Python SimpleHTTPServer
Ko Ko Ye
Founder
1 min read
သင့်ဆီက ဖိုင်တွေကို Network တူ OS မတူတဲ့ သူငယ်ချင်းတွေဆီကို Share လုပ်ချင်တဲ့အခါ
သင့်ရေးသားထားတဲ့ HTML Template ကို သင့်သူငယ်ချင်းကို ကြွားဖို့ သင့် အလုပ်အပ်သူကို ပြသချင်တဲ့အခါ
အဲတာလေးအတွက်လောက်နဲ့ Samba / Lamp / XAMPP တွေနဲ့ အချိန်ကုန်ခံပြီး Configuration လုပ်နေစရာမလိုပါဘူး။ ဆော့ဝဲတွေ လိုက်သွင်းနေစရာ မလိုပါဘူး။ XAMPP တွေ LAMPP တွေနဲ့ CPU တွေ RAM တွေကို ဖြုန်းတီးစရာမလိုပါဘူး။
အချို့ကိစ္စလေးတွေမှာ အလွယ်တကူ ဖြေရှင်းလို့ရပါတယ်။
၁- Terminal ကိုဖွင့်ပါ (Ctrl+Alt+T)
၂- သင့် Share လုပ်လိုတဲ့ Folder အောက်ကို သွားပါ။ (cd ~/Videos)
၃- python -m SimpleHTTPServer 8080
၄- အပေါ်က Command ဟာဆိုရင် python ရဲ့ SimpleHTTPServer ကို Port 8080 နဲ့ ဖွင့်ပေးလိုက်တာပါ။ အကယ်၍ 8080 ဆိုတဲ့ Port ကိုမသတ်မှတ်ထားခဲ့ရင် 8000 ဆိုတဲ့ သူ့ရဲ့ Default Port နဲ့ အလုပ်လုပ်မှာပါ။ တကယ်လို့ Port တွေထည့်ခေါ်ရမှာ အလုပ်ရှုပ်တယ်ဆိုရင် 80 နဲ့ ထားကြည့်လိုက်ပါ။ တခြားတယောက်ယောက်က Browser မှာ IP ကို ရိုက်ခေါ်လိုက်ရုံနဲ့ အလုပ်လုပ်ပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်စက်မှာ တခြား Services တွေ ရှိနေ RUN နေမယ်ဆို Port တွေ မထပ်အောင်တော့ ဂရုစိုက် သင့်ပါတယ်။
၅- ပြီးရင်တော့ ကိုယ့်စက်ထဲမှာ ကိုယ့်ဘာသာ http://localhost:8080 သို့မဟုတ် http://127.0.0.1:8080 ဒါမှမဟုတ် ကိုယ့်ရဲ့ IP တွေ Host Name တွေနဲ့ ခေါ်ပြီး သုံးလို့ရပါပြီ။
ဒီ Python ရဲ့ SimpleHTTPServer သုံးဖို့အတွက် Ubuntu သမားတွေ ဘာမှ ထပ်ထည့်ဖို့ မလိုဘူးနော်
မကြာခင်မှာပဲ ဖိုင်တွေ Share လုပ်ဖို့ နည်းလမ်းတွေ ထပ်တင်ပေးပါဦးမယ်။
Related posts
libvirt error in GNS3 @Linux
virbr0 is missing. You need to install libvirt ကျွန်တော်တို့တွေ Linux OS တွေမှာ GNS3 ကို install လုပ်ရင် တက်တတ်တဲ့ Error ထဲက တစ်ခုဖြစ်တဲ့ virbr0 is missing. You need to install…
1 min read
What is Software Define Networking – Part1 (Install OpenDayLight on Ubuntu)
ဒီနေ့ တွေးမိတာလေးရှိတယ်ဗျာ့ ခုဆို ကိုဗစ်နဲ့..မို့ အိမ်မှာနေရင်းနဲ့ Challenge လေးတွေလုပ်နေတာကို မြင်တော့ .. အိမ်မှာနေရင် ကမ္ဘာကြီးကို ကယ်တင်နေတဲ့ ညီ/ညီမတွေ skillတိုးဖို့ WFH…
5 min read
Cisco Tips & Trick – Part 1 ( Enabling linux shell command on cisco devices )
ဒီနေ့ ပြောပြချင်တဲ့ အကြောင်းအရာလေးကတော့ Cisco Device တွေမှာ Linux shell script တွေကို ဘယ်လိုဖန်တီးမလဲ Linux command တွေကို ဘယ်လို enable လုပ်ရမလဲ ဆိုတာကို ရှင်းပြပေးမှာပဲ…
3 min read



