Year: 2020

SuperPaper 2.0

Windows နဲ့ Linux အတွက် အဆင့်မြင့် Multi-Monitor Wallpaper App တစ်ခုဖြစ်တဲ့ Superpaper 2.0 ပြီးခဲ့တဲ့နှစ်က Linux နဲ့ Windows အတွက် အဆင့်မြင့်တဲ့ multi-monitor wallpaper tool တစ်ခုဖြစ်တဲ့ Superpaper အကြောင်းကို သုံးရတာတော်တော်လေးအဆင်ပြေတဲ့အတွက် ဒီ app စစထွက်ချင်းမှာပဲ ကျွန်တော်ရေးခဲ့သေးတယ်ဗျ။ အခုဆိုရင်တော့ ပိုပြီးတိုးတက်နေပြီဆိုပါတော့ဗျာ။ Superpaper က မကြာသေးခင်ကပဲ အကြီးစား update လုပ်လို့ရနေပြီဗျ။ ကျွန်တော် နောက်နေတာမဟုတ်ဘူးနော် တကယ်ကိုပဲ version 2.0 က ပထမ version ထက် ပိုပြီးတော့ multi-monitor background set-ups တွေကိုပါ စီမံခန့်ခွဲလို့ ရနေပါပြီ။ အသစ်ပြန်ပြုပြင်ထားတဲ့ UI အပြင် […]

FOSS Compliance

Open Source ကိုသုံးတဲ့ ကုမ္ပဏီတွေက Compliance Program ကိုအဘယ်ကြောင့်လိုအပ်တာလဲ? Open Source Software ကိုကုမ္ပဏီတွေရဲ့အသုံးပြုမှုဟာ အခုအခါမှာစံပြအနေနဲ့ရပ်တည်နေပြီး 2015 ခုနှစ်ရဲ့ Future of Open Source Survey အရ ကုမ္ပဏီတွေရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကသူတို့ထုတ်ကုန်တွေကို Open Source Software နဲ့ build လုပ်ထားတယ်ဆိုတာကိုသိရပါတယ်။ ဒါပေမယ့် ဒီ Survey တစ်ခုထဲမှာပဲ FOSS ကို အသုံးပြုတဲ့ ကုမ္ပဏီအများစုဟာ သူတို့ software က open source ရဲ့licenses နဲ့ regulations တွေကို လိုက်နာနေပါတယ်ဆိုတာ သေချာအောင် စစ်ဆေးဖို့အတွက် သူတို့ product တွေမှာ သတ်မှတ်ထားတဲ့ လုပ်ထုံး လုပ်နည်း […]

libvirt error in GNS3 @Linux

virbr0 is missing. You need to install libvirt ကျွန်တော်တို့တွေ Linux OS တွေမှာ GNS3 ကို install လုပ်ရင် တက်တတ်တဲ့ Error ထဲက တစ်ခုဖြစ်တဲ့ virbr0 is missing. You need to install libvirt ကို ဘယ်လို Fix လုပ်ရမလဲ ဆိုတာ ပြောပြပေးမှာပဲ ဖြစ်ပါတယ်..     Default network တစ်ခု ပြန်ပြီး config လုပ်ပေးလိုက်ချင်းအားဖြင့် issue ကို ဖြေရှင်းလို့ရပါတယ်။ Default config ဖိုင်လေးတစ်ခု အရင်ဖန်တီးလိုက်ပါ..ကျွန်တော်ကတော့ /tmp အောက်မှာပဲ Create လုပ်လိုက်ပါတယ်။     Default.xml […]

What is Software Define Networking – Part1 (Install OpenDayLight on Ubuntu)

ဒီနေ့ တွေးမိတာလေးရှိတယ်ဗျာ့ ခုဆို ကိုဗစ်နဲ့..မို့  အိမ်မှာနေရင်းနဲ့ Challenge လေးတွေလုပ်နေတာကို မြင်တော့ ..  အိမ်မှာနေရင် ကမ္ဘာကြီးကို ကယ်တင်နေတဲ့ ညီ/ညီမတွေ skillတိုးဖို့ WFH လုပ်နေရတော့ အရင်ကထက် အချိန် နည်းနည်းပိုမယ်လို့ ယူဆပြီး ကိုယ်တွေ နည်းပညာပိုင်းအတွက် လဲ Challenge လေးတစ်ခုလုပ်ချင်ပါတယ်ဗျာ။   အဲ့ချဲလန့်လေးကတော့ Technical (eg, arduion, raspberry pi, Network, Linux,etc,..)ပိုင်းနဲ့ ပါတ်သက်တဲ့ Document/Guide လေးတွေ ရေးပေးပြီး .. နောက်ထပ် လူ ၄ ယောက်ကို Tag တွဲပြီး ရေးဖို့ challenge လုပ်ဖို့ပါပဲ .. အိမ်နေရင် နားနေမယ့် ကလေးတွေလဲ  Skill တက်တာပေါ့ဗျာ.. Challenge လုပ်ရင်း […]

