Skip to content
Application & Softwares

Folding@Home Project – CoronaVirus

Ko Ko Ye

Founder

3 min read

Corona Virus အကြောင်း မပြောခင်မှာ သူနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ အရင် ပြောရအောင်..
ပထမဆုံး Protein ပေါ့ ..
ပရိုတင်း တွေက ကျွန်တော်တို့ နေ့စဉ် လုပ်ငန်းဆောင်တာတွေ (ဥပမာ – အရသာ ခံစားတာ ၊ ကြွက်သား တွေ အလုပ်လုပ်တာ၊ အစာခြေတာ၊ ဆံပင် တွေ သန်စွမ်းစေတာ) စတဲ့ အလုပ်တွေ လုပ်ဆောင် နိုင်ဖို့ အရေးကြီးတဲ့ နေရာ က ပါဝင်တယ် .
Virusတွေမှာလဲ သူတို့ရဲ့ ကိုယ်ပိုင် ပရိုတင်း ထုတ်လုပ်ပြီးတော့ ကျွန်တော်တို့ ခန္ဓာကိုယ် မှာ မျိုးပွါးရင်း ကိုယ်ခံအားကို လျော့ကျအောင် လုပ်ပါတယ် ..

Corona Virus မှာလဲ အလားတူ ဖြစ်တဲ့ အတွက် သူ့ကို ကာကွယ် တိုက်ဖျက် နိုင်ဖို့ ဆိုရင် ဒီ အဓိကကျတဲ့ ပရိုတင်းရဲ့ အက်တမ် (atom) တွေ ဘယ်လို အလုပ်လုပ်လဲ အရင်ဆုံး နားလည် ပြီးမှသာ သူ့ကို ကုသဖို့ ဆေးကို ထီထွင် နိုင်မှာ ဖြစ်ပါတယ် ..

ပရိုတင်း အက်တမ် (atom) တွေမှာ ရွေ့လျားပုံစံတွေ အမျိုးမျိုး ရှိပါတယ် ..လေ့လာစမ်းသပ်မှု တွေ အရဆို ပရိုတင်း တစ်ခုရဲ့ ယေဘုယျ ကျတဲ့ ခေါက်ရိုးပုံစံ တစ်ခုကိုပဲ ဖမ်းယူနိုင်ပါသေးတယ် .. ဆိုလိုတာက လူတစ်ယောက်မှာ လှုပ်ရှားမှု တစ်ခုခု (ဥပမာ-လမ်းလျှောက်နေတဲ့ ချိန်) မှာ ဓာတ်ပုံရိုက်ယူလိုက်သလိုပါပဲ .. ဒီလူရဲ့ အနေအထားကို ယေဘုယျ သိနိုင်ပေမယ့် ဘယ်ချိန်မှာ ဘယ်လို ပြောင်းသွားမလဲ ခန့်မှန်းရခက်တာမျိုးပါ ..

အဲဒီလို ဓာတ်ခွဲ ဖော်ထုတ် မမြင်နိုင်သေးတဲ့ Virus’s Protein အနေအထား တစ်ခုမှာ ကာကွယ်ကုသဆေးကို တွေ့နိုင်တယ် လို့ ယူဆရပါတယ် ..
ဟော်ကီ ကစားနည်းက ဘောလုံး တစ်လုံးနဲ့ နှိုင်းယှဉ်ပြရမယ် ဆိုရင် ကစားသမား အကုန်လုံးက snap ရိုက်ဖို့ စောင့်နေရသလိုပါပဲ ..

ရွေ့လျားနေတဲ့ Protein ပုံစံ အမျိုးမျိုး ထဲမှာမှ ဘယ်ပုံစံ အနေအထားတစ်ခု ရောက်တဲ့ အချိန်မှာ ကျွန်တော်တို့ ဆေးက ဒီ virus ကို ဖျက်ဆီးနိုင်မလဲ ဆိုတာကို ရှာရမှာပါ ..
ဒီအနေအထားကို English လိုဆို drug binding site (ဆေးကို လက်ခံနိုင်မယ့်နေရာ) ပေါ့ ..

