Myanmar fonts in Ubuntu
Thohi
Contributor
3 min read
( ထပ်မံဖြည်စွက်ခငျ်တာကတော့ Ubuntu 13.04 version မွာ သုံးဖို့ အဆင်ပြေပါတယ်။ 13.10 မွာ ပုံစံပြောင်းသွားတဲ့အတွက် နောင် post မွာ ထပ်ရှင်းထားပါမယ်။)
Ubuntu စသုံးတဲ့သူတွေ အမေးများတဲ့ မြန်မာ ဖောင့်နဲ့ပတ်သက်တာကို ရေးပါ့မယ်။ ကျွန်တော်တို့ အညွှန်းများတာကတော့ IBus keyboard input method နဲ့ တွဲသုံးတဲ့ နည်း ၊ xkb နည်း ဆိုပြီး ၂မျိုး ပေးသုံးဖြစ်တာများပါတယ်။ ကျွန်တော်ကတော့ IBus သုံးဖြစ်ပါတယ်။ IBus နဲ့ တှဲသုံးဖို့ mm-kb.deb ဖိုင်ကို download ဆွဲဖို့ လင့်ပေးပါ့မယ်။
http://www.mediafire.com/download/cplx3cxpwxyyrj1/mm-kb.deb
ဖိုင်ကူးပြီးရင်တော့ ကူးထားတဲ့နေရာသွားပြီး ဒီ command နဲ့ treminal ကနေ install လုပ်ပါ။
$sudo dpkg -i mm-kb.deb
သွင်းပြီးရင်တော့ keyboard က window key (သို့) super key ကိုနှိပ်ပြီး unity dash မှာ language suport လို့ရိုက်လိုက်ရင် app လေးထွက်လာပါလိမ့်မယ်။
အဲဒီပုံမှာ keyboard input method system မှာ IBus ကို ရွေးပေးလိုက်ပါ။ နောက်တခါစက်ပြန် restart လုပ်ရင် auto start လုပ်ပါလိမ့်မည်။ စက်ရဲ့ အပေါ်ဘက် menu bar လေးမှာ ကီးဘုတ်ပုံလေးပေါ်နေပါလိမ့်မည်။ အဲ့ဒီအပေါ်မှာ right click ထောက်လိုက်ပြီး Preferences ကို ထပ်နှိပ်လိုက်ပါ။ ပြီးရင် Input Method ဆိုတဲ့ menu လေးမှာ Customize active input method ကို အမှန်ခစျ်လိုက်ပါ။ ပြီးမှ အောက်က select နရောကနေမှ ဇော်ဂျီ ဧရာ ယူနီ ဆိုပြီး ကြိုက်တာရွေးထည့်နိုင်ပါပြီ။ ဒါက ကီးဘုတ် ရွေးခယျ်ပုံကိုပြောပြတာပါ။ ဖောင့်တွေကတော့ mm-kb.deb install လုပ်ကတည်းက တခါတည်း သွင်းပြီးသားဖြစ်နပေါပြီ။
ကီးဘုတ်ရွေးတဲ့နရောမှာ,
အဲ့ဒီနရောက general ဆိုတဲ့ tab မှာက kb shotcut ကြည့်နိုင်ပါတယ်။ advanced tab မှာတော့ keyboard layout နဲ့ global input method အမှန်ခစျ်သုံးနိုင်ပါပြီ။ ဒီတခါထပ်ပြောခငျ်တာကတော့ မြန်မာဖောင့် တွေရောသွင်းလိုက်တော့ ဇော်ဂျီက စက်ရဲ့ မြန်မာ ဖောင့်မြင်ရမှုမှာ ယူနီကုတ်ထက် အားသားသွားတော့ အားလုံးဇော်ဂျီဖောင့်ပဲ အမှန်မြင်ရပြီး ယူနီကုတ်ဆိုရင် စာတွေ လွဲပါပြီ။ အဲ့ဒါကို Ubuntu အရင် version တွေတုန်းကေတာ့ font switch ဆိုပြီး app လေးလုပ်ထားကြသေးတယ်။ နောက် version တွေအတွက်တော့ ထွက်လာတာမတွေ့ရတော့ပါဘူး။ ဒါကို ကိုယ်ဘာသာ ဖောင့်အမြင်ပြောင်းခငျ်ရင်တော့ ဖောင့်တွေရှိတဲ့နရောမှာ သွားပြင်ကြည့်တာပေါ့။ သွားကြည့်ရမယ့်နရောက system အတွက် ဖောင့်တွေရှိတဲ့နရောမှာပါ။
/usr/share/fonts/mm/
