Author: Ethan Kurt

Ubuntu Server Hardening Part – 2

ဒီ ၂၀၁၆ အတွင်းမှာပထမဦးဆုံးရေးဖြစ်တဲ့ Basic Server Hardening ကိုဖတ်ပြီးကြပြီလို့မျှော်လင့်ပါတယ်။ ဒီတစ်ခုကတော့ပထမ Guide မှာပြုလုပ်ထားတဲ့နောက်ကွယ်ကအချက်တစ်ချို့ရယ်ကျန်နေသေးတဲ့ Basic Step တွေရယ်နဲ့ Ubuntu User တွေကိုအရမ်းရှင်းပြချင်နေတဲ့ User Account အကြောင်းပါ။ ဒါကိုဖတ်လိုက် လို့ Security မဟုတ်ပါဘူး၊ ဖတ်နေလဲအပိုပါလို့ထင်ရင်တော့သင့်နေဖြင့်ကျော်သွားနိုင်ပါတယ်။ ကျနော် User Account Setting အကြောင်းကိုရေးရတာကတော့ Security ဆိုတဲ့ Topic ကိုအကျယ်ချဲ့လိုက်ရင် User Account Security ကဦးဆုံးအနေနဲ့ပါရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ခင်ဗျားတို့တက်ခဲ့တဲ့သင်တန်း တွေကသင်တန်းဆရာတွေကဒီလိုအသေးစိတ်ရှင်းပြလိမ့်မယ်လို့လည်းမထင်တဲ့အတွက်ကြောင့်ဒီ Guide ကိုရေးပေးရခြင်းဖြစ်ပါတယ်။ အိုကေ။ အဲ့တာဆိုရင်စလိုက်ကြရအောင် … Server Hardening Part 1 ဟာလုံးဝ Basic ဖြစ်ပြီးထိုထဲမှာ Video ကြည့်ရုံနဲ့မသိနိုင်တဲ့အချက်တစ်ချို့ ရှိပါတယ်။ အဲ့တာကတော့ဆက်ပြီးရှင်းသွားပါမယ်။ […]

Ubuntu Server Hardening (Part-1)

Ubuntu ကိုသုံးနေတဲ့ User အသစ်တွေ (အသစ်တွေဆိုတာက Desktop Version ကိုသုံးနေတာကြာပြီ။ သို့ပေမယ့် Server ပေါ်ကိုအခုမှစတင်အသုံးပြုမယ့်လူတွေ) ကိုဒီနေ့တွေ့ တော့မေးခွန်းတစ်ခုမေးလိုက်မိတယ်။ အဲ့တာဘာလဲဆိုတော့ အခု Public IP နဲ့ Server တစ်ခုရပြီဆိုကြပါစို့။ ဘာအရင်ဆုံးစလုပ်မလဲဆိုတဲ့မေးခွန်းပါ။ အဖြေကအမျိုးစုံထွက်လာပါတယ်။ User အသစ်ဖန်တီးမယ်။ လိုအပ်တဲ့ Software တွေ installation လုပ်မယ်။ မသိဘူး။ စသဖြင့်ပေါ့။ ကို က Security သမားဆိုတော့သူတို့ကို Server ကို Access ရရခြင်းဘာလုပ်မလဲဆို တာကိုသိသလောက်၊ တတ်သလောက်လေး Share ပေးလိုက်တယ်။ အဲ့တာကိုနားထောင်ခဲ့တဲ့လူတွေတင်မဟုတ်ဘဲ လက်လှမ်းမှီသလောက်လူတွေသိရအောင်ပြန်ပြီးတော့ Sharingလုပ်ပေးလိုက်ပါတယ်။ ကျနော်တို့ Server ကိုစရပြီဆိုတာနဲ့အရင်ဆုံးလုပ်ရမှာကတော့ root password ကိုပြောင်းလိုက်ဖို့ပါပဲ။ ဘာကြောင့်လဲဆိုတော့ စစဝင်ခြင်း Ubuntu […]

Back To Top