Ubuntu Experience ကို ပြောင်းလဲသွားစေမယ့် Utilities ၁၀ မျိုး
Saw Khaing
Contributor
3 min read
သင့်ရဲ့ Ubuntu Experience ကို ပြောင်းလဲ သွားစေမယ့် Utilities ၁၀ မျိုး ကို မိတ်ဆက် ပါရစေ။
Unity Tweak Tool
ပထမဦးဆုံး Unity Tweak Tool လေးနဲ့ မိတ်ဆက်ပေး ပရစေ။ Ubuntu နဲ့ Unity Desktop တွေကို system tweak လုပ်ဖို့ ကောင်းတဲ့ customize tool တစ်ခုပါ။
Tool မှာဆိုရင် switches, toggles နဲ့ control လုပ်လို့ရတဲ့ feature တွေနဲ့ ပြည့်နေပြီး Unity ရဲ့ အသွင် အပြင် ၊ လုပ်ဆောင်ချက်တွေကို ကိုယ်တိုင် စိတ်ကြိုက် ပြု ပြင် အသုံးပြုနိုင် မှာဖြစ်ပါတယ်။
Feature အချို့ကို မိတ်ဆက်ပေးရရင်တော့ GTK themes နဲ့icon set တွေကို လွယ်ကူစွာ ပြောင်းလဲ အသုံးပြု နိုင်ပြီး ၊ Hot corners ရဲ့ ဒေါင့်များ တွင် mouse hang over လုပ်ရင် မိမိ စိတ်ကြိုက် action တွေထည့်သွင်းလို့ရလာပါတယ်၊ work space များကို လဲ စိတ်ကြို က် add or remove လုပ်လို့ ရလာပါတယ်။
Tweak Tool လေးကို ထည့်သွင်း အသုံး ပြု မယ်ဆိုရင်တော့ software center မှာ အခ မဲ့ download လုပ်နိုင်သလို့ terminal မှလဲ
sudo apt-get install unity-tweak-tool
လို့လဲ ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ။
Unity Privacy Indicator
Privacy ကတော့ အားလုံး အလေးထားကြတဲ့ issue တစ်ခုပါ။ ဒီ indicator လေးသွင်းထားရင် အပေါ်ဆုံး menu ဘားရဲ့ ညာဘက် အစွန်းမှာ မျက်လုံး ပုံ quick icon လေး တစ်ခု တိုးလာမှာပါ။
မျက်လုံး ပုံ quick icon လေးကို desktop panel မှ အသုံး ပြုနိုင်တာတွေကတော့ –
#Toggle Online Search Results, Zeitgeist, HUD Logging & GeoIP
#Quick access to clean Zeitgeist, F2, Recent Files, etc.
#Options to show/hide desktop icons and name in the panel
Download Indicator Privacy (.deb)
Unity Folders
Unity Folders ကတော့ android ဖုန်းများလို ပါပဲ “games”, “office”, “social”, etc ဆို ပြီး folders ဖွဲ့ app များထည့်ပြီး unity launcher မှာတင်ထားတာပါ။ အားသာချက်ကတော့ launcher ပေါ်မှာ organise လုပ်ထားတာမို့ app များ ကို Unity Dash ဖွင့်စရာမလို ပဲaccess လုပ်ရတာမို့work flow ကို မြန်ဆန်စေပါတယ်။
Folder icons ကိုလဲ customize လုပ်နိုင်သလို auto generate လဲအသုံးပြုနိုင်ပါတယ်။ ရှိပြီးသား folder များကိုလဲ edit, rearrange, rename နဲ့ အခြား မိမိ စိတ်ကြို က် ပြန်လဲ ပြောင်းလဲ နိုင်ပါတယ်။
Caffeine
Coffee မှာ ပါတဲ့ caffeine က လူကို wakeup ဖြစ်စေသလို ပါပဲ၊ computer ကိုအမြဲ stay awake နဲ့ သုံးချင်တဲ့လူတွေအတွက် အသုံးဝင်မှာပါ။ online video ကြည့်တက်တဲ့ သူတွေ အတွက်လဲ အသုံး ဝင်ပါတယ်။
$ sudo add-apt-repository ppa:nilarimogard/webupd8 $ sudo apt-get update $ sudo apt-get install caffeine-plus
System Monitor Indicator
System ရဲ့ apps တွေ၊ processes နဲ့hardware status တွေကို စောင့်ကြည့် ရတာ နှစ်သက်ရင်တော့ ဒီ indicator လေးကို သဘောကျမှာပါ။ Conky config , terminal commands တွေလို့မရှုပ်ထွေးပဲ CPU usage, network traffic, GPU temperature တွေကို လွယ်ကူစွာကြည့်နိုင်မှာပါ။
