 18.10 မှာတော့ DLNA ပါလာပါမယ်။

32 Bit
ဒါကတော့ တချို့ စက်အဟောင်းလေးတွေအတွက် ဝမ်းနည်းစရာပါ။
သူတို့တွေ 32 bit ကို ရပ်တန့်ပစ်ဖို့ ကြိုးစားကြပါလိမ့်မယ်။
Ubuntu Myanmar LoCo Team အနေနဲ့ အခွေထွက်တာနဲ့ ရက်အနည်းငယ် ခွာပြီး Release Party လုပ်ကြမှာ ဖြစ်ပါတယ်။
အခွေ မထွက်ခင် Core Member BootCamp
အခွေ မထွက်ခင် Volunteer BootCamp
အခွေ ထွက်ပြီး Release Party
ကျင်းပတဲ့ပွဲတိုင်းမှာ လူတိုင်း Ubuntu DVD ရနိုင်ပြီး ကံကောင်းသူတွေ / ကြိုးစားသူတွေကတော့ Ubuntu Linux အင်္ကျီတွေလက်ဆောင်ရနိုင်ပါတယ်။
ပွဲတွေမှာ ပါဝင်ဆင်နွဲချင်တယ်ဆိုရင်တော့
ဒီ post လေး ရှဲပြီး ပါချင်တဲ့ ပွဲကို ရေးခဲ့လိုက်
ကျွန်တော် Chat Box ကနေ Registration Link လာပေးပါမယ်။
REF:
http://www.linuxandubuntu.com/home/ubuntu-1810-cosmic-cuttlefish-new-features
https://itsfoss.com/linux-kernel-4-17/
Related posts
The Call for Participation is now open for Ubuntu 22.04 Release Party
To celebrate the new release of the popular free and open source GNU/Linux distribution Ubuntu 22.04, we are going to hold a release party. The event will take place on the 1st of…
1 min read
Meet ya Linux Foolish Guys
We had facing a lot of problem. Internet access, Electronic power, Mental and Physical issues …. all about is because of Military Coup. Sometimes feeling guilty, we are selfish ?…
1 min read
Ubuntu 21.10 Install Demo
Ubuntu 21.10 Is released. https://releases.ubuntu.com/21.10/ https://youtu.be/pQBL0dDYWxI Estimate: 10 Min Play Speed: x4
1 min read









