Ruby on Rails installation for Ubuntu 14.04
Thohi
Contributor
4 min read
လွန်ခဲ့တဲ့ ၂ ရက်လောက်က ROR သမားလိုက်ရွာရင်း Ubuntu ပေါ်မှာ install လုပ်နည်းလေးရေးခငျ်လာတော့ အွန်လိုင်းပေါ်လိုက်ရှာကြည့်ပါတယ်။ တချို့က Ubuntu version အဟောင်းတွေနဲ့ရှင်းပြထားလို့အဆင်မပြေပါဘူး။ တချို့က ရှင်းထားတာ မပြည့်စုံတာတွေရှိပါတယ်။ အဓိက ကတော့ Windows ပေါ်မှာပဲ ရှင်းထားတာတွေဖြစ်နေတော့ ကိုယ်တွေအတွက် အဆင်မပြေဘူး။ တခြားဆိုက်တွကေ ရှင်းပြထားတာလေးတွေအပေါ်မှာ လေ့လာကြည့်ရင်း တွေ့ရတဲ့ အခက်အခဲတွေကို ကိုယ်တိုင်ရှင်းကြည့်ခဲ့ပါတယ်။ အခုအဆင့်လိုက် လွယ်ကူအောင် ရေးထားပေးပါမယ်။
rvm နဲ့သုံးသွားတာကို အဓိကရေးပါမယ်။
ပထမအနနေဲ့ Ruby ရဲ့ dependencies တွေကို သွင်းပါမယ်။
sudo apt-get update sudo apt-get install git-core curl zlib1g-dev build-essential libssl-dev libreadline-dev libyaml-dev libsqlite3-dev sqlite3 libxml2-dev libxslt1-dev libcurl4-openssl-dev python-software-properties
နောက်ပြီးတော့မှ Ruby ကို rvm နဲ့သွင်းပါတယ်။ ပုံမှန် apt-get install ruby ဆိုရင် version နိမ့်ပဲဝင်သွားပါလိမ့်မယ်။
sudo apt-get install libgdbm-dev libncurses5-dev automake libtool bison libffi-dev
key server ကနေ key ကိုယူပါမယ်။ ( မူရင်းရေးထားတဲ့ ဆိုက်ရဲ့ ညှန်ကြားမှုမှာမပါပါ။ သူတို့ရေးထားတဲ့ အတိုင်းဆိုရင် key error တက်လာပါလိမ့်မယ်။)
curl -sSL [https://rvm.io/mpapis.asc](https://rvm.io/mpapis.asc) | gpg --import -
ပြီးရင် source ကိုသွားယူပါမယ်။
curl -L [https://get.rvm.io](https://get.rvm.io/) | bash -s stable
source directory ကိုညွန်းပေးပါမယ်။
source ~/.rvm/scripts/rvm
source ကို bash record လုပ်ပေးလိုက်ပါတယ်။
echo "source ~/.rvm/scripts/rvm" >> ~/.bashrc
version 2.1.5 ကို install လုပ်ပါမယ်။
rvm install 2.1.5
ပြီးတော့ 2.1.5 ကိုပဲ သုံးမယ်ဆိုပြီး သတ်မှတ်ပါမယ်။
rvm use 2.1.5 --default
သွင်းထားတဲ့ ဗားရှင်းကို အခုလိုပြန်စစ်လို့ရပါတယ်။
ruby -v
ပြီးရင်တော့ Rubygems ကို သွင်းသမျှ package တှရေဲ့ documentation တွေမသွင်းဖို့ အမိန့်ပေးထားပါမယ်။
echo “gem: –no-ri –no-rdoc” > ~/.gemrc
git သုံးနေကြသူတွေဆိုရင်တော့ git setup လုပ်လို့ရပါပြီ။
git config --global color.ui true git config --global user.name "YOUR NAME" git config --global user.email "YOUR@EMAIL.com" ssh-keygen -t rsa -C "YOUR@EMAIL.com"
ရလာတဲ့ကီးကို ဒီမွာ သွားထဲ့ပေးရပါမယ်
https://github.com/settings/ssh
cat ~/.ssh/id_rsa.pub
အလုပ်လုပ်ရဲ့လားဆိုတာ စစ်ကြည့်လို့ရပါတယ်။
ssh -T git@github.com
ပြီးရင်တော့ Rails ကို install လုပ်ပါမယ်။ NodeJS ကိုထည့်သွင်းပေးရပါမယ်။
sudo add-apt-repository ppa:chris-lea/node.js sudo apt-get update sudo apt-get install nodejs gem install rails
ပြီးရင် ကိုယ်သွင်းလိုက်တဲ့ rails version ကိုစစ်ကြည့်ပါ။
rails -v
