Skip to content
Knowledge

Debian 10 Buster Report (Personal Blog)

Ko Ko Ye

Founder

5 min read

Debian 10 (buster) ကို တနင်္ဂနွေနေ့ မနက်အစောပိုင်းမှာပဲ release လုပ်လိုက်ပါတယ်။ အခက်အခဲတွေကြားက သည်လိုမျိုး ဖြစ်လာအောင် အလုပ်  ကြိုးကြိုးစားစားလုပ်တဲ့ လူတွေအများကြီး ရှိနေတဲ့ အဖွဲ့အစည်းတစ်ခုမှာ ပါဝင်နေရတာဟာ အင်မတန်မှ အံ့အားသင့်စရာပါ။ Stable release တစ်ခုကို ဖန်တီးပေးပြီး အထောက်အပံ့ ပေးရတာဟာ အင်မတန် ရှည်ကြာပြီး ပျင်းရိဖွယ် အလုပ်တစ်ခုပါ၊ ဒါပေမယ့် stable release တစ်ခုက ဘယ်လို အကြီးစား သို့မဟုတ် ရေရှည် deployment မျိုးအတွက်မဆို မရှိမဖြစ် လိုအပ်ပါတယ်။ ယခု release ရဲ့ အစိတ်အပိုင်း အသေးလေးမှာ ပါဝင်ခဲ့ရတာတောင် ကိုယ့်ကိုကိုယ် ဂုဏ်ယူမိရ ပါတယ်ဗျာ။

Debian Live

ယခု release အတွက် ကျွန်တော် အဓိက အာရုံစိုက်ရတဲ့ အပိုင်းကတော့ Debian Live image တွေကို အခြေအနေကောင်းအောင် လုပ်ဖို့ပါပဲ။ ပြီးပြည့်စုံတယ် မဟုတ်သေးပေမယ့် ကျွန်တော်တို့ ခရီးနည်းနည်း ပေါက်ခဲ့တယ်လို့တော့ ကျွန်တော် ထင်တယ်။ Desktop Environment တွေကို Live Image တွေပေါ်မှာ အသင့်သုံးကြည့်ရတဲ့ အတွေ့အကြုံက ပိုလို့တောင် ကောင်းလာပြီး သာမာန် laptop/desktop အသုံးပြုသူတွေ Debian ကို သွင်းရတာ ပိုလို့ လွယ်ကူစေဖို့ Graphical Installer အသစ်တစ်ခုကိုလည်း ကျွန်တော်တို့ ထပ်ထည့်ထားပါသေးတယ်။ အဓိကရည်မှန်းထားတဲ့ release မှာ အရည်အသွေးပိုင်း အများကြီး တိုးမြှင့်ဖို့ ကျွန်တော် ရည်ရွယ်ထားပြီး သည်အတွက် စိတ်ကူးတွေလည်း အများကြီး ရှိနေပါတယ်၊ ဒါပေမယ့် သည်အကြောင်းတွေတော့ နောက်မှ ပြောပြပါ့မယ်။

Buster နဲ့ ပက်သက်ပြီး ကျွန်တော်လုပ်ခဲ့တဲ့ အခြားအရာများ

Gamemode

Gamemode ဆိုတာက ဂိမ်းတစ်ခု စဖွင့်လိုက်တဲ့ အချိန်မှာ အကောင်းဆုံးစွမ်းဆောင်ရည်ရအောင် သင့်ကွန်ပြူတာရဲ့ setting တွေကို ပြောင်းလဲပေးတဲ့ library နှင့် tool တစ်ခုပါ။ တချို့ဂိမ်းတွေက ဖွင့်လိုက်တာနဲ့ သူတို့ဘာသာ အလိုအလျောက် Gamemode ကို လှမ်းခေါ်မှာ ဖြစ်ပေမယ့် တချို့ဂိမ်းတွေကျတော့ သင်ကိုယ်တိုင် ခေါ်ပေးမှ ရမှာဖြစ်ပြီး သူတို့ရဲ့ Github စာမျက်နှာမှာ documentation သွားကြည့်နိုင်ပါတယ်။

Innocent de Marchi Packages

ကျွန်တော် အရင်က package တချို့ကို သူ့အတွက် စပွန်ဆာ လုပ်ပေးခဲ့ဖူးပြီး Debian contributor တစ်ယောက်လည်းဖြစ် သင်္ချာဆရာတစ်ယောက်လည်း ဖြစ်တဲ့ Innocent de Marchi တစ်ယောက် ဆုံးပါးသွားပြီလို့ သိရတဲ့အတွက် အင်မတန်မှ ဝမ်းနည်းမိပါတယ်။ သူ့ကို ကျွန်တော် အပြင်မှာ လူချင်း မသိပေမယ့် သူက သူ့ community ကို တကယ်ချစ်တဲ့ လူတစ်ယောက် ဖြစ်တယ် ဆိုတာကိုတော့ ကျွန်တော် သိထားပါတယ်။ သူ့ package တွေထဲကမှ ကျွန်တော် စိတ်ဝင်စားတဲ့ package အချို့ကို ဆက်လက် ထိန်းသိမ်းပေးနေပါတယ်။

