Linux File Permission : Part 1
Negative
Contributor
1 min read
Linux မှာ Permission ၃ သုံး နဲ့User Group ၃ မျိုးရှိပါတယ် ။ ( FIle တွေအတွက်ကော Directory တွေအတွက်ပါ အကျုံးဝင်ပါတယ် )
Types of Permission
- Read
- Write
- Execute
Read ကတော့ ဖတ်လို့ရမယ် ။ Write ကတော့ ပြင်ဆင်ခွင့်ပါရမယ် ။ Directory လိုဟာမျိုးဆိုရင်တော့ File အသစ်လုပ်ခွင့်ရှိမယ်ပေါ့ ။ Execute အနေနဲ့ပြောရရင်တော့ FIle ကို Execute လုပ်လို့ရမယ်ဆိုတဲ့ သဘောပါ ။ Directory ဆိုရင်တော့ Access လုပ်ခွင့်ရှိမယ်ပေါ့ ။
Types of User Group
- User
- Group
- Others
User ကတော့ FIle Owner ကို ဆိုလိုတာပါ ။ Group ကတော့ သတ်မှတ်ထားတဲ့ Group ပေါ့ ။ Others ကတော့ တခြား သူတွေပေါ့ ။
How to View file Permission
မခက်ပါဘူး Directory ပဲဖြစ်ဖြစ် FIle ပဲဖြစ်ဖြစ် Properties ထဲက Permission ထဲကိုသွားကြည့်နိုင်ပါတယ် ။
တကယ်လို့ Command Mode က ကြည့်မယ်ဆိုလည်းရပါတယ် ls -l ကိုသုံးနိုင်ပါတယ် ။
တကယ်လို့ Command Mode က ကြည့်မယ်ဆိုလည်းရပါတယ် ls -l ကိုသုံးနိုင်ပါတယ် ။
negative@ghostarea: /home/writers$ ls -l total 18 drwxr-xr-x 3 nana writers 80 2005-09-20 21:37 dir -rw-r----- 1 nana writers 8187 2005-09-19 13:35 file -rwxr-xr-x 1 nana writers 10348 2005-07-17 20:31 otherfile
ဒီထဲမှာ dir ဆိုတာ Directory တွေကို ဆိုလိုတာဖြစ်ပြီး file နဲ့otherfile ဆိုတာကတောပုံမှန် File တွေကိုပဲဆိုလိုတာပါ ။ ရှေ့ဆုံးက d တို့ဘာတို့ကတော့ အောက်ပါအတိုင်းသက်ရောက်ပါတယ် ။
d = directory - = regular file l = symbolic link
ဒါတွေကို အသေးစိတ်ထပ်ရှင်းမယ်ဆိုရင် d ဆိုတာ Directory ပါ သိပ်မဆန်းပါဘူး regular file ကတော့ ပုံမှန် regular file ပါပဲ ။ symbolic link ကို sym link လို့ လူသိများပါတယ် symlink ဆိုတာကတော့ တခြား File ကို ညွှန်ပေးတဲ့ File တစ်ခုဖြစ်ပါတယ် ။ Directory တစ်ခုမှရှိတဲ့ FIle တစ်ခုကနေ တခြား Directory မှာရှိတဲ့ File ကိုညွှန်းပါတယ် Shortcut သဘောမျိုးပါ 😀 ရှင်းမှရှည်သွားတယ် ။
အဲဒ့ီနောက်ကဟာတွေကတော့
r = read permission**
w** = write permission
x = execute permission
– = no permission
ဒါကတော့ ထက်ရှင်းစရာမလိုတော့ပါဘူး ။ ဒါဆို အပေါ်က ဟာကိုကြည့်ရအာင်
drwxr-xr-x 3 nana writers 80 2005-09-20 21:37 dir
ဆိုပါစို့ ဒါဆို dir ဆိုတဲ့အတွက် directory , FIle ပိုင်ရှင်က nana , Group က writers rwxr- ဆိုတာကတော့ read နိုင်မယ် Write နိုင်မယ် Execute နိုင်မယ်ပေါ့ ။
ဆက်ရန်..
Related posts
Linux File Permission : Part 2
h2 Set Permission 1.symbolic Mode chmod ဆိုတဲ့ Command ကို သုံးပြီး Permission ပေးနိုင်ပါတယ် ။ Permission ပေးတဲ့နေရာမှာ user ဆိုရင် u , Group ဆိုရင် g , Other ဆိုရင် o ,…
1 min read


