Skip to content
Applications

Sublime Text 2

Htut Myat

Contributor

2 min read

Sublime Text 2 ဆိုတဲ့ text editor လေး နဲ့ သူ့ကို install လုပ်ပုံအဆင့်ဆင့်ကို မျှဝေချင်လို့ပါ ။
ကျွန်တော်တို့ Ubuntu ကို စွဲစွဲမြဲမြဲသုံးမိတဲ့နောက်ပိုင်းမှာ အမြဲတမ်းတွေးမိတာက Windows မှာလုပ်နိုင်တာကို ငါ့ရဲ့ Ubuntu မှာလည်းလုပ်နိုင်ရမယ် ဆိုတဲ့စိတ်နဲ့ လေ့လာဖြစ်ပါတယ် ။ ဘယ်သူက သာတယ် ၊ နာတယ်ကို ငြင်းခုံတာမဟုတ်ပါဘူး ။ Ubuntu User တစ်ယောက်ဖြစ်လာတဲ့အခါမှာ ကိုယ်လုပ်ချင်တဲ့ ကိစ္စတော်တော်များများကို ဒီ Ubuntu ပေါ်မှာပဲအဆင်ပြေပြေ လုပ်ဆောင်သွားချင်တာပါ ။ဘယ်ဟာမဆိုအားနည်းချက် အားသာချက်ဆိုတာရှိစမြဲပါ ။

Ubuntu မှာ build in ပါတဲ့ gedit လို text editor တွေရှိသလို တစ်ခြား software center ကနေအလွယ်တကူ ထည့်သွင်း အသုံးပြုနိုင်တဲ့ text editor တွေ အများကြီးရှိပါတယ် ။Programming ,web development လေ့လာသူတွေ အတွက် တော့ text editor ဆိုတာ မရှိမဖြစ် အစွမ်းထက်တဲ့ tool တစ်ခုပါပဲ။
အဲထဲကမှ ကျွန်တော် ကြုံဖူးသလောက် ၊ သုံးဖူးသလောက်ထဲမှာ အဆင်ပြေတယ်လို့ ထင်တဲ့ Sublime text 2 text editor ကို install လုပ်ပုံအဆင့်ဆင့်ပါ ။

1.ဒီလင့် မှာ       http://www.sublimetext.com/2

အရင်ဒေါင်းလုပ်ဆွဲပါ  linux 32 bit ,64 bit ဆိုပီးရှိပါတယ် ။

2. Terminal ကနေ ရလာတဲ့ tar.bz2 ဖိုင်ကို extract လုပ်ပါမယ်

tar xf Sublime\ Text\ 2\ Build\ 2181\ x64.tar.bz2     (64 bit ဒေါင်းလုပ်ဆွဲသူများ ဒီ command ဖြင့် extract )

  tar xf Sublime\ Text\ 2.0.1.tar.bz2                          (32 bit ဒေါင်းလုပ်ဆွဲသူများ ဒီ command ဖြင့် extract  )

များသောအားဖြင့် 32 bit ပဲအသုံးပြုမယ်ထင်ပါတယ် ။ကျွန်တော်ကိုယ်တိုင်လည်း 32 bit ကိုဒေါင်းလုပ်ဆွဲပီး အသုံးပြုတာ အဆင်ပြေပါတယ် ။

3.extract လုပ်လို.ရလာတဲ့ folder ကို ဒီ command ကို သုံး ပီး  usr/lib အောက်ကိုရွှေ.ပါမယ် ။

sudo mv Sublime\ Text\2 /usr/lib/

4. နောက်တစ်ဆင့်အနေနဲ. ဒီ command ရိုက်ပေးပါ ။

sudo ln -s /usr/lib/Sublime\ Text\ 2/sublime_text /usr/bin/sublime

5. နောက်တစ်ဆင့်

sudo sublime /usr/share/applications/sublime.desktop

ပွင့်လာတဲ့ text editor ထဲမှာ ဒါတွေကို paste လုပ်လိုက်ပါ ။

01.[Desktop Entry]

02.Version=1.0

03.Name=Sublime Text 2

04.# Only KDE 4 seems to use GenericName, so we reuse the KDE strings.

05.# From Ubuntu’s language-pack-kde-XX-base packages, version 9.04-20090413.

06.GenericName=Text Editor

08.Exec=sublime

09.Terminal=false

10.Icon=/usr/lib/Sublime Text 2/Icon/48×48/sublime_text.png

11.Type=Application

12.Categories=TextEditor;IDE;Development

13.X-Ayatana-Desktop-Shortcuts=NewWindow

15.[NewWindow Shortcut Group]

16.Name=New Window

17.Exec=sublime -n 18.TargetEnvironment=Unity

Save လုပ်ပီး ပိတ်လိုက်ပါ ။

6.   အခု နောက်တစ်ဆင့်အနေနဲ. text file အကုန်လုံးကို sublime text 2 ကို default အနေနဲ.သုံးပီးဖွင့် ဖို.လုပ်ပါမယ် ။

sudo sublime /usr/share/applications/defaults.list

ပွင့်လာတဲ့ text editor မှာ gedit.desktop ဆိုတဲ့နေရာတိုင်းကို  sublime.desktop လို.ပြောင်းပေးပါ ။ Find (Ctrl+f)gedit.desktop လို.ရိုက်ရှာပီး တွေ.တဲ့နေရာတိုင်းကို ဖျက် sublime.desktop လို. ပြင်ရေးပေးလိုက်ပါ ။ .Save လုပ်ပီး ပိတ်လိုက်ပါမယ် ။-အဲဒါဆို ရင် Sublime Text 2 ကို အသုံးပြုလို.ရသွားပါပီ ။အဲ  တစ်ခုတော့ရှိတယ် အခုရမှာ က Trial Version ပဲနော် ။စမ်းသုံးချင်တဲ့လူတွေ အတွက်တော့ အဆင်ပြေပါတယ် ။-ကျွန်တော်ရေးထားတဲ့ထဲ အမှားပါရင် ပြင်ပေးကြပါ ။

-မူရင်း လင့် က ဒီမှာပါ

http://www.technoreply.com/how-to-install-sublime-text-2-on-ubuntu-12-04-unity/

Taggedapplicationssublime text 2text editor