Skip to content
Movie Review

Super Natural

Negative

Contributor

1 min read

အခုတော့ နာမည်တော်တော်ကြီးနေပါပြီ ကိုယ်တွေစကြည့်တုန်းက ဘယ်သူမှတောင်ကောင်းကောင်းမသိသေးဘူး အမှန်အတိုင်းဝန်ခံရရင် ကြည့်ဖူးသမျှ လူကား ( Not Anime ) တွေထဲမှာသူ့လောက်အပိုင်းရှည်ပြီး ( အခု Season 8 ထိ ) သူ့လောက် စွဲဆောင်မှုရှိတာ မတွေ့ဖူးသေးဘူး ။ Filler တွေပါပေမယ့် သူ့  Filler တွေကိုက ဆွဲဆောင်မှုရှိနေတာ . တခါတလေ Filler  တွေတောင် မျှော်နေမိတဲ့အထိ ကောင်းတာ ။

ဇာတ်ကျောရိုးပြောရရင် Sam နဲ့ Dean ဆိုတဲ့ ညီအကိုနှစ်ယောက်ရှိတယ် ။ သူတို့ ငယ်ငယ်ကတည်းက Devil တစ်ကောင်ကြောင့် သူ့အမေသေပြီး သူတို့ အိမ်ပါ မီးလောင်သွားတယ် ။ သူတို့ မိဘ တွေ အစဉ်အဆက်က Devil Hunter တွေ . သူ့အမေသေပြီး သူ့အဖေကလည်း Devil Hunter အကြီးစားဖြစ်သွားတယ် ။ Sam ကတော့ ကျောင်းသား အောက်စဖို့ဒ်ကျောင်းသား သူ့အဖေရဲ့  Devil Hunting ကို စိတ်မဝင်စားတဲ့ ကျောင်းသား Dean ကတော့ သူ့အဖေနဲ့ အနေများတဲ့ ကောင်ပေါ့ ။ တနေ့ သူ့အဖေပျောက်သွားလို့  Dean က Sam့ကို အောက်စဖို့ဒ်ကိုလာရှာတယ် ။ တကယ်တော့ သူ့အဖေက သူတို့အမေကို သတ်ခဲ့တဲ့ မျက်လုံးဝါ နတ်ဆိုး ရဲ့နောက်ကို ခြေရာခံလိုက်နေခဲ့တာဖြစ်ပါတယ် ။ နောက်ပိုင်း Sam ပါ Devil Hunter ဖြစ်သွားတယ် ။ သူ့အမေ့ကို အဲ့ဒီလိုလုပ်ခဲ့တဲ့ မျက်လုံးဝါနတ်ဆိုးနောက်ကို လိုက်ရှာတယ် ။ အဲ့ဒီ့နောက်ပိုင် လူစီဖာပါ ထွက်လာတယ် ။ ပြောရရင်  Season တစ်ခုမှာ တစ်ကောင်ထက် တစ်ကောင် အစွမ်းထက်တဲ့ Devil တွေပါလာတယ် ။ လူစီဖာ ( စေတန် ) ဆိုတာ Season One ရဲ့  Boss ပဲရှိသေးတယ် ။ နောက်ပိုင်း Devil တွေက ပိုပိုကြမ်းလာတယ် ။ တော်တော်လေးလည်းမိုက်တယ် ။

Series တစ်ခုလုံးကို ခြံ ုပြီးပြောရရင် အထင်ကြီးစရာကောင်းတဲ့အချက်က Devil တွေနဲ့ပတ်သတ်ပြီး တော်တော်စုံတာပဲ ။ ဘာသာတရားတွေ အရှေ့ တိုင်း အနောက်တိုင်းက Devil တွေ အစုံကိုပါလာတယ် ။ ပြီးတော့ တကယ့် သရဲတွေနဲ့ပတ်သတ်တဲ့ အခြေခံသဘောတရားတွေ ဘာတွေ ( ဥပမာ မကောင်းဆိုးဝါးဟာ ဆားကိုကြောက်တယ် ) ဆိုလည်း မိုက်တယ် ။

အဓိက ဇာတ်ကောင် ၂ ယောက်ဖြစ်တဲ့ Dean ( ပုံ – ဘယ် ) နဲ့  Sam ( ပုံ – ညာ ) ကို ယှဉ်ရင် သူ့ရဲ့ထီမထင်တဲ့ ဟန်ပန်ကြောင့် Dean ကို ပိုကြိုက်တဲ့လူများမယ်ကြပါတယ် ။

Super Natural ကို Anime အနေနဲ့လည်း ထွက်တယ်ပါတယ် ကျွန်တော်တော့ မကြည့်ဖူး မကောင်းဘူးလို့ ပြောကြလို့ တော်ကြာ ဟိုလူကားပါ စိတ်ပျက်သွားမှာလည်း ဆိုးသေးတယ် 😀

Official Website : http://www.cwtv.com/shows/supernatural/episodes/816

TaggedMovie Review

Operation Take Down

Directed by Joe Chappelle Written by Tsutomu Shimomura (book) John Markoff (book) David Newman") Leslie Newman John Danza Howard A. Rodman Starring Skeet Ulrich Russell Wong…

Negative

1 min read

Invictus ( 2009 )

နိုင်ငံတွင်းမှာ ဘာသာရေး နိုင်ငံရေး ပြ\ သနာ မျိ ုးစုံ ဖြစ်တိုင်း သတိတရရှိမိတဲ့ကား ဒီနေ့ပြန်ထုတ်ကြည့်ဖြစ်တဲ့ကား . ၂၇ နှစ်ကြာ အကျဉ်းကျခံရပြီးနောက်မှာ တောင်အာဖရိက လူဖြ…

Negative

2 min read