ကျွန်တော်တို့လို ကွန်ပျူတာ ပညာရှင်တွေ /ကျွမ်းကျင်သူတွေ အနေနဲ့
ဒီအခြေအနေမှာ ကူညီပေးနိုင်တာက protein တွေ ဘယ်လို ရွေ့လျားလဲ ဆိုတာကို Simulations တွေနဲ့ စမ်းသပ်ပေးဖို့ပါပဲ ..
Protein တွေ လှုပ်ရှားမှု လို့ ဆိုရာမှာလဲ protein ထဲမှာ ပါတဲ့ အက်တမ်မြူမှုန် လေးတွေ တစ်ခုနဲ့ တစ်ခု ဘယ်လို ချိတ်ဆက်နေလဲ ဆိုတာကလဲ အရေးကြီးပါတယ် ..

YouTube Poster

ဒီ video ကတော့ Protein တွေ ဘယ်လို လှုပ်ရှားဖို့ လုပ်လဲ ဆိုတာကို ပြနေတာပါ (နည်းနည်းတော့ အသည်းယားစရာပါပဲ ) ..ဒီ video ထဲမှာဆို အိတ်ကပ်လို ဖြစ်နေတဲ့ နေရာတစ်ခုကို တွေ့နိုင်ပါတယ် ..စမ်းသပ်ထားတဲ့ Protein ပုံစံမှာ ဖမ်းမမိတဲ့ အနေအထား တစ်ခုပါ ..

အဲဒါကြောင့် ကျွန်တော်တို့ အနေနဲ့ နည်းပညာကို အသုံးပြုပြီး ကုသနိုင်ဖို့ နည်းလမ်းရှာ
ကူညီပေးဖို့ပါပဲ ..
ကျွန်တော်တို့ ဒီနည်းလမ်းအတိုင်း အောင်အောင်မြင်မြင် လုပ်ခဲ့နိုင်တာကို
အနီးစပ်ဆုံး ပြန်ကြည့်မယ်ဆို Ebola Virus ပါ..အဲဒီတုန်းကလဲ အလားတူ ပဲ ကုသနိုင်တဲ့ ဆေး မပေါ်သေးတဲ့ Ebola Virus ကို Protein Movement Simulations တွေနဲ့ လေ့လာပြီး ဆေးကို လက်ခံနိုင်တဲ့ ebola protein ပုံစံကို ကျွန်တော်တို့ ရှာတွေ့ခဲ့ပါတယ်..အဲဒီကနေမှ တစ်ဆင့် တိကျတဲ့ တွက်ချက်မှု တွေ ပြန်ရှာပြီးတော့ Ebola Virus အတွက် ဆေးဝါး ကို ပြန်လည် ထုတ်လုပ်နိုင်တော့မှာပါ ..

ဓာတ်ခွဲ စမ်းသပ်မှု ကနေ တွေ့ရတဲ့ အဖြေ အရဆို Ebola Protein မှာ ဆေးကို လက်ခံနိုင်တဲ့ weak point မရှိဘူး ဆိုပြီး တွေ့ခဲ့ပါတယ် ..
ဒါပေမယ့် ကျွန်တော်တို့ရဲ့ Simulation Result တွေမှာတော့ Ebola Virus ကို ခြေဖျက်လို့ ရနိုင်မယ့် Protein ပုံစံ တစ်ခုကို ရှာတွေ့ခဲ့ပါတယ် ..
ပုံမှာ မြင်နေရတာကတော့ အဲဒီ protein ပုံစံမှာ ပါရှိတဲ့ ဖဲပြားကြိုး တစ်ခုလို ဖြစ်နေတဲ့ အမိုင်နို အက်စစ် (Amino Acids) ရဲ့ အလျားလိုက် ပုံစံ ကို မြင်တွေ့နေရတာပါ ..

ဒီလိုမျိုး ကျွန်တော်တို့တွေ အားလုံးအတူတူ Corona Virus ကို တိုက်ဖျက်ဖို့ လုပ်ဆောင်ချင်ပါတယ်ဗျ..

ဒီတော့ ကျွန်တော်တို့ ဘာတွေ လုပ်နိုင်မလဲ ?

