Steam and Dota2 on ubuntu
Ko Ko Ye
Founder
1 min read

Steam and Dota2 on ubuntu
Gamer တော်တော်များများကတော့ steam နဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။
ဒါပေမဲ့ windows သုံးနေရာကနေ ubuntu ကိုပြောင်းသုံးမယ်လို့ စဉ်းစားလိုက်တဲ့အချိန်မှာ “ငါဆော့နေတဲ့ dota2 က ubuntu မှာရော ဆော့လို့ရပါ့မလား” ဆိုတာကိုစိုးရိမ်ပြီး ubuntu ကိုမသုံးဖြစ်တော့တာမျိုး တွေလည်းရှိခဲ့ဖူးမှာပါ။
အဲ့တော့ ubuntu မှာ steam install လုပ်ပြီး
Dota2 ကစားဖို့ ဘယ်လိုလုပ်ရမလဲ???
Install လုပ်ပုံလုပ်နည်းကလည်း အရမ်းလွယ်ပါတယ်။
Ubuntu repository ကနေ install လုပ်နည်း
sudo add-apt-repository multiverse
sudo apt-get update
sudo apt-get install steam
Manual install လုပ်နည်း
Steam က 32bits architecture မှာပဲ run ပါတယ်
ကိုယ်သုံးနေတဲ့ ubuntu desktop က 32bits ဆိုရင်တော့ အောက်က cmd ကိုကျော်သွားလို့ရပါတယ်
64 bits သုံးနေတယ်ဆိုရင်တော့
sudo dpkg --add-architecture i386
( 32bits architecture ကို add ပေးတာပါ)
sudo apt-get update
အခြားလိုအပ်တဲ့ package တွေကိုတော့
အောက်က command နဲ့ install လုပ်လိုက်ပါ
sudo apt-get install wget gdebi libgl1-mesa-dri:i386 libgl1-mesa-glx:i386 libc6:i386
ပြီးရင်တော့ steam software ကို download လုပ်ပါ
(steam.deb ကို download လုပ်ပါမယ်)
wget http://media.steampowered.com/client/installer/steam.deb
sudo gdebi steam.deb
Install လုပ်ပြီးရင် steam ကို teminal မှာ “steam” လို့ရိုက် (or) GUI ကနေလည်း ဖွင့်လို့ရပါပြီ။
Steam ရသွားရင်တော့ dota2 ကို သူငယ်ချင်းဆီက backup ကတစ်ဆင့် (or) Steam ထဲကနေ download လုပ်ပြီး ကစားနိုင်ပါပြီ။
*ဒါနဲ့ အရေးကြီးတာလေးကျန်ခဲ့သေးတယ်ဗျ
ကစားတဲ့အချိန်မှာ left Alt key က point ပြရာမှာသုံးတာတော့ ကစားတဲ့သူတွေအကုန်သိပြီးသားပါ။
Ubuntu(unity desktop) မှာက left Alt က HUD ကိုဖော်တဲ့ shortcut ဖြစ်နေတဲ့အတွက်
Point ပြချင်လို့ left Alt ကိုနှိပ်လိုက်ရင်
HUD ပေါ်လာပြီး ဂိမ်းထဲကထွက်သွားတာမျိုးတွေဖြစ်နိုင်တယ် အဲ့လိုပြဿနာမျိုးတွေမဖြစ်အောင် HUD ရဲ့ shortcut, left Alt key နေရာမှာ အဆင်ပြေတဲ့ key တစ်ခုခု (or) Right Alt key ကိုပြောင်းထားပေးလိုက်ပါ။
ပြောင်းဖို့အတွက်
System Settings > Keyboard > Shortcut > Launcher >
Key to show the HUD
နေရာကို click နှိပ်ပြီး
Right Alt key လေးကိုနှိပ်ပေးရုံပါပဲ။
Post by Waiyan WH
Related posts
The Call for Participation is now open for Ubuntu 22.04 Release Party
To celebrate the new release of the popular free and open source GNU/Linux distribution Ubuntu 22.04, we are going to hold a release party. The event will take place on the 1st of…
1 min read
Meet ya Linux Foolish Guys
We had facing a lot of problem. Internet access, Electronic power, Mental and Physical issues …. all about is because of Military Coup. Sometimes feeling guilty, we are selfish ?…
1 min read
Ubuntu 21.10 Install Demo
Ubuntu 21.10 Is released. https://releases.ubuntu.com/21.10/ https://youtu.be/pQBL0dDYWxI Estimate: 10 Min Play Speed: x4
1 min read



