iWork ( Pages ) ,Office Software for Mac
Negative
Contributor
1 min read
Ghost Area Magazine ထုတ်မယ်ဆိုတော့ ဘာနဲ့ထုတ်ရမှန်းမသိဖြစ်လာတယ် ။ Adobe In Design ကိုလည်း မသုံးတတ် . MS Office ကိုလည်းမသုံးချင် . ဒါနဲ့ တိုင်ပတ်နေတုန်း ဦးမောင်လှက Pages စမ်းသုံးကြည့်လေလို့ ပြောလို့ စမ်းသုံးကြည့်မိတဲ့ App ပါ ။

ကျွန်တော့်အမြင်အရ ပြောရရင် Pages ဟာ Publishing အဖြစ်သုံးရင် ပိုအဆင်ပြေတယ်လို့မြင်ပါတယ် ။ Ebook လုပ်တဲ့အခါ Magazine လုပ်တဲ့အခါ ပိုအဆင်ပြေမယ်လို့ ထင်ပါတယ် ။ အဲ့ဒီလိုမဟုတ်ပဲ Office ရုံးသုံး ဆိုရင်တော့ MS Office က ပိုအဆင်ပြေပါလိမ့်မယ် ။
အသင့်သုံး Layout တွေနဲ့ Style တွေ Theme တွေက အတော်ကို အဆင်ပြေပါတယ် ။

ပြီးတော့ Layout ချဖို့ အလွန် ကောင်းမွန်ပြီး လွယ်ကူတဲ့ Tools တွေပါဝင်တာပါပဲ ။ ဒီတော့ Blank Document ကနေလည်း အလွန် လှပတဲ့ Layout တွေချနိုင်ပါတယ် ။

နောက်တစ်ခုက Export လုပ်တဲ့အခါမှာလည်း pdf အပြင် Epuf ပါ Export လုပ်လို့၇ပါသေးတယ်

ပြောရရင် Ebook လုပ်မယ်ဆိုရင် MS Office ထက်ပိုပြီး ကောင်းတယ် ။ Adobe In Design လောက် မခက်ပဲ သာမန် End User တွေ လွယ်လွယ်ကူကူသုံးနိုင်မယ် ။ အလွန်ကြိုက်တဲ့ Mac App ထဲမှာ တစ်ခုဖြစ်ပါတယ် ။
Related posts
Coda 2,My favorite web development tool for mac
သူများတွေ ဘာသုံးနေလဲတော့မသိဘူး ကိုယ်တွေတော့ Coda နဲ့ အတော်အလုပ်ဖြစ်နေတယ် ။ မဆိုးဘူး တော်တော်လေးမိုက်တယ် ။ သွားဝယ်ရင်လည်း 75 $ ပဲ ဆိုတော့ Dreamwaver တို့ ဘာတို့နဲ့ယှဉ်ရင်…
1 min read