Install Myanmar(Unicode) Keyboard and font on Raspberry Pi

ဒီနေ့ပြောမယ့် အကြောင်းအရာကတော့ Raspberry Pi ပေါ်မှာ Myanmar လို ရိုက်လို့ရအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အကြောင်းအရာလေးပဲ ဖြစ်ပါတယ်။ ကျွန်တော် Test လုပ်မယ့် device ကတော့ Rpi 3 mobel B+ ပဲ ဖြစ်ပါတယ်။ OS ကတော့ raspbian ပဲဖြစ်ပါတယ်။  ပထမဆုံး https://mcf.org.mm/pyidaungsu-font.html ကနေပြီးတော့ Pyidaungsu font ကို ဒေါင်းလုတ် လုပ်ပါ။ အဲ့နောက် home directory အောက်မှာ .font ဆိုတဲ့ directory တစ်ခု တည်ဆောက်လိုက်ပါ။ ပြီးရင် ဒေါင်းထားတဲ့ Pyidaungsu Font ဖိုင် *.ttf လေးကို copy ကူးပြီးထည့်လိုက်ပါတယ်။  ထည့်ထားပြီးနောက် Run ပေးရမယ့် […]

Cisco Tips & Trick – Part 1 ( Enabling linux shell command on cisco devices )

ဒီနေ့ ပြောပြချင်တဲ့ အကြောင်းအရာလေးကတော့ Cisco Device တွေမှာ Linux shell script တွေကို ဘယ်လိုဖန်တီးမလဲ Linux command  တွေကို ဘယ်လို enable လုပ်ရမလဲ ဆိုတာကို ရှင်းပြပေးမှာပဲ ဖြစ်ပါတယ်ဗျာ့.. စိတ်ဝင်စားသွားဟုတ် စိတ်ဝင်စားရင် အောက်ကို ဆက်ဖတ်ကြည့်ပေးပါဗျာ… အချိန်နဲနဲလေး ပေးယုံနဲ့ တစ်ကယ်အကျိုးရှိမှာပါ .. ကဲ့စလိုက်ကျရအောင်ဗျာ..PDF download Link (Click here) https://www.cisco.com/c/en/us/td/docs/ios/netmgmt/configuration/guide/Convert/IOS_Shell/nm_ios_shell.html#wp1065465 ***Cisco IOS Release 15.1(4)M, 15.1(2)S, and later releases.   *** အပေါ်ကလင့်လေးကတော့ cisco က official ထုတ်တားပေးတဲ့ reference document လေးပါ ပုံမှန် အတိုင်းဆိုရင် […]

Folding@Home Project – CoronaVirus

Corona Virus အကြောင်း မပြောခင်မှာ သူနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ အရင် ပြောရအောင်..ပထမဆုံး Protein ပေါ့ .. ပရိုတင်း တွေက ကျွန်တော်တို့ နေ့စဉ် လုပ်ငန်းဆောင်တာတွေ (ဥပမာ – အရသာ ခံစားတာ ၊ ကြွက်သား တွေ အလုပ်လုပ်တာ၊ အစာခြေတာ၊ ဆံပင် တွေ သန်စွမ်းစေတာ) စတဲ့ အလုပ်တွေ လုပ်ဆောင် နိုင်ဖို့ အရေးကြီးတဲ့ နေရာ က ပါဝင်တယ် .Virusတွေမှာလဲ သူတို့ရဲ့ ကိုယ်ပိုင် ပရိုတင်း ထုတ်လုပ်ပြီးတော့ ကျွန်တော်တို့ ခန္ဓာကိုယ် မှာ မျိုးပွါးရင်း ကိုယ်ခံအားကို လျော့ကျအောင် လုပ်ပါတယ် .. Corona Virus မှာလဲ အလားတူ ဖြစ်တဲ့ […]

Back To Top