System Monitor Indicator ကို တော့ software center မှာ System Load Indicator ဆိုပြီးဒေါင်းယူ အသုံးပြု နိုင်ပါတယ်။
Power Saving Tools for Linux Laptops
Linux distro တော်တော်များများက battery ပြသနာနဲ့ ကြုံ ရတက်ပါတယ်၊ Linux အသုံး ပြု သူူ များ ရဲ့ battery life များများသုံး ရဖို့အတွက် TLP ကအသုံး ဝင် တဲ့ background tool တစ်ခုပါ။ Battery သက်တမ်းရှည်ကြာဖို့အတွက် system processes, hardware, enabling Wi-Fi power saving mode, PCI bus တွေ ရဲ့ runtime power နဲ့processor ရဲ့ frequency scale တွေကို ချိန်းညှို့ပေးပါတယ်။
TLP ကို တော့ terminal ကနေပဲ
sudo apt-get install tlp
ဆို ပြီး install လုပ်နိုင်ပါတယ်။
Intel Graphics Installer
Intel Graphics hardware ရဲ့ performance ကိုမြှင့်ပြီး အသုံး ပြု ချင်သူတွေ အတွက် ဒီ tool လေးက အသုံး ဝင်မှာပါ။ PPA နဲ့ Terminal command တွေကို အသုံး ပြု စရာမလို ပဲ နောက်ဆုံး ထွက်တဲ့ intel GPU ကို tool ကရှာဖွေ ပေးသွားမှာပါ။
Download Intel Graphic Installer
Hardware Stats
PC ကို upgrade လုပ်မယ် ဒါမှမဟုတ် သုံးရတာ အဆင်မပြေ တော့တဲ့ အစိတ်အပိုင်းတွေ ဖြုတ်လဲတော့မယ်ဆိုရင် PC မှ သုံးထားတဲ့ hardware detail ကို သိဖို့လိုအပ်လာပါပြီး RAM အမျိုးအစားတွေ၊ CPU socket တွေ၊ PCI slot အလွတ်ရှိသေးလား အစရှိသဖြင့်ပေါ့။
System stats, motherboard model number, RAM stepping တွေကို I-Nex tool သုံးပြီး ကြည့်နိုင်ပါတယ်။
Disk Space Visualizer
1TB hard disk သုံးတဲ့ PC တွေ ကတော့ ခေါင်းကိုက်စရာ မလိုပေးမယ် Hard disk ဆိုဒ်နဲနဲ၊ SSD ၊ နဲ့ partitions များများ ခွဲသုံးတဲ့ PC တွေအတွက် အသုံးတည့်မှာပါ။ PC ရဲ့ hard disk ပေါ်မှာ ရှိတဲ့ data တွေကို အတိအကျပြပေးမှာဖြစ်ပါတယ်။ Ubuntu အသုံးပြုသူတွေအနေနဲ့ default ပါ ပါတယ်။
BleachBit (Cruft Cleaner)
Windows ဘက်က ပြောင်းလာတဲ့ user တွေသုံးဘူးတဲ့ CCleaner နဲ့တူပါတယ်။ BleachBit က junk files, empty folders, caches တွေကို ရှင်းပေးမှာပါ။ Powerfull tool တစ်ခုဖြစ်တဲ့ အတွက် clean လုပ်မယ် check mark ကို အကုန် အမှန် ပေးလိုက်တာထက် မလို အပ်သော junk များကို ပဲရှင်းတာကောင်းပါတယ်။ BlenchBit ကို software center မှ ရယူနိုင်ပါတယ်။
Related posts
libvirt error in GNS3 @Linux
virbr0 is missing. You need to install libvirt ကျွန်တော်တို့တွေ Linux OS တွေမှာ GNS3 ကို install လုပ်ရင် တက်တတ်တဲ့ Error ထဲက တစ်ခုဖြစ်တဲ့ virbr0 is missing. You need to install…
1 min read
What is Software Define Networking – Part1 (Install OpenDayLight on Ubuntu)
ဒီနေ့ တွေးမိတာလေးရှိတယ်ဗျာ့ ခုဆို ကိုဗစ်နဲ့..မို့ အိမ်မှာနေရင်းနဲ့ Challenge လေးတွေလုပ်နေတာကို မြင်တော့ .. အိမ်မှာနေရင် ကမ္ဘာကြီးကို ကယ်တင်နေတဲ့ ညီ/ညီမတွေ skillတိုးဖို့ WFH…
5 min read
Cisco Tips & Trick – Part 1 ( Enabling linux shell command on cisco devices )
ဒီနေ့ ပြောပြချင်တဲ့ အကြောင်းအရာလေးကတော့ Cisco Device တွေမှာ Linux shell script တွေကို ဘယ်လိုဖန်တီးမလဲ Linux command တွေကို ဘယ်လို enable လုပ်ရမလဲ ဆိုတာကို ရှင်းပြပေးမှာပဲ…
3 min read