1. Donate Computing Power
ကျွန်တော်တို့ ကွန်ပျူတာသမားတွေ အနေနဲ့ က Folding@Home ကို download ဆွဲပြီးတော့ simulations တွေ run ပေးလို့ ရပါတယ် ..
Calculation တွေက ကြီးပေမယ့်လို့ အုတ်တစ်ချပ် သဲတစ်ပွင့် အနေနဲ့ ပါဝင်ကူညီနိုင်တာ မျိုးပေါ့ ..
Covid-19 works တွေနဲ့ ပတ်သက်ပြီး ရတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး Simulations တွေကို ထပ်ပြီး update သွားမှာမို့လို့ တစ်ခါတစ်လေ downtime တွေလဲ ရှိနိုင်မှာကိုတော့ နားလည်ပေးကြပါဗျ..

2. တကယ်လို့ ကိုယ့်မှာ ကိုယ်ပိုင် ကွန်ပျူတာ မရှိဘူး ဒါပေမယ့် ပါဝင် လှူဒါန်းချင်တယ်ဆိုရင်လဲ Washington University ကို လှူလို့ရပါတယ်.. အဲဒီက ရတဲ့ အလှူငွေ တွေကိုတော့
2.1) ကျွန်တော်တို့ ရဲ့ ဒီ project အတွက် software, server-side hardware ပိုင်းကို တိုးချဲ့ပေးနိုင်အောင်
2.2) ဒီကနေ ရရှိလာတဲ့ data တွေနဲ့ ဓာတ်ခွဲစမ်းသပ်ဖို့ ပစ္စည်းတွေ ဝယ်ယူနိုင်အောင် ပြန်အသုံးချသွားမှာပါ ..

တကယ်လို့ Analysis လုပ်ထားပြီးပြီ ..result တစ်ခု ထွက်ထားတဲ့ simulation data တွေကို ပြန်တင်ပေးမယ်ဆိုရင်တော့
ဒီ link မှာ upload ပေးလို့ ရပါတယ် ..
အကုန် public data တွေပါ ..

https://osf.io/2h6p4/wiki/home/

https://osf.io/dp4cb/wiki/home/

မူရင်း စာမျက်နှာ
https://foldingathome.org/covid19/
ဘာသာပြန်
Monica K

လက်ရှိ မြန်မာနိုင်ငံကနေလဲ ဝင်ရောက် ကူညီလျှက်ရှိကြပြီး Ubuntu-MM ဆိုတဲ့ Group အောက်မှာ လူပေါင်း ၅၀ ကျော် စက်ပေါင်း ၁၀၀ ကျော် ပါဝင် ကူညီလျှက်ရှိပါတယ်။

Team ရဲ့ ID ကတော့ 250150 ဖြစ်ပြီး ကမ္ဘာပေါ်က အသင်းပေါင်း 243968 (၂သိန်းခွဲနီးပါး) မှာ အဆင့် 12642 ဖြစ်ပါတယ်။ (မကြာခင် ထောင်ဂဏန်းထဲ ဝင်သွားမယ် ထင်ရပါတယ်)။

အဖွဲ့ရဲ့ ထိပ်ဆုံးမှာ 3X VIVR ကစက်ကြီးနဲ့ ဦးဆောင်နေပါတယ်။
https://stats.foldingathome.org/team/250150

ကူညီပေးနေကြတဲ့ အဖွဲ့ဝင်တိုင်းကို ကျေးဇူးတင်ပါတယ်။ ကူညီပေးမယ်ဆိုရင်လဲ ခုပဲ စတင်လို့ရပါပြီ။
Start Here

Taggedcommunitycovid19DonorFAHFoldingathomeopensource

Meet ya Linux Foolish Guys

We had facing a lot of problem. Internet access, Electronic power, Mental and Physical issues …. all about is because of Military Coup. Sometimes feeling guilty, we are selfish ?…

Ko Ko Ye

1 min read

SuperPaper 2.0

Windows နဲ့ Linux အတွက် အဆင့်မြင့် Multi Monitor Wallpaper App တစ်ခုဖြစ်တဲ့ Superpaper 2.0 ပြီးခဲ့တဲ့နှစ်က Linux နဲ့ Windows အတွက် အဆင့်မြင့်တဲ့ multi monitor wallpaper tool…

Ko Ko Ye

2 min read