အဲ့နရောမှာ mm-kb.deb ကသွင်းလိုက်တဲ့ ဖောင့်အားလုံးဝင်နေပါတယ်။ အလွယ်နည်းလေးကေတာ့ စက်တခုလုံး ဇော်ဂျီမြင်နေရတာကနေ ယူနီပဲ မြင်ခငျ်ရင်တော့ ZawgyiOne2008.ttf ရဲ့ရှေ့မှာ dot အစက်လေးခံပေးလိုက်ပါ (.ZawgyiOne2008.ttf) ။ ဒါဆိုရင် ဇော်ဂျီ ဖောင့်က hidden ဖြစ်သွားပြီး စက်တခုလုံး ယူနီပဲ အမှန်မြင်ရပါမယ်။ ဇော်ဂျီအမှန်ပြန်မြင်ခငျ်ရင်တော့ dot အစက်ကို ပြန်ဖျောက်လိုက်ရုံပါ။ Ubuntu မှာ hidden file တွေမြင်ခငျ်ရင် ctrl+h ကိုကီးဘုတ်ကရိုက်လိုက်ရုံပါ။ ပြန်ဖျောက်ခငျ်လည်း ctrl+h ကပါပဲ။ နောက်တခုမှာခငျ်တာကတော့ ဖောင့်တွေကို တနရောရာက ကူပြီး double click နဲ့ သွင်းခဲ့တယ်ဆိုရင်တော့ အဲ့ဖောင့်တွေက သွင်းတဲ့ user ရဲ့ home အောက်မှာ ဝင်သွားပါတယ်။ ဒီမှာသွားကြည့်နိုင်ပါတယ်။ဥပမာ။ ။
/home/thohi/.local/share/fonts/
အပေါ်မှာ ဇော်ဂျီကနေ ယူနီ အမြင်ပြောင်းသလို ဒီမှာလည်း လုပ်ဆောင်ရပါမယ်။ ဖောင့်တွေကို system ထဲက နေရာမှာပဲ ထားပြီးသုံးလို့ရပါတယ်။ တချို့ကတော့ home folder အောက်မှာပဲ font folder တွေထပ်ဆောက်ပြီး ရေးထားတဲ့ app တွေရှိနိုင်ပါတယ်။ ကျွန်တော်ကတော့ အရွင်းဆုံးပုံစံကို လုပ်ပြသွားတာပါ။ ယူနီကုတ်သုံးပြီး ဇော်ဂျီ စာတွေကို ဖတ်ဖို့ကတော့ firefox မှာဆိုရင် add-on မှာ Myanmar converter လို့ရိုက်လိုက်ရင်တွေ့ပါလိမ့်မယ်။ web ပေါ်မှာ ဇော်ဂျီ ရော ယူနီ ပါ ဖတ်လို့ရပါပြီ။ ဖောင့်လေးတွေပြောင်းကြည့်ဖို့ Ubuntu မှာတော့ ဘာ app မှ မလိုပါဘူး။ terminal ကနေ command လေး run ရုံပါပဲ။ အရမ်းလွယ်ပါတယ်။ ကျွန်တော်ပြထားတဲ့ နေရာတွေကိုသွားပြီး terminal မှာ ဒီလို
$mv ZawgyiOne2008.ttf .ZawgyiOne2008.ttf
နာမည်လေးပြောင်းလိုက်ရုံနဲ့ ယူနီကုတ်ဖောင့် ကို မြင်ရပါပြီ။ ဇော်ဂျီပြန်ပြောင်းခငျ်လည်း ပြောင်းပြန် ပြန်လုပ်ရုံပါပဲ။ နောက်တခုမှာခငျ်တာတော့ Libre office မှာ mm3 ထက် Padauk က ပိုအဆင်ပြေပါတယ်။ WPS ဆိုတဲ့ office ကိုတော့ မြန်မာစာ rendering မွန်ဖို့ တရုတ်အဖွဲ့ ကျွန်တော် ပူးပေါင်းပြီးကြိုးစားနပေါတယ်။ သူကတော MS office နဲ့ အလွန်တူပြီး တကိုယ်ရေသုံးအခမဲ့ရရှိနိုင်ပါတယ်။
အားလုံး မြန်မာစာ အသုံးပြုရတာ အဆင်ပြေပါစေ။
Tho Hi
Related posts
3 min read
Ubuntu weekly September Security 14
Ubuntu security team ရဲ့ လုပ်ဆောင်ပုံလေးတွေကို မရင်းနှီးတဲ့ သူတွေအတွက် အပတ်စဉ် ဘာလုပ်ကြလဲဆိုတာ သိစေခငျ်လို့ပါ။ address link တွေကို စကားပြောနဲ့ ပြောသွားတော့ အဆင်မပြတော…
1 min read
Ubuntu Kernel Team Summary September
1 min read