  • calcoo – ဂဏန်းတွက်စက်မပါတဲ့ Desktop Environment တွေမှာ အသုံးဝင်လောက်တဲ့ အပေါ့စား အခြေခံ ရုပ်ပြ ဂဏန်းတွက်စက် app
  • connectagram – wikitionary ကနေ စကားလုံးတွေ ယူသုံးတဲ့ စကားလုံးစီ ဂိမ်း
  • fracplanet – fractal planet generator
  • fractalnow – မြန်ပြီး ပိုအဆင့်မြင့်တဲ့ fractal generator
  • gnubik – 3D Rubik’s cube ဂိမ်း
  • tanglet – Boggle အခြေခံ စကားလုံးရှာ တစ်ယောက် ဆော့ ဂိမ်း
  • tetzle – jigsaw puzzle ဂိမ်း (ယနေ့အတွက် Debian Package #၄၄)
  • xabacus – ရှေးခေတ်ပေသီးဂဏန်းတွက်စက် simulation

Powerline Goodies

  • tmux-themepack-jimeh – tmux အတွက် powerline theme pack
  • vim-airline – vim အတွက် powerline status/tabline
  • zsh-theme-powerlevel9k – zsh အတွက် powerline theme pack

vim-airline နဲ့ powerlevel9k အကြောင်းနဲ့ ပက်သက်ပြီး သူတို့ကို package လုပ်ပြီးပြီးချင်းပဲ blog post တစ်ခု ရေးထားတာ ရှိပါတယ်။ New powerline goodies in Debian

Debian Desktop

Laura Arjona ကတော့ သည်အလုပ်မှာ အဓိက ပင်တိုင် အများဆုံး လုပ်ခဲ့သူ ဖြစ်ပေမယ့် ကျွန်တော်လည်း Buster release အတွက် artwork တွေ ကူညီ စီစဉ်ပေးခဲ့ပါတယ်။ Desktop အခြေခံ package နဲ့ debian-installer မှာရှိတဲ့ artwork အချို့ကို ကျွန်တော် အသစ်ပြောင်းထားပါတယ်။ artwork packages တွေနဲ့ အလုပ်လုပ်ရင်း သူတို့နဲ့ ပက်သက်တဲ့ bug တွေ တွေ့လာရပေမယ့် Buster မှာတော့ ဒါတွေ ဖြေရှင်းဖို့ အချိန်မရခဲ့သေးပါဘူး။ အဓိက release မှာတော့ ဖြေရှင်းပြီး ဖြစ်ရမယ်လို့ ပန်းတိုင်တည်ထားရမှာပေါ့။ Buster artwork တွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုထားတဲ့ quicksand လို့ ခေါ်တဲ့ font ကိုလဲ ကျွန်တော် package လုပ်ထားပါတယ်။ (Debian package: fonts-quicksand) သည်လိုလုပ်ခြင်းအားဖြင့် စနစ်ထဲမှာရှိတဲ့ SVG version artwork တွေကို font မှန်မှန်ကန်ကန်နဲ့ ပြနိုင်မှာ ဖြစ်ပါတယ်။

Bundlewrap

Bundlewrap ဆိုတာကတော့ Python နဲ့ ရေးထားတဲ့ configuration စီမံခန့်ခွဲမှု စနစ် တစ်ခု ဖြစ်ပါတယ်။ သင် bcfg2 နဲ့ Ansible ကို အကျွမ်းတဝင် ရှိတယ်ဆိုရင်တော့ Bundlewrap ရဲ့ သဘောတရားနဲ့လဲ ရင်းနှီးနေမှာပါ။ ဟို စနစ် ၂ခု လောက် လုပ်ဆောင်ချက် ပြည့်ပြည့်စုံစုံ မပါပေမယ့် သုံးရလွယ် သင်ရလွယ်တာနဲ့တင် ပိုအဆင့်မြင့်တဲ့ လုပ်ဆောင်ချက်တွေ မပါတာကို ကာမိတဲ့ အပြင် ပိုတောင် ပိုသေးဗျား။ Package အချို့ install လုပ်ပြီး template တွေနဲ့ အခြေအနေအလိုက် config ဖိုင်တွေကို စီမံခန့်ခွဲချင်ရုံ ကိစ္စ အတော်အများမှာ ချက်ခြင်းကို အသုံးတည့် အသုံးဝင်တာဗျ။ သင် ထပ်အသုံးလိုမယ့် တခြားလုပ်ဆောင်ချက်တွေကိုတော့ Python module လေးတွေ ရေးပြီး တွဲသုံးရုံပဲ။

