Skip to content
Guide

Gnome dash fix

Wai Yan Win Htain

Contributor

1 min read

Ubuntu Gnome Desktop မှာ application launcher တွေကို categories ခွဲပြီးသိမ်းပေးမဲ့ script

Ubuntu Gnome Desktop မှာ application menu ဖွင့်ရင် applications တွေက alphabetical လိုက် စီထားတာကိုတွေ့ရမှာပါ။
app နည်းနည်းပဲရှိရင်မသိသာပေမဲ့ app တွေများလာတဲ့အခါ ကိုယ်သုံးချင်တဲ့ app ကိုလိုက်ရှာနေရတာနဲ့တင် တော်တော်ကြာနိုင်ပါတယ်။ အဲ့တော့ app တွေကို သူတို့ရဲ့ functions ပေါ်မူတည်ပြီး categories လေးတွေခွဲထားရင် ရှာရတာပိုအဆင်ပြေပါတယ်။

ဥပမာအားဖြင့် web-browsers တွေ၊ mail client တွေ နဲ့ torrent downloader တွေကို Internet ဆိုတဲ့ categories အောက်၊ Librea Office တို့၊ thunderbird တို့ကို Office ဆိုတဲ့ categories အောက် စသည်ဖြင့် အသီးသီးခွဲပေးထားရင် ရှာရပိုလွယ်ပါတယ်။

Gnome Shell မှာ default app menu အနေနဲ့ frequent နဲ့ all ဆိုပြီး အပိုင်းနှစ်ပိုင်းပါပါတယ်။
frequentကတော့ အသုံးများတဲ့ app တွေကိုပြပေးထားတာဖြစ်ပြီး all ကတော့ ကိုယ့်စက်ထဲမှာသွင်းထားတဲ့
app အကုန်လုံးကိုပြပေးထားတာပါ။အခုပြောပြမဲ့ Gnoem-dash-fix ဆိုတဲ့ script ကတော့ app menu ထဲက
ရှုပ်ပွနေတဲ့ app တွေကို သက်ဆိုင်ရာ categories အသီးသီးခွဲပေးမှာပါ။
ဒီ script ကို Ben Gordfrey က ရေးထားတာဖြစ်ပါတယ်။
Script ကို download ဆွဲမယ်ဆိုရင် မိမိစက်ထဲမှာ “git” program ကိုအရင် install လုပ်ထားရမှာပါ။

sudo apt-get install git

git သွင်းပြီးပြီဆိုရင်တော့

git clone https://github.com/BenJetson/gnome-dash-fix.git

လို့ရိုက်ပြီး gnome-dash-fix ကို download ဆွဲလိုက်ပါ။
Download လုပ်ပြီးသွားရင်

cd gnome-dash-fix
./appfixer.sh

ဆိုပြီး run ပေးရမှာပါ။


Run ပြီးပြီဆိုရင်တော့ screenshot ထဲကအတိုင်း Categories ခွဲပြီးသား app menu ကိုရပါပြီ။

Taggedfixgnomeubuntu

Meet ya Linux Foolish Guys

We had facing a lot of problem. Internet access, Electronic power, Mental and Physical issues …. all about is because of Military Coup. Sometimes feeling guilty, we are selfish ?…

Ko Ko Ye

1 min read

Ubuntu 21.10 Install Demo

Ubuntu 21.10 Is released. https://releases.ubuntu.com/21.10/ https://youtu.be/pQBL0dDYWxI Estimate: 10 Min Play Speed: x4

Ko Ko Ye

1 min read