Nvidia Optimus Graphic driver for Ubuntu
Ko Zaw Htet
Contributor
1 min read
Nvidia Optimus ပါတဲ့စက်တွေကို ကျွန်တော် Windows သုံးတုန်းက ကြိုက်ခဲ့ပေမယ့် Ubuntu မှာကြတော့ Optimus ကတော်တော်လေးတိုင်ပတ်တယ်။ ဒါပေမယ့် ဖြေရှင်းလို့ရတဲ့ နည်းလမ်းရှိပါတယ်။ Bumblebee project ပါ ကျွန်တော့်စက် Nvidia Optimus မှာကတော့ bumblebee နဲ့တင်အဆင်မပြေပါဘူး။ Primus ပါသွင်းမှအဆင်ပြေပါတယ်။ ကိုနိုင်ရဲမင်းတော့ facebook group ကရေးပြီးသားဖြစ်မလိမ့်မယ် ကျွန်တော်ကအဆင်ပြေအောင် ဒီမှာထပ်ပြီး post အနေနဲ့တင်ပေးတာပါ။
bumblebee ကိုသွင်းဖို့အတွက် Terminal မှာ
sudo add-apt-repository ppa:bumblebee/stable
sudo add-apt-repository ppa:ubuntu-x-swat/x-updates
ပြီးရင်ထုံးစံအတိုင်း
sudo apt-get update ပေါ့ apt-fast သွင်းထားတဲ့သူတွေအတွက်တော့ apt-fast update ဆိုပိုမြန်ပါလိမ့်မယ်။ ပြီးရင်
sudo apt-get install bumblebee bumblebee-nvidia linux-headers-generic
အားလုံးပြီးသွားရင် Nvidia Optimus တကယ်အလုပ်လုပ်လားသိချင်ရင် Terminal မှာ
optirun gedit ကိုခေါ်ကြည့်ပါ။ gedit text editor တတ်လာရင်အလုပ်လုပ်ပါတယ်။
အထက်ပါအတိုင်းအဆင်မပြေသူများအတွက်
Primus ကို install ထပ်လုပ်ဖို့လိုပါလိမ့်မယ်။ အပေါ်ကအတိုင်းပဲ Terminal မှာ repository ထည့် update လုပ်ပြီးသွင်းပါ။ အောက်မှာ command ပါ
sudo add-apt-repository ppa:zhurikhin/primus
sudo apt-get update
sudo apt-get install primus
ပြီးရင်ထုံးစံအတိုင်း Terminal မှာ primusrun gedit ကိုခေါ်ကြည့်ပါ။
ကျွန်တော့်စက်မှာတော့ အားလုံးအဆင်ပြေပါတယ်။
Related posts
The Call for Participation is now open for Ubuntu 22.04 Release Party
To celebrate the new release of the popular free and open source GNU/Linux distribution Ubuntu 22.04, we are going to hold a release party. The event will take place on the 1st of…
1 min read
Meet ya Linux Foolish Guys
We had facing a lot of problem. Internet access, Electronic power, Mental and Physical issues …. all about is because of Military Coup. Sometimes feeling guilty, we are selfish ?…
1 min read
Ubuntu 21.10 Install Demo
Ubuntu 21.10 Is released. https://releases.ubuntu.com/21.10/ https://youtu.be/pQBL0dDYWxI Estimate: 10 Min Play Speed: x4
1 min read



