Skip to content
Ubuntu

Ubuntu 16.04 LTS Xenial Xerus Review

Ko Gyi Kaung Htet

Contributor

2 min read

၂နှစ်တစ်ခါ Ubuntu LTS ထွက်တိုင်း အသစ်ပြောင်းသုံးနေကျ ဖြစ်နေတော့ ဒီလထဲမှာ ထွက်မယ့် Ubuntu 16.04 လေးကို ဒီဇင်ဘာလောက်ကတည်းက မျှော်နေလိုက်တယ်။ လာမယ့် ဧပြီ (၂၁)ရက်နေ့မှာ Final Release ဖြစ်လာမယ့် Ubuntu 16.04 ရဲ့ Codename လေးကတော့ Xenial Xerus လို့ အမည်ရပြီး  မြေကြီးပေါ်သွားလာနေထိုင်တဲ့ အာဖရိကရှဉ့်ကလေးဖြစ်ပါတယ်။

LTS ရဲ့ အဓိပ္ပါယ်ကတော့ Long Term Support ဖြစ်ပြီး နောက်၅နှစ်အထိ support အပြည့်အဝရမှာဖြစ်တဲ့အတွက် ၂၀၂၁ခုနှစ်အထိ သုံးလို့ရမှာဖြစ်ပါတယ်။ LTS မဟုတ်တဲ့ တခြား version တွေကတော့ ပုံမှန်အားဖြင့် ၉လအထိပဲ support ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့၂နှစ်အတွင်းမှာ Canonical က Ubuntu Touch အပေါ်မှာ အာရုံစိုက်နေခဲ့တဲ့အတွက် နောက်ဆုံးထွက်ရှိခဲ့တဲ့ Ubuntu 14.04 LTS ကတည်းက Ubuntu Desktop နဲ့ Unity user interface မှာ အပြောင်းအလဲ ကြီးကြီးမားမား တစ်စုံတစ်ရာ မတွေ့ရှိခဲ့ရပါဘူး။ ယခု LTS မှာတော့ Desktop ရဲ့ ဘယ်ဘက်မှာမြင်တွေ့နေကျ Unity launcher ကို အောက်ဘက်ကို ဆွဲချထားလို့ရတဲ့ feature ထည့်သွင်းပေးလိုက်ပါပြီ။ Menu Launcher ကို အောက်ခြေကို ဆွဲရွှေ့လိုတယ်ဆိုရင်တော့ Configuration Editor လေး install ပြီး ရွှေ့နိုင်ပါတယ်။ ဒါပေမယ့် launcher အောက်ကို ရွှေ့ပြီးသွားရင်တော့ auto-hide feature ကတော့ အလုပ်လုပ်မှာ မဟုတ်တော့ပါဘူး။
ubuntu_16_04_beta_desktop_unity_menu_mover
Unity 7 မှာ ပါရှိခဲ့တဲ့ online search feature တွေကိုလည်း user တွေရဲ့ privacy ကို အလေးထားတဲ့ပြယုဂ်တစ်ခုအဖြစ် ယခု 16.04 မှာ default အနေနဲ့ကို ဖြုတ်ပစ်လိုက်ပါပြီ။ ဒါပေမယ့် Online search result တွေကို သဘောကျတဲ့သူတွေအနေနဲ့တော့ Privacy setting panel မှာ ပြန်လည်ပြီး turn on ပြုလုပ်နိုင်ပါတယ်။ တခြား ရင်းနှီးကျွမ်းဝင်ခဲ့ပြီးသား app တွေဖြစ်တဲ့ ခွေဘန်းတဲ့ဆော့ဝဲ Brasero တို့၊ message ဆော့ဝဲ Empathy တို့လည်း ပါလာမှာမဟုတ်ပါဘူး။ သုံးဖို့ လိုအပ်သေးရင်တော့ Software repositories တွေထဲမှာ ရှိနေသေးလို့ ပြန် install လို့ရပါတယ်။ LibreOffice 5.1, Mozilla Firefox 45.0, Mozilla Thunderbird 45.0 တွေကို latest versions တွေအဖြစ် တွေ့မြင်ရပါဦးမယ်။

AMD Catalyst graphic card အသုံးပြုထားတဲ့ ကွန်ပျူတာတွေအတွက် fglrx driver လို့ခေါ်ကြတဲ့ graphic driver လည်း ဖြုတ်ထားပါတယ်။ AMD က 16.04 ကို support မပေးပါဘူးလို့ Canonical က ဆိုပြန်ပါတယ်။
ubuntu_16_04_beta_gnome_software
တခြား လန့်စရာ အပြောင်းအလဲကြီးကြီးမားမားကတော့ Ubuntu Software Centre ကို 16.04 မှာ ရှာလို့တွေ့မှာမဟုတ်တော့ပါဘူး။ အဲ့ဒီအစား GNOME Software Centre ကို ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

Meet ya Linux Foolish Guys

We had facing a lot of problem. Internet access, Electronic power, Mental and Physical issues …. all about is because of Military Coup. Sometimes feeling guilty, we are selfish ?…

Ko Ko Ye

1 min read

Ubuntu 21.10 Install Demo

Ubuntu 21.10 Is released. https://releases.ubuntu.com/21.10/ https://youtu.be/pQBL0dDYWxI Estimate: 10 Min Play Speed: x4

Ko Ko Ye

1 min read