Catimg

catimg ဆိုတာက jpeg png ico နဲ့ gif ဖိုင်တွေကို ပုံစံပြောင်းပြီး terminal output မှာ ရိုက်ထုတ်ပေးတဲ့ tool တစ်ခုပဲ။ သည်ဟာလေးက ယနေ့အတွက် Debian Package #၂၆ လဲ ဖြစ်တယ်ဗျ။

Gnome Shell Extensions

  • gnome-shell-extension-dash-to-panel: dash-to-panel က ကျွန်တော့်အတွက် မရှိမဖြစ် shell extension တစ်ခုဖြစ်ပြီး Gnome 3 ကို Gnome 2.x နဲ့ တူအောင် classic mode က လုပ်ပေးနိုင်တာထက် သူက ပိုလုပ်ပေးနိုင်ပါတယ်။ အသုံးဝင်တာ မှန်သမျှ အကုန်ပါတဲ့ panel ကောင်းကောင်းလေး တစ်ခု screen ထိပ်ဆုံးမှာ ရနိုင်ဖို့ကတော့ သူက အလွယ်ကူဆုံး နည်းပါပဲ။

  • gnome-shell-extension-hide-veth: LXC၊ Docker သို့မဟုတ် အခြား အလားတူ တစ်ခုခု သင်သုံးတယ်ဆိုရင် Network Manager မှာ သင် မြင်မြင်နေရတဲ့ “veth” interfaces တွေကို အတိုင်းအတာတစ်ခုအထိ စိတ်အနှောင့်အယှက် ဖြစ်မိမှာပါပဲ။ သည် extension က အဲ့သည်ဟာတွေ အားလုံးကို GUI က ဖျောက်ထားပေးပါလိမ့်မယ်။

  • gnome-shell-extension-no-annoyance: Gnome မှာ default အနေနဲ့ configure လုပ်လို့ရသင့်တဲ့ ဘယ်အရာကို မဆို no annoyance က ဖြေရှင်းပေးနိုင်ပါတယ်။ အာရုံထွေပြားစေပြီး စိတ်အနှောင့်အယှက်ဖြစ်စရာ “Window is ready” ဆိုတဲ့ notification တွေ အားလုံးကို ရှင်းထုတ်ပေးပါတယ်။

  • Other
    * s-tui: stress အတွက် text-based UI (TUI) တစ်ခု။ (ယနေ့အတွက် Debian Package #၅၃)
    *  toot: “toot curses” ဖြင့် TUI reader interface တစ်ခုနဲ့ Mastodon microblogging ဝန်ဆောင်မှုအတွက် command-line interface တစ်ခု ဖန်တီးပေးတဲ့ text-based tool။ (ယနေ့အတွက် Debian Package #၄၁)

Buster မှာ ကျွန်တော် ထိန်းသိမ်းပေးနေတဲ့ Debian package အသစ်တွေနဲ့ ပက်သက်လို့ အကျဉ်းချုပ်ပါပဲ။ Debian ပရောဂျက်ခေါင်းဆောင်နေရာ ဝင်ရွေးခံခဲ့တာလိုမျိုး သည်အဆင့်မှာ ဖြစ်ခဲ့တဲ့ အရာတွေနဲ့ ပက်သက်ပြီး ကျွန်တော် ပြောပြချင်တာတွေ အများကြီး ရှိပါသေးတယ်။ နောက် DebConf နဲ့ ပက်သက်ပြီးတော့ရောပေါ့၊ ဒါပေမယ့် ကျွန်တော့်မှာ ပြောဖို့ အချိန်မလောက်တော့လို့ပါ။ နောက် ၁၂ နာရီလောက် နေရင် DebCamp/DebConf ကို သွားတော့မှာ ဖြစ်ပြီး ကျွန်တော် Debian မိတ်ဆွေတွေ လုပ်ဖော်ကိုင်ဖက်တွေ အများကြီး အဲ့သည့်မှာ တွေ့ရဖို့ မျှော်လင့်နေပါတယ်ဗျာ။ :-)

https://jonathancarter.org/2019/07/12/my-debian-10-buster-report/
ENG_MM translate by Nyi Nyi Nyan Lin

Meet ya Linux Foolish Guys

We had facing a lot of problem. Internet access, Electronic power, Mental and Physical issues …. all about is because of Military Coup. Sometimes feeling guilty, we are selfish ?…

Ko Ko Ye

1 min read

SuperPaper 2.0

Windows နဲ့ Linux အတွက် အဆင့်မြင့် Multi Monitor Wallpaper App တစ်ခုဖြစ်တဲ့ Superpaper 2.0 ပြီးခဲ့တဲ့နှစ်က Linux နဲ့ Windows အတွက် အဆင့်မြင့်တဲ့ multi monitor wallpaper tool…

Ko Ko Ye

2 min read