Ubuntu 18.04 LTS မှာ default ပါဝင်လာမဲ့ To-Do App

download as a pdf file Download PDF

April လလယ်လောက်မှာထွက်ရှိမဲ့ Ubuntu 18.04 LTS ကို တင်လိုက်ပြီဆိုတာနဲ့ Default ပါဝင်လာတဲ့ အသစ်စက်စက် APP လေးတစ်ခုကိုမြင်ရမှာပါ။

ဒီ App လေးကိုတော့ GNOME To-Do လို့ခော်ပြီး GNOME Desktop ပေါ်မှာ မိမိရဲ့ Personal to-do list လေးတွေကို note လုပ်ထားပေးမှာပါ။

Feature တွေလည်းစုံပြီး ကိုယ့်ရဲ့ To-Do tasks တွေကိုလည်း အလွယ်တကူ organize လုပ်ဖို့အဆင်ပြေပါတယ်။

drag and drop ပုံစံမျိုးဆိုတော့ သုံးရတာတော့ အတော်အဆင်ပြေမယ်လို့ထင်ရပုံပါ။

ဒီ To-Do App ကို 18.04 ကနေစပြီးတော့ နောက်အသစ်ထွက်ရှိမဲ့ Ubuntu နဲ့ Gnome Desktop တွေမှာ Default အနေနဲ့တွေ့မြင်ရတော့မှာပါ။

ဥပမာအားဖြင့် သင်ရဲ့ task တွေကို priority ခွဲ့ပြီး list လုပ်နိုင်မယ်၊ ကိုယ်ကြိုက်တဲ့ color နဲ့ ခွဲပြီးမှတ်နိုင်မယ် …. စသည့်ဖြင့်ပော့။

နောက်ထပ် task တွေကိုမှ subtasks တွေထပ်ခွဲတာ၊ tasks တွေရဲ့ due date တွေကိုလွယ်ကူစွာနဲ့သတ်မှတ်နိုင်မှာပာ။

Install GNOME To-Do on Ubuntu

Ubuntu 18.04 daily build အသုံးပြုနေတဲ့သူဆိုရင်တော့ stable မဖြစ်သေးတဲ့အတွက် ကြားထဲက update တစ်ခုခုမှာပါလာပါလိမ့်မယ်။

Ubuntu 17.10 နဲ့ စမ်းသုံးချင်တဲ့သူတွေ၊ မစောင့်ချင်တော့ဘူး! သုံးကြည့်ချင်တယ်ဆိုတဲ့ user တွေအတွက်ကတော့ Ubuntu Software ကနေ install လုပ်လို့ရပာတယ်။

Install GNOME To-Do from Ubuntu Software