ပြီးရင် ဘယ် database ကိုသုံးမလဲပေါ်မူတည်ပြီး ထပ်သွင်းပေးရပါမယ်။ Default အနနေဲ့ကတော့ sqlite3 ကိုသုံးပြီး MySQL (or) PostgreSQL ကိုသုံးခငျ်ရင်တော့ ထည့်သွင်းပေးရပါမယ်။
MySQL သုံးမယ်ဆိုရင်တော့ လိုအပ်တာကို ဆက်သွင်းပါမယ်။ ပြင်ခငျ်တာများရှိရင် password စသဖြင့်ကို database.yml မှာသွားပြင်နိုင်ပါတယ်။
sudo apt-get install mysql-server mysql-client libmysqlclient-dev
PostgreSQL သုံးသူများအတွက်ကတော့
sudo sh -c "echo 'deb [http://apt.postgresql.org/pub/repos/apt/](http://apt.postgresql.org/pub/repos/apt/) precise-pgdg main' > /etc/apt/sources.list.d/pgdg.list" wget --quiet -O - [http://apt.postgresql.org/pub/repos/apt/ACCC4CF8.asc](http://apt.postgresql.org/pub/repos/apt/ACCC4CF8.asc) | sudo apt-key add - sudo apt-get update sudo apt-get install postgresql-common sudo apt-get install postgresql-9.3 libpq-dev
ပြီးရင် user သတ်မှတ်ပေးဖို့လုပ်ပေးရပါမယ်။
sudo -u postgres createuser username -s
password သတ်မှတ်ပေးမယ်ဆိုရင် အခုလိုလုပ်ဆောင်ပါ။
sudo -u postgres psql postgres=# \password username
ပြီးရင် ဘယ်နရောမှာ app file ထားခငျ်လဲ? ဥပမာ။ ။ /home/user/www/ အောက်မှာ ထားခငျ်ရင် အဲဒီအောက်ကိုသွားပြီး app ကိုပြုလုပ်ပါမယ်။
SQlite သုံးသူအတွက်
rails new myapp
MySQL သုံးသူအတွက်
rails new myapp -d mysql
PostgreSQL သုံးသူများအတွက်
rails new myapp -d postgresql
ပြီးရင် ဥပမာ။ ။ /home/user/www/myapp ဆိုပြီးတွေ့ရပါလိမ့်မယ်။အဲဒီ folder ထဲဝင်ကြည့်လိုက်ပါ။
cd myapp
(ဖြည့်စွက်ခကျ်။ ။ ဖန်တီးလိုက်တဲ့ app directory ထဲမှာ database ဆောက်ပြီးတဲ့ အချိန် server run လိုက်လျှင် permission error ဖြစ်တတ်ပါတယ်။ အဲဒါမျိုးဖြစ်လာရင် တချို့ file တှကေို execute ပေးရပါတယ်။
ဥပမာ။ ။ myapp ထဲကို ဝင်ပြီး
cd myapp sudo chmod +x config.ru Gemfile Rakefile README.rdoc
စတဲ့ ဖိုင်တွေကို execute လုပ်ပေးရပါမယ်။ )
MySQL နှင့် PostgreSQL သုံးသူများကေတာ့ config/database.yml ထဲမှာ username နှင့် password ကို ရှေ့မှာ သတ်မှတ်ပေးထားသလို ပြင်ဆင်ပေးလိုက်ပါ။ ပြီးရင်တော့ database တည်ဆောက်လို့ရပါပြီ။
rake db:create
ပြီးရင် rails server run ကြည့်လို့ရသွားပါပြီ။
rails server
အဲဒီနရောမှာ error တက်လာရင် အခုလို command ပေးလိုက်ပါက လိုအပ်တာများကို သွင်းပေးသွားပါလ်ိမ့မယ်။
bundle install
server run နေပြီ ဆိုတာနဲ့ browser မွာ အခုလိုရိုက်ကြည့်ပြီး စမ်းနိုင်ပါပြီ။
localhost:3000
နောက်ပိုင်း လုပ်ဆောင်ခကျ်တွေကိုတော့ သပ်သပ်ထပ်ရေးမှ အဆင်ပြေပါလိမ့်မယ်။ အဆင်မပြေတဲ့ အပိုင်းများရှိခဲ့ရင်လည်း အကြံဉာဏ်များပေးနိုင်ပါတယ်။
Tho Hi
Related posts
3 min read
Ubuntu weekly September Security 14
Ubuntu security team ရဲ့ လုပ်ဆောင်ပုံလေးတွေကို မရင်းနှီးတဲ့ သူတွေအတွက် အပတ်စဉ် ဘာလုပ်ကြလဲဆိုတာ သိစေခငျ်လို့ပါ။ address link တွေကို စကားပြောနဲ့ ပြောသွားတော့ အဆင်မပြတော…
1 min read
Ubuntu Kernel Team Summary September
1 min read

