Skip to content
Guide

Myanmar Net – WPA/WPA2 EAP-TTLS Error

Ko Ko Ye

Founder

1 min read

Ubuntu သုံးတဲ့သူတွေအတွက် အဓိကကတော့ အင်တာနက်ဆိုရင် ပိုမှန်နေမှာပါ။
ဒီတော့ Wifi ချိတ်မရဘူးဆိုရင် ဘယ်လောက် ဒုက္ခရောက်မလဲ တွေးသာကြည့်ပေါ့။

Myanmar Net လိုင်းက နေရာတော်တော်များများမှာရလို့ တချို့ ဝမ်းသာ အဆင်ပြေကြပေမယ့် တချို့ Ubuntu Debian စက်တွေမှာ ချိတ်မရတဲ့ပြသနာ Login ဝင်မရတဲ့ ပြသနာတွေ တက်ကြပါတယ်။ WIFI EAP-TTLS မှာ Certificate မပါတဲ့ လိုင်းတွေ သုံးတဲ့အခါ Default က Certificate ပါမှ လက်ခံတော့ Login ဝင်မရဖြစ်တတ်ပါတယ်။

၁) အဟောင်းရှိနေလို့ အသစ်အနေနဲ့ ထပ်မချိတ်တာ အတွက်ကတော့ 

/etc/NetworkManager/system-connections အောက်က Myanmar Net ဆိုတဲ့ ဖိုင်ကို ဖျက်လိုက်ပါ။ သူ့ SSID က ရှေ့မှာ Whitespace ပါနေလို့ Myanmar ဆိုပြီး ရိုက်ရှာရင် မတွေ့ပါဘူး။ ls နဲ့ဖြစ်ဖြစ် grep နဲ့ဖြစ်ဖြစ် ရှာလိုက်ပါ။

၂) ချိတ်လို့ရတယ် Login ဝင်လို့ မရဘူးဆိုတဲ့ သူတွေအတွက်ကတော့

Myanmar Net ဆိုတဲ့ ဖိုင်ကို ဖွင့်ပြီး system-ca-certs=true ဆိုတဲ့ လိုင်းကိုရှာပါ system-ca-certs=false လို့ပြောင်းပေးပါ။

တကယ်လို့ system-ca-certs=true ကို ရှာမတွေ့ခဲ့ရင် [802-1x] ဆိုတဲ့ section ထဲမှာ အောက်ဆုံးက သွားပြီး system-ca-certs=false လို့ ရေးပြီး သိမ်းလိုက်ပါ။

System ဖိုင်တွေ ဖြစ်တဲ့အတွက် sudo နဲ့ သုံးရပါလိမ့်မယ်။

sudo nautilus /etc/NetworkManager/system-connections

ဒီကနေ gedit ပဲ သုံးမယ်ဆိုလဲ ရပါတယ်။

libvirt error in GNS3 @Linux

virbr0 is missing. You need to install libvirt ကျွန်တော်တို့တွေ Linux OS တွေမှာ GNS3 ကို install လုပ်ရင် တက်တတ်တဲ့ Error ထဲက တစ်ခုဖြစ်တဲ့ virbr0 is missing. You need to install…

Khant Phyo

1 min read

What is Software Define Networking – Part1 (Install OpenDayLight on Ubuntu)

ဒီနေ့ တွေးမိတာလေးရှိတယ်ဗျာ့ ခုဆို ကိုဗစ်နဲ့..မို့ အိမ်မှာနေရင်းနဲ့ Challenge လေးတွေလုပ်နေတာကို မြင်တော့ .. အိမ်မှာနေရင် ကမ္ဘာကြီးကို ကယ်တင်နေတဲ့ ညီ/ညီမတွေ skillတိုးဖို့ WFH…

Khant Phyo

5 min read

Cisco Tips & Trick – Part 1 ( Enabling linux shell command on cisco devices )

ဒီနေ့ ပြောပြချင်တဲ့ အကြောင်းအရာလေးကတော့ Cisco Device တွေမှာ Linux shell script တွေကို ဘယ်လိုဖန်တီးမလဲ Linux command တွေကို ဘယ်လို enable လုပ်ရမလဲ ဆိုတာကို ရှင်းပြပေးမှာပဲ…

Khant Phyo

3 min read